ကိုဗစ် ကူးစက် ခံရမှုမှ ပြန်လည် ကျန်းမာလာခဲ့ပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa

ကိုဗစ် ကူးစက် ခံရမှုမှ ပြန်လည် ကျန်းမာလာခဲ့ပြီဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa

BLACKPINK အဖွဲ့ဝင် Lisa ကတော့ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် ပရိသတ်တွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အလုပ်တွေမအားလပ်နိုင်အောင်ရှိနေတဲ့ Lisa ကတော့ အလုပ်တွေရပ်နားထားပြီး self-quarantine ဝင်ကာ ကိုဗစ်ရောဂါကို ကုသမှုခံယူနေခဲ့တာပါ။

ဒီနေ့မှာတော့ သက်သာပျောက်ကင်းသွားပြီဖြစ်ပြီး self-quarantine မှကာလပြီးဆုံးသွားပြီဖြစ်ကြောင်းကို အေဂျင်စီမှ စာတစ်စောင်ထုတ်ကာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

“Lisa ဟာနေအိမ်မှာပဲ ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီး အစိုးရကျန်းမာရေးအာဏာပိုင်တွေက ဗိုင်းရပ်စ်ဆက်လက်ပြန့်ပွားနိုင်ချေမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီနေ့(၁၂)နာရီကစပြီး self-quarantine ပြီးဆုံးသွားပါပြီ။ ဒါ့အပြင် အခြားသော BLACKPINK အဖွဲ့ဝင်တွေဟာလည်း ကာကွယ်ဆေးထိုးနှံထားပြီး

self- quarantine ဝင်ရန်မလိုသောသူများဖြစ်ကြောင်းနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့်ချိန်းဆိုမှုတွေကလွဲပြီး ပြင်ပကိုသွားရမယ့်ကိစ္စတွေကို လျှော့ချထားကြောင်း” အသိပေးခဲ့ပါတယ်။

ဒါ့အပြင်ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းနဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းလိုက်နာကာ အနုပညာရှင်တွေ ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို စောင့်ရှောက်သွားမယ့်အကြောင်း ရေးသားခဲ့ပါတယ်။

Lisa ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းအတွက်ပျော်ရွှင်နေကြပြီး နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း ရင်ခုန်နေမှာ အမှန်ပါပဲနော်။

Credit CeleGabar

ကိုဗစ္ ကူးစက္ ခံရမႈမွ ျပန္လည္ က်န္းမာလာခဲ့ၿပီျဖစ္တဲ့ Lisa

BLACKPINK အဖြဲ႕ဝင္ Lisa ကေတာ့ ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ ပရိသတ္ေတြ စိုးရိမ္ပူပန္ခဲ့ၾကပါတယ္။

ကမာၻေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ အလုပ္ေတြမအားလပ္နိုင္ေအာင္ရွိေနတဲ့ Lisa ကေတာ့ အလုပ္ေတြရပ္နားထားၿပီး self-quarantine ဝင္ကာ ကိုဗစ္ေရာဂါကို ကုသမႈခံယူေနခဲ့တာပါ။

ဒီေန႕မွာေတာ့ သက္သာေပ်ာက္ကင္းသြားၿပီျဖစ္ၿပီး self-quarantine မွကာလၿပီးဆုံးသြားၿပီျဖစ္ေၾကာင္းကို ေအဂ်င္စီမွ စာတစ္ေစာင္ထုတ္ကာ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

“Lisa ဟာေနအိမ္မွာပဲ ေဆးကုသမႈခံယူေနခဲ့တာျဖစ္ၿပီး အစိုးရက်န္းမာေရးအာဏာပိုင္ေတြက ဗိုင္းရပ္စ္ဆက္လက္ျပန႔္ပြားနိုင္ေခ်မရွိေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ၿပီ ျဖစ္ပါတယ္။

ဒီေန႕(၁၂)နာရီကစၿပီး self-quarantine ၿပီးဆုံးသြားပါၿပီ။ ဒါ့အျပင္ အျခားေသာ BLACKPINK အဖြဲ႕ဝင္ေတြဟာလည္း ကာကြယ္ေဆးထိုးႏွံထားၿပီး

self- quarantine ဝင္ရန္မလိုေသာသူမ်ားျဖစ္ေၾကာင္းနဲ႕ မျဖစ္မေနလုပ္ေဆာင္ရမယ့္ခ်ိန္းဆိုမႈေတြကလြဲၿပီး ျပင္ပကိုသြားရမယ့္ကိစၥေတြကို ေလွ်ာ့ခ်ထားေၾကာင္း” အသိေပးခဲ့ပါတယ္။

ဒါ့အျပင္ပရိသတ္ေတြကိုေက်းဇူးတင္ေၾကာင္းနဲ႕ လုပ္ထုံးလုပ္နည္းေတြအတိုင္းလိုက္နာကာ အႏုပညာရွင္ေတြ ဝန္ထမ္းေတြရဲ႕က်န္းမာေရးကို ေစာင့္ေရွာက္သြားမယ့္အေၾကာင္း ေရးသားခဲ့ပါတယ္။

Lisa ရဲ႕ ပရိသတ္ေတြကေတာ့ ဒီသတင္းအတြက္ေပ်ာ္႐ႊင္ေနၾကၿပီး ေနာက္ထပ္အႏုပညာလႈပ္ရွားမႈေတြကိုလည္း ရင္ခုန္ေနမွာ အမွန္ပါပဲေနာ္။

Credit CeleGabar