မင်းသား Kim Woo Bin၊ Lee Som နဲ့ Kang Yoo Suk တို့ဟာ Sci-fi human drama တစ်ခုဖြစ်တဲ့ ‘Delivery Knight’ စီးရီးမှာ ပါဝင်သရုပ်ဆောင်ကြမယ်

မင်းသား Kim Woo Bin၊ Lee Som နဲ့ Kang Yoo Suk တို့ဟာ Neflix ပိုင် K-drama၊ Sci-fi human drama တစ်ခုဖြစ်တဲ့ ‘Delivery Knight’ စီးရီးမှာ ပါဝင်သရုပ်ဆောင်သွားကြမှာပါ။

ဆုရ အင်တာနက်ကာတွန်းတစ်ခုဖြစ်တဲ့‘Delivery Knight’ကာတွန်းအပေါ် အခြေပြုရိုက်ကူးထားတဲ့ဒီဇာတ်ကြောင်းကတော့လူသားမျိုးနွယ်ထုဟာအောက်စီဂျင်စက်အကူအညီမသုံးရင် အသက်မရှင်နိုင်တော့တဲ့ညစ်ညမ်းမှုအပြည့်နဲ့ အနာဂတ်ကြီးကိုသရုပ်ဖော်ထားပါတယ်။

လက်ရှိလူသားမျိုးနွယ်ရဲ့ ၁% လောက်ကသာအသက်ဆက်လက်ရှင်သန်နိုင်ကြပြီးဒီအနာဂတ်မှာဆိုရင်ပစ္စည်းပို့အလုပ်သမားတွေဟာ အရေးပါအရာရောက်လှပါတယ်။သူတို့ရဲ့နောက်ကျမှုဟာ သေရေး၊ ရှင်ရေးနဲ့ဆိုင်တဲ့ အရာဖြစ်ပါတယ်။

ဒီဇာတ်ကြောင်းမှာ Kim Woo ဟာ ‘5-8’ ဆိုတဲ့နာမည်ခံနာမည်ကျော်ပစ္စည်းပို့သမားအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြားထဲက သူပို့ရမယ့်အရာတွေကို အရောက်ပို့ပေးတတ်တဲ့သူပါ။Kim Woo Bim နဲ့အတူတွဲဖက်သရုပ်ဆောင်ရမှာက Kang Yoo Suk ဖြစ်ပြီး သူကတော့ Sa Wol ဆိုတဲ့လူငယ်ဇာတ်ကောင်ကိုသရုပ်ဆောင်သွားမှာပါ။

သူကလည်းမြို့တွင်း ကျန်ရစ်သူတွေအတွက် မျှော်လင့်ချက်ရောင်ချည်ဖြစ်လိုတာကြောင့် ပစ္စည်းပို့အလုပ်သမားဖြစ်ဖို့ ရည်မှန်းချက်ရှိသူဖြစ်ပါတယ်။မင်းသား Lee Som ကတော့ So Ryung အမည်ရှိတဲ့ စစ်ဘက်အရာရှိတစ်ဦးအဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပြီး သူကလည်း Sa Wol တို့မိသားစုနဲ့ ထူးခြားတဲ့ဆက်ဆံရေးမျိုး ရှိသူဖြစ်ပါတယ်။

၂၀၁၆ မှာလူကြိုက်များခဲ့တဲ့ ‘Master’ဇာတ်ကားရဲ့ဒါရိုက်တာ Jo Eui Suk က Netflix အတွက် ‘Delivery Knight’ စီးရီးကိုကိုင်တွယ်ရိုက်ကူးပေးသွားမှာပါ။

စာဖတ်သူကရော‘Delivery Knight’ရဲ့ဇာတ်ကြောင်းကို စိတ်ဝင်စားစရာကောင်းတယ်လို့ယူဆပါသလား။

Leave a Comment