သူမရတဲ့ အနုပညာကြေးလေးထဲကနေ (၇) ရက် သားသမီးများကို ရည်စူးပြီး အလှူငွေ များ လှူဒါန်းခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကိုငယ်စဉ်တည်းကလုပ်ကိုင်နေခဲ့တဲ့အဆို တော်တစ်ယောက်ပဲဖြစ်ပါတယ်။ခုချိန်အထိလည်းပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားဆဲပါ။

ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပြန်ဆိုတေးလေးတွေကိုလည်းပရိသတ်အကြိုက်တွေ့အောင်သီဆိုနိုင်ကာဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာဖြစ်ပါတယ်။အမြဲလိုလိုချိုသာတဲ့အပြုံးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ဖက်ရှင်လေးတွေကိုသာဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။

မေလကအလုပ်တွေကြိုးစားသလိုကောင်းမှုကုသိုလ်အလှူအတန်းတွေကိုလည်းအမြဲပြုလုပ်လေ့ရှိပါတယ်။အခုလည်း သူမရတဲ့အနုပညာကြေးလေးထဲကနေဒုက္ခမျိုးစုံနဲ့ ကွယ်လွန်ခဲ့ကြတဲ့ (၇) ရက်သားသမီးများကိုရည်စူးပြီးအလှူငွေ (၁၀)သိန်းကျပ်လှူဒါန်းဖြစ်ခဲ့ပုံကို ”အလုပ်တွေမရှိဝင်ငွေမရှိတာတစ်နှစ်ပြည့်တော့မယ်

အခု ၂၀၂၂ မှာတော့ လှူစရာရှိတာလှူဖို့၊ သုံးစရာရှိတာသုံးဖို့တချို့အလုပ်တွေစိစစ်ပြီးပြန်လက်ခံနေပါတယ်လက်ရှိဘဝကိုသိပ်ကျေနပ်အဆင်ပြေနေပြီး ပျော်ရွှင်နေလို့တော့ မဟုတ်ပါဘူးနော်)မေမြို့သားအဆင့်မြင့်ချည်ချောလုံချည်ပင်ရင်းကရတဲ့အနုပညာကြေးကို

တောင်ပုလရန်အောင်မြင်ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်မှာ ၂၀၂၁ ခုနှစ်အတွင်းဒုက္ခမျိုးစုံနဲ့ ကွယ်လွန်ခဲ့ကြတဲ့ (၇)ရက်သားသမီးများအတွက်ရည်စူးပီး (၁၀)သိန်းလှူဒါန်းခဲ့ပါတယ်”ရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone
Photo – Mayla Melody

အဆိုေတာ္ေမလသံစဥ္ကေတာ့ အႏုပညာေလာကမွာ နာမည္တစ္လုံးနဲ႕ ရပ္တည္ထားနိုင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို ငယ္စဥ္တည္းကလုပ္ကိုင္ေနခဲ့တဲ့ အဆို ေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ခုခ်ိန္အထိလည္းပရိသတ္ေတြရဲ႕အား ေပးမႈကိုအခိုင္အမာရရွိထားဆဲပါ ။

ကိုယ္ပိုင္သံစဥ္သီခ်င္းေကာင္းေလးေတြကိုဖန္တီးတတ္တဲ့အျပင္ ျပန္ဆိုေတးေလးေတြကိုလည္းပရိသတ္အႀကိဳက္ေတြ႕ေအာင္သီဆိုနိုင္ကာဂီတေလာကမွာအသက္ငယ္ငယ္ေလးနဲ႕ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။အၿမဲလိုလိုခ်ိဳသာတဲ့အၿပဳံးေလးေတြနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သူေလးျဖစ္ၿပီး ျမန္မာဆန္ဆန္ဖက္ရွင္ေလးေတြရိုးရွင္းတဲ့ဖက္ရွင္ေလးေတြကိုသာဝတ္ဆင္ေလ့ရွိသူေလးပဲ ျဖစ္ပါတယ္။

ေမလကအလုပ္ေတြႀကိဳးစားသလို ေကာင္းမႈကုသိုလ္အလႉအတန္းေတြကိုလည္းအၿမဲ ျပဳလုပ္ေလ့ရွိပါတယ္။အခုလည္းသူမရတဲ့အႏုပညာေၾကးေလးထဲကေနဒုကၡမ်ိဳးစုံနဲ႕ ကြယ္လြန္ခဲ့ၾကတဲ့(၇)ရက္ သားသမီးမ်ားကိုရည္စူးၿပီး အလႉေငြ(၁၀)သိန္းက်ပ္လႉဒါန္းျဖစ္ခဲ့ပုံကို”အလုပ္ေတြမရွိဝင္ေငြမရွိတာတစ္ႏွစ္ျပည့္ေတာ့မယ္

အခု ၂၀၂၂ မွာေတာ့ လႉစရာရွိတာလႉဖို႔၊ သုံးစရာရွိတာသုံးဖို႔တခ်ိဳ႕အလုပ္ေတြ စိစစ္ၿပီးျပန္လက္ခံေနပါတယ္လက္ရွိဘဝကိုသိပ္ေက်နပ္အဆင္ေျပေနၿပီး ေပ်ာ္႐ႊင္ေနလို႔ေတာ့မဟုတ္ပါဘူးေနာ္) ေမၿမိဳ႕သားအဆင့္ျမင့္ခ်ည္ေခ်ာလုံခ်ည္ပင္ရင္းကရတဲ့အႏုပညာေၾကးကို

ေတာင္ပုလရန္ေအာင္ ျမင္ကပ္ေက်ာ္သစၥာရွင္ ဆုေတာင္းျပည့္ေစတီေတာ္ မွာ၂၀၂၁ခုႏွစ္အတြင္း ဒုကၡမ်ိဳးစုံနဲ႕ ကြယ္ လြန္ခဲ့ၾကတဲ့ (၇)ရက္သားသမီးမ်ားအတြက္ရည္စူးပီး(၁၀)သိန္းလႉဒါန္းခဲ့ပါတယ္” ေရးသားေဖာ္ျပထားရာပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Credit – Cele Zone
Photo – Mayla Melody

Leave a Comment