“တောရွာ စပါးခင်း” များထဲမှ ဟောလိဝုဒ်ထိ တက်လာခဲ့သော တိုင်းရင်းသားတစ်ဦး(သို့) ဝမ်းဘတ် မင်းသား အကြောင်း

“တောရွာ စပါးခင်း” များထဲမှ ဟောလိဝုဒ်ထိ တက်လာခဲ့သော တိုင်းရင်းသားတစ်ဦး(သို) ဝမ်းဘတ် မင်းသား အကြောင်း

”အောင်မြင်မူဆိုလွယ်လွယ်ကူကူလုပ်လိုရတဲ့အရာမဟုတ်ဘူးဆိုတာကိုကျတော်တိုယုံကြည်နေသ၍ ရှုးနိမ့်ခြင်းနဲ့အခက်အခဲတွေဟာသေသွားလိမ့်မယ်။ “

Tony jaa

ထိုင်းနိုင်ငံရဲ့ ဖွံဖြိုးမူအနည်းဆုံးလူမျိုးစုထဲကတခု အီစံ။ထိုင်းနိုင်ငံအစွန်အရှေ့မြောက်အရပ်မှာရှိတဲ့ စီရင်စုနယ်၂၀ရှိတဲ့လူမျိုးစုတစု။ဒါပေမယ့်ဒီလူမျိုးဟာထိုင်းရဲ့ဧရိယာအကြီးဆုံးလူမျိုးစုဖြစ်သလိုတိုးတက်တဲ့နေရာတွေကအရမ်းတိုးတက်ပြီးအစွန်းအဖျားနေရာတွေဟာပညာပင်ကောင်းစွာမသင်ရတဲ့အထိခေါင်ကြတယ်။

အချိန်အားဖြင့် ၁၉၇၆ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ ထိုင်းနိုင်ငံမှာအိစံလူမျိုးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။အီစံပေမယ့်တိုးတက်တဲ့နေရာကတော့မဟုတ်ဘူး။ကျန်းမာရေးဆေးပေးခန်းတွေနည်းစာသင်ကျောင်းတွေနည်းတဲ့နေရာတခုကပါ။

သူမွေးဖွားခဲ့တဲ့နေရာကစူရင်မြိုနယ်အီစံလူမျိုးစုထိုင်းနိုင်ငံပါ။သာမာန်မိသားစုကဖြစ်တဲ့သူကဦးလေးနဲ့ရွာထဲကလူကြီးတချိုကြောင့်ငယ်စဉ်ထဲကမွေထိုင်းလက်ဝှေ့ကိုသင်ခွင့်ရခဲ့ပြီး၈နှစ်သားကတည်းက၄ပေအမြင့်ကအရာဝတ္ထုတွေကိုကန်နိုင်တဲ့အထိ တော်ခဲ့တဲ့ကလေးတယောက်ပါ။

မြိုပြနဲ့အလှမ်းဝှေးသလိုသူ၉နှစ်သားမှာပြောင်းရွေ့ခဲ့ရတဲ့အိမ်တင်ဘန်ကောက်မြိုအစပ်နဲ့၄၀၀ ကီလိုမီတာကျော်ဝေးပါတယ်။မူလတန်းစတက်ချိန်ကျောင်းနဲ့ဝေးလိုအခက်အခဲတွေဖြစ်ခဲ့ပေမယ့်ထိုကလေးကရွာကနေကျောင်းကိုနေ့စဉ်လမ်းလျှောက်ပြီးကျောင်းတက်ခဲ့ပါတယ်။

ပညာရေးထက် လက်ဝှေ့ကိုပဲစိတ်ဝင်စားခဲ့တဲ့ ဒီကလေးဟာ မွေထိုင်းစိတ်ဝင်စားတတ်ခဲ့ပါတယ်။ ငယ်စဉ်ထဲကလေ့ကျင့်သင်ယူခဲ့ပြီး သူအပျော်ဆုံးအချိန်ကရွာကTVရှိတဲ့အိမ်မှာTVသွားကြည့်ရတဲ့အချိန်ပေါ့။ဘရုစ်လီ၊ဂျက်ကီချမ်း၊ဂျက်လီတိုဟာသူ့ဘဝရဲ့အရူးသွပ်ဆုံးHeroတွေဖြစ်ခဲ့ပြီးထိုအချိန်ထဲကသရုပ်ဆောင်ပညာကိုစိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့်ဒီတောသားလေးအဖိုမင်းသားဖြစ်နိုင်လောက်တဲ့လမ်းစကအလှမ်းဝေးလွန်းအားကြီးခဲ့ပါတယ်။အလယ်တန်းကျောင်းသားဘဝမှာတော့မြိုနယ်ပေါင်းစုံမွေထိုင်းပြိုင်ပွဲတွေထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်လက်ဝှေ့ပြိုင်ပွဲတွေမှာသူဝင်ပြိုင်ခဲ့ပါပြီ။ထူးထူးခြားခြားပဲဒီကလေးဟာနှစ်တိုင်းအံ့အားသင့်စရာထိုးကွက်တွေနဲ့လူပြောများလာခဲ့တယ်။

သူဒီလိုလက်ဝှေ့ပညာကိုကျွမ်းကျင်လာဖိုပြိုင်ပွဲတွေထိုးသတ်ဖိုအထိဖခင်ကမထင်ထားခဲ့သလိုခွင့်လဲမပြုခဲ့ပါဘူး။ဘာကြောင့်ခုလိုလူသတ်ကွင်းကြိုးဝိုင်းထဲဒီကလေးရောက်သွားရလဲဆို.သူ့သူငယ်ချင်းကြောင့်ပါပဲ။သူနဲ့ငယ်စဉ်ထဲကညီကိုလိုခင်ခဲ့လက်ဝှေ့အတူကျင့်ခဲ့တဲ့တရွာထဲသားချီလာဟာမိခင်ကျန်းမာရေးကြောင့်တရားမဝင်လက်ဝှေ့ပွဲဝင်ထိုးရင်း

ငွေရှာရာကခြေထောက်အချိုးခံလိုက်ရမူကသူ့ကိုနာကျည်းစေခဲ့တာပါပဲ။သူဝင်ပြိုင်တယ်ဖခင်နဲ့အကြီးအကျယ်ပြသနာဖြစ်တယ်။ကျောင်းထုတ်လိုက်ပြီးရွာကဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုပိုလိုက်တယ်။ဒါပေမယ့်မရဘူးဖခင်ရဲ့လယ်ကွင်းထဲကျောင်းနားရက်တွေစပါးစိုက်ကူရင်းအားတဲ့အချိန်လက်ဝှေ့ကျင့်တယ်။

ပြိုင်ပွဲတွေဝင်ပြိုင်ဖိုအဓိကတွန်းအားဖြစ်ခဲ့တာကလဲသူတက်တဲ့ကျောင်းကကျောင်းထိုင်ဆရာတော်ကြောင့်ဆိုမမှားဘူး။လာဘ်စားမူတွေများကြီးနိုင်ငယ်ညှင်းတွေများတဲ့ပြိုင်ပွဲတွေကိုအားမလိုအားမရဖြစ်တတ်တဲ့ဒီဘုန်းကြီးကသူ့ကိုပြိုင်ပွဲတွေဝင်ပြိုင်ဖိုအားပေးခဲ့တယ်။

သူ့ကိုမွေထိုင်းပညာအကြီးအကျယ်တတ်မြှောက်စေခဲ့တာကလဲဒီဘုန်းကြီးကျောင်းကြောင့်ပါပဲ။၁၀နှစ်သားမှာသူဟာမွေထိုင်းပညာကိုအသေးစိတ်သင်ခဲ့ရပြီး၁၅နှစ်သားသူအထက်တန်းကျောင်းသားဘဝမှာတော့ pro တ်စ်ယောက်အဆင့်ထိရောက်ခဲ့ပြီးအငယ်တန်းကလေးပွဲတွေကနေအကြီးတန်းထိုးသတ်ပွဲတွေအထိဝင်ခဲ့ပါပြီ။

သူဒီဘုန်းကြီးကျောင်းကသင်ခဲ့ရတဲ့မွေထိုင်းပညာတွေထဲလူ၁၀၀၀မှာတယောက်သင်ဖိုခက်ခဲပြီးအန္တရယ်များတဲ့ပညာရပ်၃ခုပါခဲ့တယ်။ဒါတွေကphysical inmost ပညာရပ်တွေပါပဲ။ ဒီအထဲမှာတချက်အကန်ခံရရုံနဲ့အသက်ပျောက်နိုင်တဲ့Competitionကန်ချက်လဲပါဝင်ခဲ့ပါတယ်။

Competition Kick တွေဟာမခုခံနိုင်ရင်တန်းသေတတ်တဲ့အထိပြင်းထန်သလိုတော်ရုံလေ့ကျင့်မူနဲ့မရနိုင်တဲ့မွေထိုင်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကန်ချက်တွေထဲလည်းပါဝင်တဲ့ကန်ချက်တွေပါ။

အထက်တန်းကျောင်းသားဘဝမှာတော့သူဟာတကယ့်တန်းဝင်တဲ့လက်ဝှေ့ပွဲတွေကိုထိုးဖိုစိတ်ဝင်စားသွားခဲ့ပါပြီ။အသက်၁၅နှစ်သာရှိသေးတာကြောင့်ဘုန်းကြီးကခွင့်မပြုခဲ့သလိုဖခင်ကလဲကြေကွဲခဲ့ရပါတယ်။

ပညာရေးကိုပဲပြီးဆုံးအောင်သင်စေချင်တဲ့အတွက်သူ့ကိုဖခင်ကချော့တခါခြောက်တလှည့်ပြောခဲ့ရတယ်။ဒီလိုနဲ့တရက်သူတိုရွာကိုမြိုကရိုက်ကူးရေးအဖွဲတခုရောက်လာတယ်။ထိုအချိန်သူတိုရွာမှာလဲလက်ဝှေ့ပွဲကျင်းပနေချိန်ပေါ့။

သူ့ကိုတွေ့သွားတာကတော့ထိုင်းအက်ရှင်ဒါရိုက်တာကြီး Panna Rittikraiပါပဲ။သူအံ့သြသွားတယ်။ဒီကလေးကသူရိုက်ကူးနေကျရုပ်ရှင်ကားတွေထဲက စတန့်မင်းသားတွေထက်တောင်တော်နေတာကြောင့်ဒီကလေးကိုသူမြိုကိုခေါ်သွားပြီးရုပ်ရှင်ပညာသင်ပေးဖိုဆုံးဖြတ်လိုက်တယ်။

အဲ့ကလေးကတော့တခြားသူမဟုတ်ဘူး နောင်တချိန်မှာထိုင်းနိုင်ငံကနေ ကမ္ဘာ့No.5 အက်ရှင်မင်းသားအဖြစ်ကမ္ဘာကျော်မင်းသားတဦးဖြစ်လာမယ့်ကျတော်တိုအားလုံးသိကြတဲ့ဝမ်းဘတ်လိုခေါ်တဲ့ Tony Jaa ပါပဲ။

” ပထမဆုံးကျတော်တိုဆုပ်ကိုင်ခွင့်ရမှာကအိမ်မက်တွေပါ။ဒီအိမ်မက်တွေကပင်ပန်းလိုမလုပ်ချင်လိုလွှတ်ချလိုက်မယ်ဆိုကျတော်တိုခပ်ညံ့ညံ့လူပဲဖြစ်သွားလိမ့်မယ်။ ”

Tony jaa

Panna Rittikrai ဟာ Tony Jaaကို မြိုပေါ်ခေါ်သွားတော့အထက်တန်းကျောင်းသားနောက်ဆုံးနှစ်ပဲရှိပါသေးတယ်။ဖခင်ဖြစ်သူကမထည့်ချင်ပေမယ့်သားဖြစ်သူဒီလက်ဝှေ့လောကထဲမဝင်သွားဖိုဒီတလမ်းပဲရှိတော့တယ်။ဒါပေမယ့် Tony ဟာ Panna Rittikraiနဲ့လိုက်သွားခဲ့ပြီးအထက်တန်းအောင်အောင်ချင်းပဲအီစံပြည်နယ်ရဲ့နာမည်ကြီးကောလိပ်

Maha SarakhamCollege မှာ Physicalမေဂျာကိုထပ်မံတက်ခွင့်ရခဲ့ပါတယ်။ဒီကျောင်းကအရှေ့တောင်ထိုင်းဒေသမှာအကြီးဆုံးဖြစ်ပြီးကျောင်းသားဦးရေ၃သောင်းကျော်တက်ရောက်တဲ့ကျောင်းကြီးပါ။ဒီကျောင်းကလက်ဝှေ့အသင်းဟာလည်းနိုင်ငံဂုဏ်ဆောင်အားကစားသမားတွေထွက်ခဲ့ပြီး fighterတွေတော်တော်များတဲ့ကျောင်းပေါ့။

Tony ဒီကိုစရောက် ရောက်ချင်းပဲ ၁၂ယောက်တယောက်ချပွဲနဲ့ဒီဘဲလေးကကျောင်းမှာနာမည်ကြီးသွားတယ်။ဒီလို case ကရုပ်ရှင်မင်းသားထဲ IP manကြီးစားသောက်ဆိုင်မှာအုပ်စုလိုက်နဲ့တယောက်ချပြီးအုပ်စုလိုက်ဆေးရုံပိုလိုက်ရတဲ့ case တစ်ခုပဲရှိသေးတယ်။ဒါကမင်းသားမဖြစ်ခင်ထဲကတကယ်တတ်တကယ်လေ့ကျင့်ထားခဲ့တဲ့သူတွေဆိုတာကိုပြသမူတခုပါပဲ။

ဒါနဲ့တင်မပြီးဘူး Tony ဟာ ဒီကောလိပ်ကနေတဆင့်မွေထိုင်းလက်ဝှေ့ပြိုင် ပွဲကြီးကိုတက်ပြိုင်ခဲ့ပြီး ရှုးပွဲမရှိ ၅အုပ်စုနိုင်ခဲ့သူပါ။ထူးခြားမူကတော့ Tony ဟာ အဲဒီအချိန်ထိထိုင်းစကားကိုသေချာမတတ်သူပါ။မြန်မာမှာဆိုတိုင်းရင်းသားစကားပဲတတ်ပြီး အများသုံးဗမာစကားမတတ်သလို ပါပဲ။

“ဆုတောင်းတိုင်းသာအရာရာအဆင်ပြေမယ်ဆို ကျတော် ဆယ်ကျော်သက်ဘဝထဲကနာမည်ကြီးမင်းသားတယောက်ဖြစ် နေလောက်ပြီ။ ”

Tony Jaa

တချိုBlogs တွေမှာTonyဟာ ၁၄နှစ်သားထဲက စတန့်သမားတယောက်အဖြစ်ထိုင်းမှာနာမည်ကြီးခဲ့တယ်လိုရေးသားမူတွေဖတ်ရတယ်။interviewဖြစ်တဲ့ retro Crush interview မှာတော့ Tony ဟာ၁၅ နှစ်ကျော်မှ Panna Rittikrai ရဲ့ပံ့ပိုးမူနဲ့တချိုကားလေးတွေမှာပဲအစားထိုးစတန့်အဖြစ်ပါခဲ့သူပါ။

ကောလိပ် တက်ရင်းTonyဟာ ၄နှစ်လောက် Panna ရဲ့သင်ကြားပံ့ပိုးမူနဲ့မွေထိုးနဲ့သရုပ်ဆောင်ပညာကိုသင်ယူခဲ့ပါတယ်။ဒီကြားထဲကြိုကြားကြိုစားလူစားထိုးစတန့်များသာပါခွင့်ရခဲ့ပြီးအသက်၂၀ကျော်ထိဘာကားမှမရိုက်ခဲ့ရပါဘူး။

ဒီလိုနဲ့short film လေးတစ်ခုထိုင်းရုပ်သံလိုင်းမှာပြသခဲ့မူကTony ကိုထိုင်းရုပ်ရှင်လောကကအံ့အားသင့်စေခဲ့တဲ့အက်ရှင်သရုပ်ဆောင်လေးတဦးဖြစ်သွားခဲ့စေတာပါပဲ။ဒီ short film ကြောင့်ပဲTony ဟာ၁၉၉၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Spirited Killerကားမှာ စတင်ပါဝင်ခွင့်ရခဲ့တာပါပဲ။ ဒီshort film အတိုလေးကိုကြည့်ရူမိလိုက်သူတွေထဲဒါရိုက်တာကြီးတယောက်လဲပါဝင်ခဲ့တယ်။

သူကတော့နောင် တချိန်မှာ Tony ကို Ong Bak ဆိုတဲ့နာမည်နဲ့ကမ္ဘာကျော်အောင်မြေတောင်မြှောက်ရိုက်ကူးပေးလာမယ့်ဝမ်းဘတ်ကားဒါရိုက်တာကြီး Prachya Pinkaew ပါပဲ။ဒါပေမယ့်သူကတန်းမခေါ်ခဲ့ပါဘူး။

Tonyဟာရုပ်ရှင်လောကထဲမအူမလည်နဲ့ဗီဒီယိုကားသာသာ ၄ ၅ ကားနဲ့ ၉နှစ်လောက်တိုင်ပတ်နေခဲ့ပါသေးတယ်။ရုပ်ကလဲမချောတဲ့အပြင်ဆုံးထိုင်းရုပ်ရှင်လောကထဲကတန်းဝင်မင်းသားတွေလိုသရုပ်ဆောင်ပညာကလည်းထင်သလောက်မရှိတဲ့အတွက်ဘာမွေထိုင်းပဲတတ်တတ်သူနေရာမရခဲ့ပါဘူး။

”ကျတော်ဒီလောကထဲစဝင်တော့သိမ်ငယ်စရာတွေသူများထက်ပို များတယ်။အထူးသဖြင့်ရုပ်ရည် အရပ်အမောင်းပေါ့။ဒါပေမယ့်ကျတော်ကိုယ့်ကိုယ်ကိုယ်တခါမှမသိမ်ငယ်ခဲ့ဘူး။သိပ်ငယ်မူကကျရှုးမူကိုဦးဆောင်စေတယ်။”

Tony Jaa

Ong-BakMuay-Thai-Warrior

၂နှစ်လောက်အချိန်ယူခဲ့ပြီးပြင်ဆင်ရိုက်ကူးခဲ့တဲ့ထိုင်းကားတကား။ကျတော်တို အလယ်တန်းအရွယ်မှာတရုတ်ဆို ဂျက်ကီချမ်း ဂျက်လီ Hollywoodဆိုအာနိုးရမ်ဘိုစသဖြင့်ပဲနိုင်ငံခြားရုပ်ရှင်ကိုရင်းနှီးခဲ့တယ်။ဒီအထဲမှာထိုင်းရုပ်ရှင်ကားတွေပါဖိုထားကိုယ်တွေနိုင်ငံနဲ့ရုပ်ရှင်လောကထဲထိုင်းကားတွေဟာသိပ်မစီးဝင် စိတ်ဝင်စားစရာသိပ်မပေးနိုင်သေးဘူး။

 

Tony ကလည်း Nuk leng klong yaoကားရိုက်ပြီး၂နှစ်လောက်ဘာကားမှမရိုက်ရချိန်။Nuk leng klong yao ကလည်းသာမာန်ဗီဒီယိုကားသာသာဆိုတော့သူမင်းသားထဲအောက်တန်းကမင်းသားအဆင့်ပဲရှိသေးတယ်။

BaaRam-eweထုတ်လုပ်ရေးကဒီဝမ်းဘတ်ကားကို၂၀၀၂ခုနှစ်စထဲကတခြားအက်ရှင်မင်းသားတဦးနဲ့ ၂ပတ်လောက်ရိုက်ခဲ့သေးတယ်။မင်းသားဖြစ်သူထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်းအက်ရှင်စတန့်ခန်းတွေကပိုဆိုးလာမှာကြောင့်ဒီကားကိုနားခဲ့တယ်။ဒီကားကမွေထိုင်းကိုကမ္ဘာတခွင်Promote လုပ်ချင်တဲ့ BaaRam-eweထုတ်လုပ်ရေးရဲ့အရင်းအနှီးဒေါ်လာတစ်သန်းထိရင်းမယ့်ကားဖြစ်နေတယ်။

ဒါရိုက်တာ Prachya Pinkaewကဒီကားကိုသူတချိန်ကတွေ့ထားတဲ့ကောင်လေးတဦးကိုပြန်သတိရသွားတယ်။သူကတော့Tonyပါပဲ။Tonyဟာဝမ်းဘတ်ကိုရိုက်ဖိုပြင်ဆင်မူများစွာလုပ်ခဲ့ရသလိုဒီကားဟာထိုင်းရုပ်ရှင်ကိုကမ္ဘာထိတိုးဖိုစတင်လုပ်လာတဲ့ လက်နက်ကြီးတခုပါပဲ။အစိုးရကလဲဒီဝမ်းဘတ်ကိုရိုက်ရာမှာတချိုသဘောတူညီမူတွေကိုဖွင့်ပေးခဲ့တယ်။ထူးခြားမူကဒီကားကိုထိုင်းဘုရင်ရဲ့သမီးသီရိဒုံကိုယ်တိုင်အားပေးခဲ့တာပါပဲ။ရိုက်ကြတယ်။

Tony ခါးရိုးအက်တယ်။နားတယ် ပြန်ရိုက်တယ်။လက်တွေကွဲဇာတ်ရံတွေမတော်တဆထိပြီးကျိုးပဲ့တယ်။ဒီနေရာမှာမြန်မာကလူကြမ်းတွေကိုပြန်တွေးမိပြီးလေးစားမိလေရဲ့။မင်းသားသိန်း၇၀လူကြမ်း၂သိန်းပဲရတဲ့မြန်မာလူကြမ်းတွေခဗျာမတော်တဆမူ ကျိုးပဲ့မူတွေအတွက်အာမခံချက်မရှိဂုဏ်ပြုမယ့်ပရိတ်သတ်မရှိ အမုန်းပဲပြန်ရတာတောင်သူတိုအနုပညာကိုချစ်တဲ့စိတ်က အလေးပြုစရာပါပဲ။

ခင်ဗျားတိုတော့မသိဘူးကျုပ်ဘဝရဲ့မြန်မာရုပ်ရှင်လောကမှာ No.1အလေးစားဆုံးပုဂ္ဂိုလ်တွေကဗီလိန် နဲ့လူကြမ်းကြီးတွေပါပဲ။စိုင်းအောင်တင့် ခင်စိုးပိုင် ကမ္ဘာရှား ကိုကိုဦးတကယ့်အသည်း ရောကျောက်ကပ်ပါ စွဲတဲ့ idolတွေပေါ့ဗျာ။

ဒီဝမ်းဘတ်ကားမှာလည်းဒီလိုပဲမင်းသားနဲ့အပြိုင်ချရတဲ့လူကြမ်းတွေအဖိုကျိုးပဲ့မူတွေများခဲ့တယ်။ခေါင်းကွဲတယ်ဆေးသိပ်ပြီးခေါင်းစည်းနဲ့ပြန်ချကြတယ်။ဒါရိုက်တာကနားပါပြောတာတောင်ကိုယ့်နိုင်ငံကိုကမ္ဘာသိစေဖိုယုံကြည်မူတခုထဲနဲ့ဒီကားကိုအသေအကြေရိုက်ကူးခဲ့ကြတယ်။

ဝမ်းဘတ်ဇာတ်အိမ်တော့ပြောစရာလိုတော့မယ်မထင်ဘူးဘုရားခိုးမူတွေမှောင်ခိုဂိုဏ်းတွေကိုပွဲကျောင်းသားဆန်ဆန်တောသားတဦးကချေမှုန်းတဲ့ကားပေါ့ဗျာ။တော်လှန်ရေးဆန်တယ်စည်းလုံးမူတွေပြထားတယ် ကြက်သီးထစရာမျိုးချစ်စိတ်တွေပါတယ်။US UK ထိအကုန်ထိုးဖောက်တယ်။Hollywoodအက်ရှင်းမင်းသား တွေပြာပါလေရော။

ထိုင်းရှောင်လင်ကားတွေပြာပါလေရော။ဟောင်ကောင်မှာတလတိတိရုံမချရဘူးဒုတိယ တတိယအကြိမ်ထိပြန်ပြခဲ့ရတယ်။ဒီကားကဟောင်ကောင်ရုပ်ရှင်လောကမှာပထမ ဆုံး No.1အောင်မြင်သွားတဲ့ထိုင်းရဲ့ပထမဆုံးကားပါ။Bollywood’ထိပြခွင့်ရတယ်။ဂျပန် ကာဝါဆာကီရုပ်ရှင်ပြပွဲမှာဒီကားကVoting တစ် ဖြစ်ခဲ့တယ်။

မြန်မာ အဟဲ ထိုအချိန်ကဗီဒီယို ရုံတွေလျံသွားတဲ့ထိုင်းကားပေါ့ဗျာ။ဒါတင်မက ဘူး 20th Century Fox ကပါဒီဝမ်းဘတ်ကို Promote လုပ်ခဲ့တယ်။ပထမအပတ်ပြသမူ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ကနေ ၂၈ရက်နေ့ မှာတင်ဒီကားကအရင်းကြေသွားတယ်။ဒီဝမ်းဘတ်ကထိုင်းရုပ်ရှင် Generation တွေအတွက်လမ်းစဖွင့်လိုက်တဲ့ကားပါပဲ။

” ကြောက်စရာတွေကိုကြောက်နေတတ်ရင်ကျတော်တိုဘယ်တော့မှရှေ့ရောက်မှာမဟုတ်ဘူး။ကြိုတွေးထားမူတွေကို ရင်ဆိုင်လိုက်ခြင်းကပိုသက်တောင့်သက် သာရှိလာလိမ့်မယ်။ ”

Tony Jaa

Ong Bak ကားအပြီးမှာတော့ Tony ကိုဝမ်းဘတ်လိုတကမ္ဘာလုံးသိသွားခဲ့ပါပြီ။ရုပ်မချောဘူးအရပ် ၅ပေ၆ ဗလသိပ်မရှိတဲ့အသားညိုလေး၊ဒါပေမယ့် No.1 Actorအဖြစ်လူငယ်ထဲထိုင်းမှာသူနေရာတန်းရသွားတယ်။တစ်ကားပြီးတကားထွက်လာတယ်။

ဝမ်းဘတ်၂မ လာခင်သူ့ကိုနောက်တကြိမ်ကမ္ဘာကျော်ဦးမယ့် ကားတကားထပ်ထွက်လာတယ်။အဲ့ဒါကတော့ Tom-Yum-Goongပါပဲ။သူ့ကျေးဇူးရှင်ဒါရိုက်တာ Prachya Pinkaew ကပဲရိုက်ခဲ့တဲ့၅သန်း ပဲရင်းပြီး ၂၈သန်းနီးပါးပြန်ရခဲ့တဲ့ကားပါ။

ဝမ်းဘတ် ၁ ထက်ပိုအောင်မြင်တဲ့ဆင်တွေစီးပြီးစပယ်ရှယ်ဝုန်းဒိုင်းကြဲထားတဲ့မာဖလာနဲ့ကိုရုပ်ဆိုးကားပေါ့ ဗျာ။လန်ထွက်သလားတော့မမေးနဲ့ခုန်ချတဲ့အခန်းတွေကြိုးမသုံးဘူးစတန့်ခန်းတွေလူစားမထိုးဘူး။Tony ကိုယ်တိုင်ဒီကားမှာစတန့်နည်းပြအ ဖြစ်ပါဝင်ကူညီပြီးလူကြမ်းတွေကိုကူညီပေးခဲ့ တယ်။

အမှတ်တရတခုကရိုက်ဖို Rehersal လုပ် တုန်းကအကောင်းတကယ်လဲရိုက်ရောသူအထိုးခံရလိုနှာခေါင်းရိုးပြုတ်သွားတယ်။ဒူးလေးပွန်းလက်လေးထိမှာစိုးလိုလူစားထိုးတဲ့မင်းသားထဲမပါတဲ့အပြင်တကယ်အလုပ်ခံအထိုးခံရတဲ့မင်းသားပေါ့ဗျာ။

သူ့ကားတွေကြည့်ရင်း တခါတလေ သူ့သတင်းလေးတွေတက်လာရင်ဖတ်ဖြစ်တယ်။နာမည်ကသာမင်းသားဒီကောင့်အလုပ်ကလဲမစားသာပါလားပေါ့။လက်ဝှေ့ပွဲတောင်တပွဲထိုးပြီးနားလိုရတယ်၊ဒင်းကတကားလုံးအထိုးခံရအခန့်မသင့်လိုစတန့်လုပ်ရင်လဲသေမယ့်စတန့်တွေခြင်းလုပ်ရမင်းသားရောဟုတ်သေးရဲ့လားပေါ့လေ။

ဒီကားမရိုက်ခင် Tonyဟာ ဆိုင်ကယ်စတန့်အလွတ်ခုန်စတန့်တွေကိုထပ်မံသင်ယူခဲ့သေးတယ်လိုသိရတယ်။နောက်တကားကရှေ့ကမအောင်မြင်ခဲ့တဲ့The Bodyguard ရဲ့အဆက် 2 ။

ဒီကားမှာTony ကသူ့ရွာဘာသာစကားအီစံဘာသာနဲ့ပြောဖိုဒါရိုက်တာကိုတောင်းဆိုခဲ့တယ်။ဒီကားလည်းအောင်မြင်တယ်။ဒီကားအပြီးမှာတော့ Tony ကိုဒါရိုက်တာ Panna Rittikraiကကမ်းလှမ်းမူတခုလုပ်ခဲ့ပါတော့ တယ်။

ဒါကတော့ ဝမ်းဘတ် 2 ကို မင်းကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ဆိုပြီးပြောလိုက်တယ်။Tony ငြင်းခဲ့တယ်။သူဒီလိုကားကိုဒါရိုက်တာလုပ်ရအောင်အဆင့်မရှိဘူးပေါ့။ဒါပေမယ့်ဆရာရဲ့မြှောက်ပေးမူကြောင့်ဒီကားကိုသူတို၂ယောက်ပေါင်းရိုက်ခဲ့ကြတယ်။၁၁လအထိရိုက်ခဲ့ရတယ်။ဆင်စီးပြီးခေါင်းစည်းနဲ့ကားပေါ့။

ရှေ့က’၁ထက်၃ဆလောက်ထိခိုက်တယ်ပင်ပန်းကြတယ်။ဒီ ကြားထဲ Tony ချုပ်လိုက်ရတဲ့ဒဏ်ရာချုပ်ချက်၁၂ချက်ထိရိုက်ခဲ့တယ်။၂၀၀၈ခုနှစ်ကုန်ခါနီးမှရုံတင်ခဲ့ကြတယ်။ထိုင်းရဲ့ No.1ကားအဖြစ်ယနေ့ထိအထင်ကရဖြစ်စေတဲ့ကားပါပဲ။တစ်ကမ္ဘာလုံးပြသခဲ့ပြီးဝမ်းဘတ်ဟာလဲကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တယ်။

ဝမ်းဘတ်1-2-3 ကိုတဆက်ထဲထပ်ထုတ်ခဲ့တယ်။ဝမ်းဘတ် 1.2.3 ဟာဒေါ်လာသန်း၂၀၀နီးပါးအမြတ်ငွေရခဲ့ပါတယ်။ထိုနောက်မှာတော့ Tony ဟာအာရှတင်မကပဲHollywood ထိတက်ရိုက်လာဖိုထိုင်းမင်းသားထဲကပထမဆုံး Hollywood မင်းသားဖြစ်လာခဲ့ပါတော့တယ်။

ဝမ်းဘတ် 3အပြီးမှာတော့Tom Yum Goong 2 ထပ်မံထွက်ခဲ့ပြီး Hollywood ကားတွေမှာTonyဟာဟာဝင်တိုးခဲ့ပါတော့တယ်။A Man Will Rise လိုကားရုရှားအာနိုးကြီး Dolph Lundgrenနဲ့ထိုင်းလူကုန်ကူးမူကား F&F 7 စတဲ့နာမည်ကြီးကားတွေမှာTonyဟာ ထိုင်းလူမျိုးဂုဏ်ကိုဆောင်ခဲ့ပါတယ်။

”ကျတော့်ရဲ့အပင်ပန်းဆုံးအချိန်တွေကအက်ရှင်သရုပ်ဆောင်မလုပ်ရပဲနားနေရတဲ့အားလပ်ရက်တွေပေါ့ဗျာ။ ”

Tony Jaa

”အခုချိန်အောင်မြင်နေလိုပျော်သလားဆိုအဖေရဲ့လယ်ကွင်းထဲကJaaအအဖြစ်နဲ့နေခဲ့ရတဲ့အချိန်တွေလောက်မပျော်ဘူး။အောင်မြင်မူကအပူအပင်များလှတယ်။ဒီအပူတွေကိုလျော့စေဖိုအခုကျတော့်ငယ်ဘဝကလိုဖြစ်ခဲ့တဲ့ကလေးတွေကိုမွေထိုင်းသင်ပေးရင်းပဲ ပျော်စရာရှာနေရတာပေါ့။ ”

Tony Jaa

Tony Jaa ရိုက်ခဲ့တဲ့ ထိုင်း Hollywood ကားတကားချင်းစီတော့ပေရှည်မနေတော့ဘူးဒီဆယ်စုနှစ်ကျော်အတွင်းကမ္ဘာအထိအောင်မြင်လာတဲ့သူ့ကားတွေကိုလဲအားလုံးကြည့်ဖူးပြီးသား ဖြစ်မှာပါ။ထိုင်းဟေ့ဆိုတာနဲ့ပီးမက်မင်းသားလိုတော့မပြောနဲ့ဝမ်းဘတ်က No.1ပါ၊ငွေကြေးအောင်မြင်မူကမ္ဘာထိတိုးမူအရပေါ့။

ဝမ်းဘတ်သာလမ်းမဖောက်ခဲ့ဘူးဆိုလက်ရှိထိုင်းFancyကားသရဲကားတွေကလမ်းစတက်ဖိုရင်လေးစရာပါ။စီနီယာကောင်းပေါ့ဗျာ။၂၀၁၂ခုနှစ် မေလမှာတော့ဒီတောသားဟာသူမင်းသားမဖြစ်ခင်ထဲကချစ်တဲ့တဲ့ချစ်သူလေး Piyarat နဲ့လက်ထပ်ခဲ့ပါတယ်။ သူတိုRSကလဲထိုင်းမှာနာမည်ကြီးပါတယ်။နှစ်အကြာကြီးတွဲခဲ့သူအောင်မြင်လာခဲ့တာတောင်ဒီမိန်းမကိုပဲသူယူတယ်။ဒါကရှာရွန်ခန်း ကြီးနဲ့တူတဲ့အချက်ပေါ့။

Tony ဟာအာရှတင်မကပဲကမ္ဘာထိပါဆုတွေလည်းရထားသူပါ။ထိုင်းရုပ်ရှင်ဆု/Online Film Critics Societyဆု /Top Awards / Deauville Asian Film Festival Award နဲ့တခြားဆုတွေလဲရရှိထားသူဖြစ်နေပါပြီ။

360° ကန်ချက်၂ဆင့်ကန်နိုင်သူ၆ပေအမြင့်ကပစ္စည်းကိုအလွတ်ကန်နိုင်သူCompetitationကန်ချက်ကိုကျွမ်းကျင်သူကမ္ဘာ့ကိုယ်ခံပညာအမြင့်ဆုံးမင်သား၅ဦးထဲပါဝင်သူ၊ကမ္ဘာ့ထိခိုက်ဒဏ်ရာအရဆုံးအက်ရှင်းမင်းသား၃ဦးထဲသူ့ idolကြီးဂျက်ကီချမ်းတိုဘရုစ်လီတိုနဲ့ပါဝင်ထားသူပါ။

Tony Jaa တဖြစ်လဲဝမ်းဘတ်ဟာလက်ရှိမှာတော့အားလုံးမျှော်နေကြတဲ့ကား xXx ကားမှာမင်းသားကြီး Vin Dieselအပြင် Deepika Padukone/IP Man ကြီး Donnie Yen နေမာတိုနဲ့အတူ Talonနေရာကနေပါဝင်လာမှာဖြစ်ပါတယ်။ဒါ့အပြင်ဒီကားရဲ့အက်ရှင်နည်းပြအကူအဖြစ်လဲTonyကပါဝင်ကူညီထားပါတယ်။Vin Diesel တောင်သူသင်ပေးနေတယ်ကြားတယ်။

ထိုင်း တရုတ်၊အိန္ဒိယ၊ကိုရီယား၊ဘရာဇီး၊ရုရှားအစုံအလုံစုပေါင်းပြီးရိုက်ထားတဲ့ကားပါပဲဗျာအံ့သြစရာပါ။သူရဲ့နောက်ဆုံးကား ၃ကားကတော့ Master Z: The Ip Man Legacy ၊The Gate နဲ့ Monster Hunter တိုပဲဖြစ်ပါတယ်။

ဆယ်စုနှစ်တစုစာလောက်သာမာန်မင်းသားကနေယခုဆယ်စုနှစ်တစုအတွင်း Hollywood’ထိကမ္ဘာကျော်လာတဲ့ ဒီဝမ်းဘတ်ဟာသူ့နိုင်ငံထိုင်းအတွက်ရောအီစံနယ်စွန်ကတိုင်းရင်းသားတွေအတွက်ပါတကယ်ဂုဏ်ယူစရာကောင်းတဲ့ဗုဒ္ဓဘာသာတောသားလေး တစ်ယောက်ပါပဲဗျာ။

-စာရေးသူသုံးသပ်ချက်

Tony ဟာအီစံနယ်အစွန်တောရွာတခုကသာမာန်တောသားလေးပါ။Tony ဟာဖခင်ရဲ့စပါးခင်းထဲငယ်စဉ်ထဲကလက်ဝှေ့လေ့ကျင့်ခဲ့သူပါ။Tony ဟာ၁၀နှစ်သားမှာဘုန်းကြီးကျောင်းကသင်ကြားပေးမူကြောင့်မွေထိုင်းကိုတဖတ်ကမ်းတတ်ခဲ့သူပါ။Tony ဟာအသက်၂၅နှစ်ထိထိုင်းစကားကိုသေချာမပြောတတ်ပဲအီစံဘာသာစကားပဲတတ်သူပါ။

Tony ဟာမွေထိုင်းလက်ဝှေ့မှာရှုးပွဲမရှိခဲ့သူပါ။Tony ဟာလူစားမထိုးတဲ့ထိုင်းရဲ့တယောက်ထဲသောအက်ရှင်မင်းသားပါ။Tony ဟာ၂၁ရာစုအာရှရဲ့Top 10ဝင်မင်းသားတဦးပါ။Tony ဟာOng Bak ၃ကားနဲ့တင်အာရှရဲ့Top 20ကားထဲအသင်အငယ်ဆုံးActorဖြစ်ဝင်ခဲ့သူပါ။

Tony ဟာကမ္ဘာ့အဆင့် No.5 Actionမင်းသားဖြစ်သလို ဒီ၅ဦးထဲအသက်အငယ်ဆုံးပါ။Tony ဟာ၂၁ရာစုမင်းသားတွေထဲကမ္ဘာ့No.1အက်ရှင်မင်းသားပါ။Tony ဟာထိုင်းရဲ့ No.1မင်းသားအဖြစ်၂၁ရာစုသူ့ကားတွေကစံချိန်ဝင်ခဲ့သူပါ။

Tony ဟာလက်ရှိမှာဂျက်ကီချမ်းရဲ့သိုင်းသင်တန်းကျောင်းမှာနည်းပြအဖြစ်ယာထားခြင်းခံရသူပါ။Tony ဟာဗန်ဒိန်းအကြိုက်ဆုံးအာရှလူငယ်မင်းသားပါ။Tony ဟာယနေ့ချိန်ထိအီစံလူမျိုးစုကိုမမေ့တဲ့အပြင်ဘုန်းတော်ကြီးသင်ကျောင်းတွေပါလှူတန်းပေးနေသူပါ။

ထက်ဝန

ရေးသားသူ-ထက်ဝန

Via:မဟာခေတ်သစ်မီဒီယာ

Ref;Twitch Film Website/Thia Movie Star;Tony Jaa

Ong Bak;Mookhood Child