မွေးနေ့မှာ အချစ်ရဆုံး အမေ့ကို ရရှိထားတဲ့ အနုပညာကြေးလေးတွေနဲ့ ကန်တော့ခဲ့တဲ့ အောင်မင်းခန့်

မွေးနေ့မှာ အချစ်ရဆုံး အမေ့ကို ရရှိထားတဲ့ အနုပညာကြေးလေးတွေနဲ့ ကန်တော့ခဲ့တဲ့ အောင်မင်းခန့်

ရုပ်သံဇာတ်လမ်းတွဲတွေကတဆင့်အောင်မြင်လာခဲ့တဲ့ သရုပ် ဆောင် မင်းသားချော အောင်မင်းခန့်ကတော့ လူကြီး၊ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးပြီးသားဖြစ်မှာပါ။ တည်ကြည်တဲ့ ရုပ်ရည်အပြင် နိုင်ငံခြားမင်းသားတစ်ယောက်လို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အောင်မင်းခန့်ကတော့

မိန်းကလေးတွေကြားထဲမှာပိုပြီး ရေပန်း စားအောင်မြင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်မင်းခန့်ကတော့ သူ့ကိုချစ်ကြတဲ့ပရိသတ်တွေတစ်ယောက်ချင်းစီတိုင်းအတွက်မရိုးနိုင်တဲ့အနုပညာလှုပ် ရှားမှုတွေကိုချပြရင်း အမြဲတမ်းကြိုးစားနေသူတစ်ယောက်ပါပဲ။

ပြီးခဲ့တဲ့နိုဝင်ဘာလ (၃၀) ရက်နေ့ကတော့ အောင်မင်းခန့်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။အောင်မင်းခန့်ဟာ သူ့ရဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့သလို သူချစ်ရတဲ့မေမေ့ကိုလည်း ရရှိထားတဲ့ အနုပညာကြေးလေးတွေနဲ့ ကန်တော့ခဲ့ကြောင်းကို “ကျွန်တော်မွေးနေ့တုန်းက မားမားကိုကတော့ခဲ့တယ်။ ပီတိအပြုံးလေးကို တွေ့ခဲ့ရတယ် ကျွန်တော့်အတွက် မရိုးနိုင်တဲ့အပြုံးလေးပါ love u mother ” ပြောလာပါတယ်။

အောင်မင်းခန့်ကတော့ မွေးနေ့မှာအလှူတွေဘယ်လောက်လုပ်လုပ် သူ့ကိုလူ့ လောကကြီးထဲရောက်အောင် မွေးဖွား သန့်စင်ပေးခဲ့တဲ့မေမေ့ကိုလည်းကိုယ်တိုင်ကိုယ်ကျ ထိုင်ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။

Source: Aung Min Khant ‘s fb





