သူမရဲ့ဂေဟာအတွက် ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်ကိုစိတ်မကောင်းစွာရင်ဖွင့်လာခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ လူထုအကျိုးပြုအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်နေပြီး ပရိသတ်တွေကတောင် “ပရဟိတ မင်းသမီး”လို ခေါ်ဆိုတာကိုတောင်ခံနေရတဲ့အနုပညာရှင်တစ်ယောက်ပါ။

အနုပညာရှင်လုပ်ဖော်ကိုင်ဖက်တွေထဲက ကျပ်တည်းတဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေပေးအပ်လေ့ရှိပါသေးတယ်။မြန်မာနိုင်ငံအနှံအပြားကဒေသတွေကိုကိုယ်တိုင်သွားရောက်ကာ လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးအပ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လူမမယ် မိဘမဲ့ ကလေးသူငယ်တွေကိုလည်း “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”ဆိုပြီး ဂေဟာလေး ဖွင့်လှစ်ကားသားသမီးအရင်းတွေသဖွယ်ကိုယ်တိုင်ပြုစုရှောက်ထားမှုတွေလည်းပေးအပ်ထားပါသေးတယ်။

ဒါအပြင်ခိုင်နှင်းဝေ ဟာ ခုနှစ်ရက်သားသမီးတွေအတွက် အလှူအတန်းလေးတွေကိုလဲဆက်တိုက် ပြုလုပ်နေတာလဲ ဖြစ်ပါတယ်။မင်းသမီး ခိုင်နှင်းဝေ ဟာစိတ်မကောင်းစရာအဖြစ်အပျက်လေးတစ်ခုကိုပရိသတ်တွေကို ရင်ဖွင့် ပြောပြလိုက်ပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေဟာ လွန်ခဲ့တဲ့ (၃)နှစ်ကသူမအသင်းရဲ့ကားအပါအဝင်အခြားသူပိုင်ကားများကိုလိမ်လည်သွားတဲ့လူကိုလာရောက်ဖြေရှင်းပြီးအမှုရင်ဆိုင်ဖိုကိုအခုလိုပဲသတိပေးရေးသားထားပါတယ်။

” ကားအသစ်လေး မရတဲ့ အပြင် ရှိတဲ့ ကားပါ အသိမ်းခံရတော့မဲ့ အဖြစ်လေးကို ဘဝအတွက် သင်ခန်းစာအဖြစ်မှတ်ယူပြီး ဝဠ်ကြွေးလိုသာ မှတ်ပါတော့မယ်။ကိုယ့်ချွေးနဲစာစစ်စစ်များနဲ့ စိုက်လျော်ဖြေရှင်းပြီးဝဋ်ကြွေးရှိရင် ဒီဘဝမှာပဲကျေရပါစေလ်ုသာ ဆုတောင်းမိပါတော့တယ်ရှင်..

လွန်ခဲ့တဲ့ (၃) နှစ်တုန်းက ကျမရဲ့ အသင်းကား အပါအဝင် အခြားကား(အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအား လိမ်လည်ပြီး AYA Bank မှာပေါင်နှံထားတဲ့အမှုများ နှင့်အခြားအမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀ နေ့ မှ စ၍) တရားစွဲဆိုထားပြီးသော်လည်း

(၂) နှစ်ပြည့်ခါနီး အထိ လာရောက်မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ကျမရဲ့ အတိတ်ကံအကြောင်းနှင့် ကျမရဲ့အယုံလွယ်ပေါ့ဆမှု တစ်ခုအတွက်( ကျမရဲ့ ချွေးနဲစာ စစ်စစ်များဖြင့် )ကြားကစိုက်ရှင်းဘိုအကြောင်းလေးဖြစ်လာရပါတယ်

ယနေ့ အချိန်ထိ သီးခံစောင့်ဆိုင်း နားလည်ပေးပါသော AYA Bank မှ တာဝန်ရှိ လူကြီးများ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်..တစုံ တယောက်ကိုလဲ ထွက်ပြေး တိမ်းရှောင်ခြင်း မပြုပဲ လာရောက်ဖြေရှင်းဘို အတွက်လဲ တိုက်တွန်းပါတယ်လာရောက်ဖြေရှင်းပါကတတ်နိုင်သလောက် ကူညီပေးဘ်ုလဲ အကြိမ်ကြိမ် ပြောဆိုထားပေမဲ့ လုံးဝမဆက်သွယ်လာသောကြောင့် ဒီစာလေးနဲ့ပဲ ထပ်မံ သတိပေးဖြစ်ပါတယ်

ကျမက နေပေမဲ့ အခြားခံရသူများက မနေပါဘူး..ဥပဒေကလဲ မနေပါဘူးအားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်။တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့ အထိစောင့်နေတာ အဖြေမဟုတ်ပါဘူး.။ကျမ အနေ နဲ့ကတော့ ဘာမှမတတ်နိုင်တော့ပဲ အချိန်တစ်ခုရောက်ပီဆိုတဲ့အကြောင်း စိတ်မကောင်းစွာပဲတစုံတယောက်ကိုအသိပေးပြောချင်ပါတော့တယ်ရှင်”လို ပရိသတ်တွေကို ရင်ဖွင့်ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ မင်းသမီး ခိုင်နှင်းဝေ ကတော့ ကားအသစ်လေးမရတဲ့အပြင် ကားပါအသိမ်းခံရတော့မယ့်အဖြစ်ကို ရောက်ရှိနေတယ်လို စိတ်မကောင်းစွာ သိရပါတယ်။ခုနှစ်ရက်သားသမီးတွေကို ကယ်တင်နေတဲ့ သူမရဲ့အခက်အခဲတွေအားလုံးအဆင်ပြေပါစေလို ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

Source Khine Hnin Wai

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့လက္႐ွိမွာ လူထုအက်ိဳးျပဳအလုပ္ေတြကို ကိုယ္တိုင္ကိုယ္က်လုပ္ကိုင္ေနၿပီး ပရိသတ္ေတြကေတာင္ “ပရဟိတ မင္းသမီး”လို ေခၚဆိုတာကိုေတာင္ခံေနရတဲ့ အႏုပညာ႐ွင္တစ္ေယာက္ပါ။

အႏုပညာ႐ွင္လုပ္ေဖာ္ကိုင္ဖက္ေတြထဲက က်ပ္တည္းတဲ့ သူေတြကိုလည္း လိုအပ္တဲ့ အကူအညီေတြေပးအပ္ေလ့႐ွိပါေသးတယ္။ျမန္မာႏိုင္ငံအႏွံအျပားက ေဒသေတြကို ကိုယ္တိုင္သြားေရာက္ကာ လိုအပ္တဲ့ အကူအညီေတြကိုလည္း ေပးအပ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

လူမမယ္ မိဘမဲ့ ကေလးသူငယ္ေတြကိုလည္း “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”ဆိုၿပီး ေဂဟာေလးဖြင့္လွစ္ကားသားသမီးအရင္းေတြသဖြယ္ကိုယ္တိုင္ျပဳစုေ႐ွာက္ထားမႈေတြလည္းေပးအပ္ထားပါေသးတယ္။

ဒါအျပင္ ခိုင္ႏွင္းေဝ ဟာ ခုႏွစ္ရက္သားသမီးေတြအတြက္ အလႉအတန္းေလးေတြကိုလဲ ဆက္တိုက္ ျပဳလုပ္ေနတာလဲ ျဖစ္ပါတယ္။မင္းသမီး ခိုင္ႏွင္းေဝ ဟာ စိတ္မေကာင္းစရာအျဖစ္အပ်က္ေလးတစ္ခုကို ပရိသတ္ေတြကို ရင္ဖြင့္ ေျပာျပလိုက္ပါတယ္။

ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝ ဟာ လြန္ခဲ့တဲ့ (၃) ႏွစ္က သူမအသင္းရဲ႕ကားအပါအဝင္အျခားသူပိုင္ကားမ်ားကို လိမ္လည္သြားတဲ့လူကို လာေရာက္ေျဖ႐ွင္းၿပီး အမႈရင္ဆိုင္ဖိုကို အခုလိုပဲသတိေပးေရးသားထားပါတယ္။

” ကားအသစ္ေလး မရတဲ့ အျပင္ ႐ွိတဲ့ ကားပါ အသိမ္းခံရေတာ့မဲ့ အျဖစ္ေလးကို ဘဝ အတြက္ သင္ခန္းစာအျဖစ္မွတ္ယူၿပီး ဝဠ္ေႂကြးလိုသာ မွတ္ပါေတာ့မယ္။ကိုယ့္ေခြၽးနဲစာ စစ္စစ္မ်ားနဲ႔ စိုက္ေလ်ာ္ေျဖ႐ွင္းၿပီး ဝဋ္ေႂကြး႐ွိရင္ ဒီဘဝ မွာပဲ ေက်ရပါေစလ္ုသာ ဆုေတာင္းမိပါေတာ့တယ္႐ွင္..

လြန္ခဲ့တဲ့ (၃) ႏွစ္တုန္းက က်မရဲ႕ အသင္းကား အပါအဝင္ အျခားကား (အင္းစိန္မွ အသိအန္တီႀကီးရဲ႕ ကား) မ်ားအားလိမ္လည္ၿပီး AYA Bank မွာ ေပါင္ႏွံထားတဲ့ အမႈမ်ား ႏွင့္ အျခား အမႈမ်ားအတြက္ လိမ္လည္သူအား (၇.၄.၂၀၂၀ ေန႔ မွ စ၍) တရားစြဲဆိုထားၿပီးေသာ္လည္း

(၂) ႏွစ္ျပည့္ခါနီး အထိ လာေရာက္မေျဖ႐ွင္းပဲ ထြက္ေျပးတိမ္းေ႐ွာင္ေနေသာေၾကာင့္ က်မရဲ႕ အတိတ္ကံ အေၾကာင္းႏွင့္ က်မရဲ႕ အယုံလြယ္ ေပါ့ဆမႈ တစ္ခု အတြက္ ( က်မရဲ႕ ေခြၽးနဲစာ စစ္စစ္မ်ားျဖင့္ ) ၾကားကစိုက္႐ွင္းဘို အေၾကာင္းေလး ျဖစ္လာရပါတယ္

ယေန႔ အခ်ိန္ထိ သီးခံေစာင့္ဆိုင္း နားလည္ေပးပါေသာ AYA Bank မွ တာဝန္႐ွိ လူႀကီးမ်ား အားလုံးကိုလဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင္တစုံ တေယာက္ကိုလဲ ထြက္ေျပး တိမ္းေ႐ွာင္ျခင္း မျပဳပဲ လာေရာက္ေျဖ႐ွင္းဘို အတြက္လဲ တိုက္တြန္းပါတယ္..လာေရာက္ေျဖ႐ွင္းပါကတတ္ႏိုင္သေလာက္ ကူညီေပးဘ္ုလဲ အႀကိမ္ႀကိမ္ ေျပာဆိုထားေပမဲ့ လုံးဝ မဆက္သြယ္လာေသာေၾကာင့္ဒီစာေလးနဲ႔ပဲ ထပ္မံ သတိေပးျဖစ္ပါတယ္

က်မက ေနေပမဲ့ အျခားခံရသူမ်ားက မေနပါဘူး..ဥပေဒကလဲ မေနပါဘူးအားလုံး အဆင္ေျပေအာင္ လာေရာက္႐ွင္းလင္းေစခ်င္ပါတယ္။တရား႐ုံးကဖမ္းဝရမ္းထုတ္တဲ့ အထိ ေစာင့္ေနတာ အေျဖမဟုတ္ပါဘူး.။က်မ အေန နဲ႔ကေတာ့ ဘာမွ မတတ္ႏိုင္ေတာ့ပဲ အခ်ိန္ တစ္ခု ေရာက္ပီဆိုတဲ့ အေၾကာင္း စိတ္မေကာင္းစြာပဲ တစုံ တေယာက္ကို အသိေပး ေျပာခ်င္ပါေတာ့တယ္႐ွင္”လို ပရိသတ္ေတြကို ရင္ဖြင့္ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ မင္းသမီး ခိုင္ႏွင္းေဝ ကေတာ့ ကားအသစ္ေလးမရတဲ့အျပင္ ကားပါအသိမ္းခံရေတာ့မယ့္အျဖစ္ကို ေရာက္႐ွိေနတယ္လို စိတ္မေကာင္းစြာ သိရပါတယ္။ ခုႏွစ္ရက္သားသမီးေတြကို ကယ္တင္ေနတဲ့ သူမရဲ႕အခက္အခဲေတြအားလုံး အဆင္ေျပပါေစလို ေကာမန္႔မွာ ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ပါအုန္းေနာ္။

Source Khine Hnin Wai

Leave a Comment