ဂီတအကြောင်းဂဃဏန မသိဘဲ ဆရာကြီးလုပ်နေတဲ့သူတွေကို အိမ့်ချစ်ပြောပြီ

တေးသံရှင် ချစ်ကောင်း ရဲ့ မျိုးဆက်တစ်ဦးဖြစ်သလို ကိုယ်တိုင်ကလည်း အနုပညာလောကမှာ ပုံစံသစ်တစ်မျိုးထိုးဖောက်ပြီး ဖခင်ခြေရာနင်းနိုင်ခဲ့တဲ့ တေးသံရှင်ကတော့ အိမ့်ချစ်ပါ။

အိမ့်ချစ်ကတော့ သူမရဲ့ အသံပါဝါအားကောင်းကောင်း နဲ့ သီချင်းသီဆိုနိုင်မှုအပြင် ဖျော်ဖြေပွဲတေမှာ စင်အောက်ကပရိတ်သတ်နဲ့ တသားတည်းဖြစ်အောင်ပွဲထိန်းနိုင်မှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကိုရရှိထားသူပါ။

သိပ်မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ FG Live Lounge ဖျော်ဖြေပွဲမှာလည်း ဖခင်ဖြစ်သူ ချစ်ကောင်း ၊ မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းတို့နဲ့အတူ ပူးတွဲဖျော်ဖြေမှုက အတော်လေးအောင်မြင်ခဲ့ပါသေးတယ်။

အခုအခါမှာတော့ အိမ့်ချစ်က ဂီတအကြောင်းနဲ့ပက်သက်ပြီး ဘာမှလည်းမသိဘဲ သိသလို တတ်သလိုနဲ့ ဝေဖန်နေတဲ့သူတွေအကြောင်း သူမရဲ့ အမြင်ကို ပြောပြလာပါတယ်။

” Music နဲ့ပတ်သက်ရင်သိသလိုတတ်သလိုနဲ့ဝေဖန်တာဆိုးတယ်။တော်တော်ရှင်းပြရခက်တယ်လေ။ ကိုယ်ကရှင်းပြသူကမသိ။ ဒါပေမဲ့ သိချင်ယောင်ဆောင်ဆရာကြီးလုပ်၊ အဲ့မှာကိုယ်ကထပ်ရှင်း။ အဲ့တော့ဘာမှမပြောတာအကောင်းဆုံး ” ဆိုပြီး အိမ့်ချစ်က သူမရဲ့ Facebook က My Day မှာတင်ထားခဲ့တာပါ။

အိမ့်ချစ်အနေနဲ့ သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာကို ပြန်လည်ဝေမျှထားတာဖြစ်တာကြောင့် သူမ ကို ဘယ်သူကများ ဂီတအကြောင်း နားမလည်ဘဲ သိသလို တတ်သလို ဆရာကြီး လာလုပ်သွားသလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲနော်။

Source Eint Chit

Mg Kaung (Thadinlaynyin)

Zawgyi

ဂီတအေၾကာင္းဂဃဏန မသိဘဲ ဆရာႀကီးလုပ္ေနတဲ့သူေတြကို အိမ့္ခ်စ္ေျပာၿပီ

ေတးသံ႐ွင္ ခ်စ္ေကာင္း ရဲ႕ မ်ိဳးဆက္တစ္ဦးျဖစ္သလို ကိုယ္တိုင္ကလည္း အႏုပညာေလာကမွာ ပုံစံသစ္တစ္မ်ိဳးထိုးေဖာက္ၿပီး ဖခင္ေျခရာနင္းႏိုင္ခဲ့တဲ့ ေတးသံ႐ွင္ကေတာ့ အိမ့္ခ်စ္ပါ။

အိမ့္ခ်စ္ကေတာ့ သူမရဲ႕ အသံပါဝါအားေကာင္းေကာင္း နဲ႔ သီခ်င္းသီဆိုႏိုင္မႈအျပင္ ေဖ်ာ္ေျဖပြဲေတမွာ စင္ေအာက္ကပရိတ္သတ္နဲ႔ တသားတည္းျဖစ္ေအာင္ပြဲထိန္းႏိုင္မႈေၾကာင့္လည္း ပရိတ္သတ္ေတြရဲ႕ သေဘာက်ႏွစ္သက္ျခင္းကိုရ႐ွိထားသူပါ။

သိပ္မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ FG Live Lounge ေဖ်ာ္ေျဖပြဲမွာလည္း ဖခင္ျဖစ္သူ ခ်စ္ေကာင္း ၊ ေမာင္ေလးျဖစ္သူ ဂ်ဴနီယာခ်စ္ေကာင္းတို႔နဲ႔အတူ ပူးတြဲေဖ်ာ္ေျဖမႈက အေတာ္ေလးေအာင္ျမင္ခဲ့ပါေသးတယ္။

အခုအခါမွာေတာ့ အိမ့္ခ်စ္က ဂီတအေၾကာင္းနဲ႔ပက္သက္ၿပီး ဘာမွလည္းမသိဘဲ သိသလို တတ္သလိုနဲ႔ ေဝဖန္ေနတဲ့သူေတြအေၾကာင္း သူမရဲ႕ အျမင္ကို ေျပာျပလာပါတယ္။

” Music နဲ႔ပတ္သက္ရင္သိသလိုတတ္သလိုနဲ႔ေဝဖန္တာဆိုးတယ္။ေတာ္ေတာ္႐ွင္းျပရခက္တယ္ေလ။ ကိုယ္က႐ွင္းျပသူကမသိ။ ဒါေပမဲ့ သိခ်င္ေယာင္ေဆာင္ဆရာႀကီးလုပ္၊ အဲ့မွာကိုယ္ကထပ္႐ွင္း။ အဲ့ေတာ့ဘာမွမေျပာတာအေကာင္းဆုံး ” ဆိုၿပီး အိမ့္ခ်စ္က သူမရဲ႕ Facebook က My Day မွာတင္ထားခဲ့တာပါ။

အိမ့္ခ်စ္အေနနဲ႔ သူမ ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရတဲ့ အေၾကာင္းအရာကို ျပန္လည္ေဝမွ်ထားတာျဖစ္တာေၾကာင့္ သူမ ကို ဘယ္သူကမ်ား ဂီတအေၾကာင္း နားမလည္ဘဲ သိသလို တတ္သလို ဆရာႀကီး လာလုပ္သြားသလဲဆိုတာေတာ့စိတ္ဝင္စားစရာပါပဲေနာ္။

Source Eint Chit

Mg Kaung (Thadinlaynyin)