၂၀၂၂ မှာ BTS အဖွဲ့က စံချန်သစ်တင်နိုင်ခဲ့တဲ့ စံချိန် (၅) ခု

၂၀၂၂ ဟာ နှစ်စပဲရှိနေသေးပေမယ့် BTS အဖွဲ့ကတော့ စံချိန်သစ်တွေစတင်နေပါပြီ။ အံ့ဩသွားနိုင်ပေမယ့် BTS အဖွဲ့ဆိုတော့လည်း ဒါဟာအံ့ဩစရာမဟုတ်ပါဘူးလေ။

BTS ဟာတော့ အဖွဲ့ဝင်ယောက်ျားလေး (၇) ဦးနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘာကျော်အဖွဲ့တစ်ခုဖြစ်ပြီး သူတို့အနုပညာသက်တမ်းဟာ (၉) နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒီအောက်မှာတော့ BTS အဖွဲ့ဟာ ၂၀၂၂ နှစ်သစ်အတွင်း နှစ်ပတ်တာတောင် မရှိသေးတဲ့ကာလမှာ တင်နိုင်ခဲ့တဲ့ စံချိန်သစ် (၅) ခုကို ဖော်ပြပေးထားပါတယ်။

(၁) ကတော့ ဇန်နဝါရီလ (၆) ရက်နေ့မှာ BTS ရဲ့ဂျပန်ဘာသာစားနဲ့ နှောထားတဲ့အယ်လ်ဘမ်ဖြစ်တဲ့ ‘BTS, The Best’ ဟာ Oricon ဂျပန်အရောင်းစာရင်းမှာ 1 million ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ K-Pop idol အဖွဲ့ရဲ့ပထမဆုံး ဒီလောက်ရောင်းအားကောင်းတဲ့အယ်လ်ဘမ်ပါတယ်။ ဒီလောက်ရောင်းအားကို BoA က ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့ပြီးနောက် (၁၆) နှစ်အတွင်းမှာ ကိုရီးယားအဖွဲ့တစ်ဖွဲ့က ပြန်လည်ရရှိနိုင်ခဲ့ဖြင်းဖြစ်သလို ၂၀၀၄ ခုနှစ်မှာ Queen အဖွဲ့က ဂျပန်နိုင်ငံအတွင်း ဒီလောက်ရောင်းအားရရှိခဲ့တဲ့ (၁၇) နှစ်တာ သက်တမ်းကို အခုမှတဖန် ပြန်လည်ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

(၂) အနေနဲ့ ဇန်နဝါရီ (၅) ရက်နေ့မှာ BTS ရဲ့အင်္ဂလိပ်ဘာသာအပြည့်နဲ့သီဆိုထားတဲ့ ‘Dynamite’ သီချင်းဟာ Spotify Global Chart မှာ ရက်ပေါင်း (၅၀၀) အထိစာရင်းဝင်နိုင်ခဲ့တာပါ။ ဒါဟာ ကိုရီးယားနဲ့အာရှဒေသအတွက် ဒီလောက်ကြာမြင့်နိုင်တဲ့ ပထမဆုံးသီချင်းပါတယ်။

‘Dynamite’ ဟာ 1.1 million နားထောင်သူပေါင်းနဲ့ နံပါတ် (၇၁) နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ဆဲဖြစ်ပြီး ဒါဟာဆိုရင်ဒီစာရင်းထဲမှာ လူတွေအကြာဆုံးနားဆင်ကြတဲ့ ကိုရီးယားသီချင်းဖြစ်လာခဲ့ပါတယ်။

(၃) Spotify ရဲ့ ဇန်နဝါရီ (၈) ရက်နေ့ စာရင်းသစ်အရဆို BTS ဟာ Spotify မှာ လစဉ်နားဆင်သူပေါင်း 45 million အထိတောင် ပိုင်ဆိုင်ထားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အတွက် ကိုရီးယားအဆိုတော်အားလုံးနဲ့K-Pop idol အဖွဲ့အားလုံးမှာ Spotify လစဉ်နားဆင်သူ အများဆုံးရှိတဲ့ အဖွဲ့အဖြစ် ဆက်လက်တည်ရှိနေနိုင်ပါတယ်။

(၄) BTS အဖွဲ့ဝင် V ရဲ့ဇာတ်ဝင်တေးတစ်ခုဖြစ်တဲ့ ‘Christmas Tree’ ကို ‘Our Beloved Summer’ ဇာတ်ကားမှာထည့်သွင်းခဲ့ပါတယ်။ ဒီဇာတ်ဝင်တေးသီချင်းဟာ Billboard’s ‘Digital Song Sales’ စာရင်းရဲ့ နံပါတ် (၁) နေရာကို တိုက်ရိုက်စာရင်းဝင်ခဲ့ပြီး ဒါသာစာရင်းသမိုင်းတလျှောက်မှာ ကိုရီးယားတစ်ကိုယ်တော် သီဆိုမှုနဲ့ ပထမဆုံးနံပါတ် (၁) ရနိုင်တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။

အလားတူပဲ V ဟာ ဇာတ်ဝင်တေးသီချင်းနဲ့ ကိုရီးယားတစ်ကိုယ်တော် သီဆိုမှုကြောင့် ‘Hot 100’ စာရင်းထဲ ပထမဆုံးဝင်ရောက်နိုင်သူလည်း ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် Billboard’s ‘Artist 100’ မှာ နံပါတ် (၅၇) နေရာချိတ်နိုင်ခဲ့ပြီး ‘Emerging Artists’ စာရင်းမှာတော့ နံပါတ် (၁) နေရာကိုပါ ချိတ်နိုင်ခဲ့ပါသေးတယ်။

(၅) BTS အဖွဲ့ဝင် SUGA ဟာ Spotify မှာ လစဉ်နားထောင်သူ 11.1 million အထိရှိလာသူဖြစ်ပါတယ်။ သူဟာ Juice WRLD နဲ့တွဲဖက်သီဆိုထားတဲ့ ‘Girls Of My Dream’ သီချင်းကို မကြာသေးခင်က ထုတ်ဝေခဲ့ပြီး SUGA ဟာ ကိုရီးယားတစ်ကိုယ်တော်အနေနဲ့ လစဉ်နားထောင်သူပေါင်း အများဆုံးရရှိထားနိုင်သူဖြစ်ပြီး ကိုရီးယားနိုင်ငံအဆိုတော်များ အနေနဲ့တော့ နံပါတ် (၅) နေရာကို ရထားနိုင်သူဖြစ်ပါတယ်။

၂၀၂၂ နှစ်သစ်မှာလည်း စံချိန်သစ်တွေနဲ့ စတင်နိုင်ခဲ့တဲ့ BTS အဖွဲ့အတွက် ဝမ်းသာဂုဏ်ယူလိုက်ကြရအောင်ပါ။

Leave a Comment