မွေးနေ့အလှူလေးအဖြစ် လမ်းဘေး လေလွင့်နေတဲ့ တိလေးတွေအတွက် အာဟာရဒါနအလှူလေးလှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

မွေးနေ့အလှူလေးအဖြစ် လမ်းဘေး လေလွင့်နေတဲ့ တိလေးတွေအတွက် အာဟာရဒါနအလှူလေးလှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ မနေ့က ဒီဇင်ဘာလ(၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မော်ဒယ်လ်မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာဝင့်ကျော်ရဲ့ အသက် (၃၄)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

သင်ဇာကတော့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ကာဖြတ်သန်းခဲ့ပါတယ်။သင်ဇာကသူ့ရဲ့မွေးနေ့မှာ မွေးနေ့ကုသိုလ်အလှူလေးအနေနဲ့လည်း လမ်းဘေးမှာလေလွင့်နေတဲ့ လမ်းဘေးတိလေးတွေအတွက်

“Kind Heart Dogs Resuce and Shelter Yangon Myanmar” အဖွဲ့ကနေတစ်ဆင့် တစ်နပ်စာအာဟာရဒါနအလှူလေးအဖြစ် အလှူငွေ (၂)သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။

အခုလိုမွေးနေ့လေးမှာ တကယ်ကို အစားအသောက်လိုအပ်နေတဲ့ လမ်းဘေးတိလေးတွေအတွက် စာနာစိတ်အပြည့်နဲ့ အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ သင်ဇာရဲ့မွေးနေ့အလှူလေးကတော့ တကယ်ကိုမွန်မြတ်လွန်းလှပါတယ်နော်။ ပရိသတ်ကြီးတွေလည်း သင်ဇာရဲ့မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit Cele gabar

Zawgyi





Credit Cele gabar