၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပထိန်းသိမ်းနည်း
၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပထိန်းသိမ်းနည်း
အသက်အရွယ်အိုမင်းရင့်ရော်ခြင်းကို ဘယ်သူမှ ဆန့်ကျင်လို့မရပါဘူး။ ဒါပေမယ့် အချိန်မတန်ခင် အိုမင်းရင့်ရော်ခြင်းကိုတော့ အသားအရေထိန်းသိမ်းနည်း အစားအသောက်သတိထားစားခြင်းတွေနဲ့ တားဆီးနိုင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အရေးကြောင်းတွေကတော့ ပေါ်လာတာပါပဲ။ ဒီအရေးကြောင်းတွေကို (၇) ရက်အတွင်းသက်သာစေမယ့် ကိုးရီးယားနည်းလမ်းတစ်မျိုးကို ဝေမျှပေးလိုပါတယ်။ ပါဝင်ပစ္စည်းတွေက သဘာဝပစ္စည်းတွေမို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်နော် …။
ဒီနည်းလမ်းရဲ့ ကောင်းကျိုးတွေကတော့
ပြင်ဆင်ရ လွယ်ကူပါတယ်။ပါဝင်ပစ္စည်းတွေကအကုန်အကျ သက်သာပါတယ်။ခရင်ကအစိုဓာတ်ပေးပြီးအရေးကြောင်းတွေကိုဖယ်ရှားပေးပါတယ်အသားအရေ အမျိုးအစားတိုင်းအတွက် အသုံးပြုနိုင်ပါတယ်။
အသားအရေပြောင်းလဲလာတာကို ခရင်လိမ်းပြီး ၇ ရက်အတွင်း သတိထားမိ လာပါလိမ့်မယ်။ပါဝင်ပစ္စည်းတွေကတော့
ကြက်ဥအနှစ် တစ်လုံး၊သံလွင်ဆီ တစ်ဇွန်း၊အုန်းဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်း
“ပြင်ဆင်ပုံ”
ပါဝင်ပစ္စည်းအားလုံးကို အနှစ်ပုံစံရတဲ့အထိ မွှေပေးပါ။ ပြီးနောက်ခွက်တစ်ခွက်ထဲပြောင်းထည့်ပေးပါ။ရေခဲ သေတ္တာ ထဲတွင် ထားနိုင်ပါတယ်။
“အသုံးပြုပုံ”
မျက်နှာသစ်ပြီးနောက်ခရင်ကိုလိမ်းနိုင်ပါပြီ။ပြီးနောက်နှိပ်နယ်ပေးပါ။ဒီခရင်သုံးဖို့ အသင့်တော်ဆုံးအချိန်ကတော့အိပ်ရာမဝင်ခင်ပါ။တစ်ညလုံးအသားထဲစိမ့်ဝင်ပါစေ။မနက်နိုးတဲ့အချိန် နူးညံ့ချောမွေ့တဲ့အသားအရေကိုပိုင်ဆိုင်ပါလိမ့်မယ်။
၇ ရက်တိတိဆက်တိုက်လိမ်းပေးပါ။ ၇ ရက်သုံးပြီးနောက်မှာတော့တစ်ပတ်မှာ တစ်ကြိမ်သာအသုံးပြုပေးပါနော်။
May Thu Soe
AuntyMay
“ပြင်ဆင်ပုံ”
“အသုံးပြုပုံ”
May Thu Soe
AuntyMay