အလှုုရှင်တစ်ဦးရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွား(၁၀) ဦးအား Suprise လုပ်ပြီ တစ်ဦးလျင်ငါးသောင်းကျပ်စီပြန်လည်လှူဒါန်းပေးခဲ့တဲ့ မိုးစက်

ပရိတ်သတ်ကြီးရေမိုးစက်ကိုတော့အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။မိုးစက်ကအရာရာခက်ခဲနေတဲ့အချိန်ကာလတွေမှာအကြောင်းအမျိုးမျိုးကြောင့်စားဝတ်နေရေးအတွက်အဆင်မပြေဖြစ်နေတဲ့

မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါလုပ်ဆောင်ပေးနေတာမို့ပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မိုးစက်ကကိုယ်တိုင်လည်းရရှိတဲ့အနုပညာကြေးလေးတွေစုပေါင်းပြီးလှူဒါန်းသလိုအများစုပေါင်းအလှူတွေမှာလည်းလုပ်အားဒါနတွေကူညီလေ့ရှိပါတယ်။သူ့ရဲ့အလှူလေးတွေမှာအနယ်နယ်အရပ်ရပ်ကနေ စေတနာရှင်များရဲ့လှူဒါန်းမှုတွေနဲ့အတူလှူဒါန်းထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

သူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်းပရိသတ်တွေထပ်တူသာဓုခေါ်နိုင်အောင်အမြဲဖော်ပြလေ့ရှိပါတယ်။ယနေမှာတော့စင်္ကာပူမှာနေတဲ့မခိုင်ယဥ်မွန်ရဲ့မွေးနေ့အလှူအဖြစ်အဖိုးအဖွားမျာထံ ပြန်လည်လှူပေးခဲ့ပုံလေးကိုပြောပြလာပါတယ်နော်

“ဒီနေ့အတွက်အဖိုးအဖွား(၁၀)ဦး Suprise 🎊🎁😍၅သိန်းကျပ်😍သမာအာဇီဝကျကျလုပ်ကိုင်စားသောက်နေကြတဲ့အဖိုးအဖွားတိုကိုကူညီလှူဒါန်းချင်လိုပါတဲ့။တကယ်ပါကျွန်တော့်ရဲ့ ကူညီလှူဒါန်းမှူကိုကြည်နူးပီတိဖြစ်နေသူမိတ်ဆွေအပေါင်းအသင်းများရဲ့ပူးပေါင်းပါဝင်မှူကြောင့်အခုဆိုရင် နေ့စဥ် နေ့တိုင်းအချိန်တော်တော်များများကို အဖိုးအဖွားတို့အတွက်ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီနေ့မှာလဲစင်္ကါပူ နိုင်ငံမှာနေထိုင်နေတဲ့မခိုင်ယဥ်မွန်ကသူ့ရဲ့ မွေးနေ့အတွက်အဖိုးအဖွားတိုကိုပန်းတစ်စည်း ၅သောင်းနဲ့အဖိုးအဖွား ၁၀ ဦး၅သိန်းကျပ်ကိုကျွန်တော့်ကိုလှူဒါန်းပေးဖို ပြောခဲ့ပါတယ်။

လှိက်လှိက်လှဲလှဲဝမ်းသာစွာနဲ့ဒီနေ့တစ်နေ့လုံးဆရာဦးသျှန်ထွဏ်း၊ကျွန်တော့်ရဲ့ပါရမီဖြည့်ဖက်လေးတိုနဲ့အတူ၃ဦးသားကိုယ်စားလှူဒါန်းခွင့်ရလိုက်တာအရမ်းကို ပီတိဖြစ်မိပါတယ်။

ဆရာဦးသျှန်ထွဏ်းကလဲမွေးနေ့လက်ဆောင်သီချင်းလေးနဲ့သဒ္ဓါတရားထပ်သန်သူမခိုင်ယဥ်မွန်ကိုဂုဏ်ပြုတေးလေးရေးဖွဲပေးပါတယ်ဗျ။အဖိုးအဖွားများကိုလှူဒါန်းပေးတဲ့မခိုင်ယဥ်မွန်လဲမွေးနေ့မှ စ၍သက်ရှည်ကျန်းမာပါစေ ။

ကျွန်တော့်ရဲ့လှူဒါန်းမှူတိုင်းမှာပါဝင်အားဖြည့်ပေးကြသူများလဲကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏🙏”ဆိုပြီးရေသားမျှဝေထားတာလေးကိုထပ်ဆင့်တင်ပြပေးလိုက်ရပါတယ်နော်

Source Moe Sat










Source Moe Sat

Leave a Comment