ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ်ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ဇာဂနာ

ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ်ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီးပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ဇာဂနာ

တစ်ခေတ်တစ်ခါက နိုင်ငံရေးလောကကို ထိမိတဲ့ ပြက်လုံးတွေနဲ့ သရော်ပြီး အပြုသဘောင်ဆောင်ထောက်ပြခဲ့လို့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရခဲ့သူက ဟာသ သရုပ်ဆောင်ဇာဂနာပါ။

ဇာဂနာရဲ့ ပြက်လုံးတွေကတော့ ပရိတ်သတ်တွေကြားမှာရေပန်းစားကျော်ကြား ခဲ့ရုံသာမကဘဲ နိုင်ငံရေးပုဒ်မနဲ့ထောင် ကျသည်အထိအောင်မြင်ခဲ့တာတော့ ပရိတ်သတ်တွေသိပြီးသားဖြစ်မှာပါ။

အခုလက်ရှိမှာတော့ ဟာသရုပ်ဆောင်ဇာဂနာဟာ ဒါရိုက်တာ ဇာတ်ညွှန်းရေးဆာတစ်ယောက်အဖြစ်ပါ ပူးတွဲလုပ်ကိုင်နေသလို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။

လတ်တလော ကိုဗစ်ကာလမှာ အနုပညာသမားတွေ အထိနာကြတယ် ဆိုတဲ့ ကိစ္စနဲ့ပက်သက်ပြီးသရုပ်ဆောင် ဇာဂနာ က အခုလိုပြောပြလာပါတယ်။

” အထိနာတာကတော့ တစ်ကမ္ဘာလုံးပါပဲ။ အနုပညာသမားမှ မဟုတ်ပါဘူး။ လူတိုင်းအထိနာကြတာ။အဲ့ဒါကိုမှ အနု ပညာသမားတွေပဲ ပိုပြီး အထိနာတယ်လို့ ပြောရင် ဘယ်တရားမလဲ။ ဒါကတော့ ဘယ်တတ်နိုင်မလဲ။ စားတုန်းကလည်းစားခဲ့ပြီးပြီ။ ဒီလောက်ကတော့ ခံပေါ့။ အဲ့ဒါကိုမှ မခံနိုင်ဘူးဖြစ်နေရင်လည်း ဆက်မလုပ်ကြနဲ့ပေါ့။ ဒါပဲရှိတယ်။ ”

အနုပညာလှုပ်ရှားမှုတွေ ယာယီရပ်ဆိုင်းထားရတဲ့ ကိုဗစ်ကာလမှာ အနုပညာရှင်တွေဟာသူ့ထက်ငါအပြိုင်အဆိုင် ဈေး ရောင်းနေကြတဲ့ ကိစ္စတွေကလည်း တချို့သော ပရိတ်သတ်တွေကြားမှာတော့ ဝေဖန်မှုတွေရှိနေသလို ၊ အခြေခံလူတန်းစား ဈေးသည်စစ်စစ်တွေဆီက စားခွက်လုတယ် ဆိုပြီးတော့လည်း ပြစ်တင်ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပက်သက်ပြီးတော့လည်း သရုပ်ဆောင် ဇာဂနာက

” ဈေးရောင်းတာတော့ ရောင်းကြပါစေ။ ဒါမကောင်းတာလုပ်စားတာမှမဟုတ်တာ။ သူများပစ္စည်းခိုးတာလည်း မဟုတ်ဘူး။ သူများ နှမ တက်လုနေတာလည်း မဟုတ်ဘူး။ ရောင်းတာတော့ ရောင်းကြပါစေ။ သူတို့လည်း ဘယ်လောက်ရောင်းနိုင်မှာလဲ။ အလွန်ဆုံး ၃ လပေါ့။ ရောင်းသူဝယ်သူ အသံတူဆိုတဲ့ စကားအတိုင်း ဝယ်စားတဲ့သူတွေရှိနေလို့လည်း သူတို့လည်းရောင်းနေရတာပေါ့။ နောက်ပိုင်း ဝယ်စားတဲ့သူမရှိတော့ရင် သူတို့လည်းရပ်သွားပါလိမ့်မယ် ” ဆိုပြီး ပြောပြလာပါတယ်။

သရုပ်ဆောင် ဇာဂနာကတော့ အခုလက်ရှိမှာ stay home ကာလကို အိမ်မှာပဲ ဖြတ်သန်းနေပြီး ရုပ်ရှင် နဲ့ သဘင်လောက က အခက်အခဲဖြစ်နေတဲ့ ဟာသသရုပ်ဆောင်တွေနဲ့ လူရွှင်တော်တွေကို အလှူအတန်းပြုနိုင်ဖို့ ရင်းနှီးသူ မိတ်ဆွေတွေထံမှ အလှူလိုက်ခံနေတယ်လို့လည်းသိရပါတယ်။

Mg Kaung (Thadin Laynyin)

ကိုဗစ္ကာလမွာ အႏုပညာသမားေတြ အထိနာၾကတယ္ဆိုတဲ့ကိစၥနဲ႕ပက္သက္ၿပီးပြင့္ပြင့္လင္းလင္းေျပာလိုက္တဲ့ ဇာဂနာ

တစ္ေခတ္တစ္ခါက နိုင္ငံေရးေလာကကို ထိမိတဲ့ ျပက္လုံးေတြနဲ႕ သေရာ္ၿပီး အျပဳသေဘာင္ေဆာင္ေထာက္ျပခဲ့လို႔ ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုရခဲ့သူက ဟာသ သ႐ုပ္ေဆာင္ဇာဂနာပါ။

ဇာဂနာရဲ႕ ျပက္လုံးေတြကေတာ့ ပရိတ္သတ္ေတြၾကားမွာေရပန္းစားေက်ာ္ၾကား ခဲ့႐ုံသာမကဘဲ နိုင္ငံေရးပုဒ္မနဲ႕ေထာင္ က်သည္အထိေအာင္ျမင္ခဲ့တာေတာ့ ပရိတ္သတ္ေတြသိၿပီးသားျဖစ္မွာပါ။

အခုလက္ရွိမွာေတာ့ ဟာသ႐ုပ္ေဆာင္ဇာဂနာဟာ ဒါရိုက္တာ ဇာတ္ၫႊန္းေရးဆာတစ္ေယာက္အျဖစ္ပါ ပူးတြဲလုပ္ကိုင္ေနသလို ျမန္မာ့႐ုပ္ရွင္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း တစ္ဖက္တစ္လမ္းက ပါဝင္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

လတ္တေလာ ကိုဗစ္ကာလမွာ အႏုပညာသမားေတြ အထိနာၾကတယ္ ဆိုတဲ့ ကိစၥနဲ႕ပက္သက္ၿပီးသ႐ုပ္ေဆာင္ ဇာဂနာ က အခုလိုေျပာျပလာပါတယ္။

” အထိနာတာကေတာ့ တစ္ကမာၻလုံးပါပဲ။ အႏုပညာသမားမွ မဟုတ္ပါဘူး။ လူတိုင္းအထိနာၾကတာ။အဲ့ဒါကိုမွ အႏု ပညာသမားေတြပဲ ပိုၿပီး အထိနာတယ္လို႔ ေျပာရင္ ဘယ္တရားမလဲ။ ဒါကေတာ့ ဘယ္တတ္နိုင္မလဲ။ စားတုန္းကလည္းစားခဲ့ၿပီးၿပီ။ ဒီေလာက္ကေတာ့ ခံေပါ့။ အဲ့ဒါကိုမွ မခံနိုင္ဘူးျဖစ္ေနရင္လည္း ဆက္မလုပ္ၾကနဲ႕ေပါ့။ ဒါပဲရွိတယ္။ ”

အႏုပညာလႈပ္ရွားမႈေတြ ယာယီရပ္ဆိုင္းထားရတဲ့ ကိုဗစ္ကာလမွာ အႏုပညာရွင္ေတြဟာသူ႕ထက္ငါအၿပိဳင္အဆိုင္ ေဈး ေရာင္းေနၾကတဲ့ ကိစၥေတြကလည္း တခ်ိဳ႕ေသာ ပရိတ္သတ္ေတြၾကားမွာေတာ့ ေဝဖန္မႈေတြရွိေနသလို ၊ အေျခခံလူတန္းစား ေဈးသည္စစ္စစ္ေတြဆီက စားခြက္လုတယ္ ဆိုၿပီးေတာ့လည္း ျပစ္တင္ေျပာဆိုမႈေတြရွိေနတာျဖစ္ပါတယ္။ ဒီကိစၥေတြနဲ႕ပက္သက္ၿပီးေတာ့လည္း သ႐ုပ္ေဆာင္ ဇာဂနာက

” ေဈးေရာင္းတာေတာ့ ေရာင္းၾကပါေစ။ ဒါမေကာင္းတာလုပ္စားတာမွမဟုတ္တာ။ သူမ်ားပစၥည္းခိုးတာလည္း မဟုတ္ဘူး။ သူမ်ား ႏွမ တက္လုေနတာလည္း မဟုတ္ဘူး။ ေရာင္းတာေတာ့ ေရာင္းၾကပါေစ။ သူတို႔လည္း ဘယ္ေလာက္ေရာင္းနိုင္မွာလဲ။ အလြန္ဆုံး ၃ လေပါ့။ ေရာင္းသူဝယ္သူ အသံတူဆိုတဲ့ စကားအတိုင္း ဝယ္စားတဲ့သူေတြရွိေနလို႔လည္း သူတို႔လည္းေရာင္းေနရတာေပါ့။ ေနာက္ပိုင္း ဝယ္စားတဲ့သူမရွိေတာ့ရင္ သူတို႔လည္းရပ္သြားပါလိမ့္မယ္ ” ဆိုၿပီး ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ ဇာဂနာကေတာ့ အခုလက္ရွိမွာ stay home ကာလကို အိမ္မွာပဲ ျဖတ္သန္းေနၿပီး ႐ုပ္ရွင္ နဲ႕ သဘင္ေလာက က အခက္အခဲျဖစ္ေနတဲ့ ဟာသသ႐ုပ္ေဆာင္ေတြနဲ႕ လူ႐ႊင္ေတာ္ေတြကို အလႉအတန္းျပဳနိုင္ဖို႔ ရင္းႏွီးသူ မိတ္ေဆြေတြထံမွ အလႉလိုက္ခံေနတယ္လို႔လည္းသိရပါတယ္။

Mg Kaung (Thadin Laynyin)