ကလေး သရုပ်ဆောင် ဘဝကနေ အရွယ်ရောက်ပြီး အောင်မြင်လာကြတဲ့ အနုပညာရှင်များ

ကလေး သရုပ်ဆောင် ဘဝကနေ အရွယ်ရောက်ပြီး အောင်မြင်လာကြတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ ငယ်စဉ်ကတည်းကကလေးသရုပ်ဆောင်အနေနဲ့ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားပြီးလက်ရှိအချိန်မှာလည်း အောင် မြင်မှုတွေရရှိကာကလေးသရုပ်ဆောင်ဘဝကနေ အရွယ်ရောက်ပြီးလူကြီးသရုပ်ဆောင်ဖြစ်လာတဲ့အနုပညာရှင်လေး(၃)ယောက်အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။ သူတို့(၃)ယောက်ကတော့

(၁) ယွန်းယွန်း

ယွန်းယွန်းကတော့ငယ်စဉ်ကလေးဘဝကတည်းကသရုပ်ဆောင်ကောင်းလွန်းလှတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ကလေးသရုပ်ဆောင်တစ်ယောက်ပါ။

အနုပညာမှာပါရမီပါတဲ့သူတစ်ယောက်လို့ ဆိုရလောက်တဲ့အထိကိုသရုပ်ဆောင်ပီပြင်လွန်းလှပြီး ကလေးသရုပ်ဆောင်အကယ်ဒမီဆုကြီးကို ရရှိထားတဲ့အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

(၂) အိစိကွေး

အိစိကွေးကတော့ငယ်စဉ်ကတည်းကသရုပ်ဆောင်တစ်ယောက်အနေနဲ့အနုပညာလောကမှာအောင်မြင်စွာရပ်တည်နေပြီး ဇာတ်ကားတိုင်းမှာကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ် ဆောင်ထားနိုင်တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာဆိုရင်တော့အသက် (၁၉)နှစ်အရွယ်အထိကို ရောက်ရှိနေပြီဖြစ်ပြီးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင် မြင်မှုတွေ ရရှိနေစဲပါ။ အခုနောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အပြင် အဆို တော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာကိုလည်းတွေ့မြင်ရပါတယ်။

(၃)အေးမြဖြူ

အေးမြဖြူကတော့ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့သလိုကလေးသရုပ်ဆောင်အနေနဲ့လည်းရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးခဲ့ပါသေးတယ်။အေးမြဖြူဟာအချိန်ကာလတစ်ခုတာပညာရေးဘက်ကို ဦးစားပေးခဲ့တာကြောင့် အနုပညာအလုပ်တွေကိုခဏတာရပ်နားခဲ့ပြီး ပြီးခဲ့တဲ့လအနည်းငယ်ကကျင်းပပြုလုပ်ခဲ့တဲ့Myanmar Idol Season (4)ပြိုင်ပွဲကြီးကိုပါဝင်ယှဉ်ပြိုင်ခဲ့ရာကနေ

အနုပညာလောကထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ပြန်လည်ရောက်ရှိလာချိန်မှာလည်း အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုကိုအပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့ပြီးလက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံခဲ့ရပြီး သရုပ်ဆောင်တစ်ယောက်အနေပါ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်နေပါတယ်။

ဟိုးငယ်စဉ်ကလေးဘဝထဲ ယနေ့အချိန်အထိ ပရိသတ်တွေကြားမှာ နာမည်ကြီးနေဆဲဖြစ်တဲ့အပြင် အများစုကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ကျော်ကြားအောင်မြင်နေဆဲ ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင် ဘဝထဲက အောင် မြင်ခဲ့ကြပြီး ခုချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူတွေကတော့ ယွန်းယွန်း၊ အိစိကွေး၊အားသစ်၊ အိန္ဒြာမိုးမြင့် တို့ကတော့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပြီး စုမေ၊ ဟဲဗီးဖြိုးနဲ့ ပိုးဖြူသဲ တို့ကတော့ အနု ပညာ အလုပ်တွေကို ဆက်လက်မလုပ် ကိုင်ဖြစ်ကြတော့ပါဘူး။

အားသစ်

ယွန်းယွန်းလိုဘဲ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတဲ့ သူတွေကတော့ အားသစ်နဲ့ အိန္ဒြာမိုးမြင့်တို့ဖြစ်ပြီး သရုပ် ဆောင်ပိုင်းသာမကအဆိုပိုင်းတွေမှာပါ အောင်မြင်မှုတစ်ချို့ရှိနေသူကတော့ အိစိကွေးဘဲဖြစ်ပါတယ်။

သူတို့နဲ့ တစ်ခေတ်ထဲ ရုပ်ရှင်ကားတွေရိုက်ကူးခဲ့ကြတဲ့ တခြားသရုပ်ဆောင်တွေကတော့ စုမေ၊ ဟဲဗီးဖြိုးနဲ့ ပိုးဖြူသဲတို့ဘဲဖြစ်ပါတယ်။သူတို့တွေကတော့အနုပညာအ လုပ်တွေကို ဆက်လက်မလုပ်ကိုင်တော့ဘဲ ပညာရေးတွေနဲ့ စီးပွားရေးဘက်ကို ကြိုးစားလုပ်ကိုင်နေကြတာဘဲ ဖြစ်ပါတယ်။

Credit

ကေလး သ႐ုပ္ေဆာင္ ဘဝကေန အ႐ြယ္ေရာက္ၿပီး လူႀကီးသ႐ုပ္ေဆာင္ျဖစ္လာၾကတဲ့ အႏုပညာရွင္မ်ား

ပရိသတ္ႀကီးေရ ငယ္စဥ္ကတည္းကကေလးသ႐ုပ္ေဆာင္အေနနဲ႕ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကိုအျပည့္အဝရရွိထားၿပီးလက္ရွိအခ်ိန္မွာလည္း ေအာင္ ျမင္မႈေတြရရွိကာကေလးသ႐ုပ္ေဆာင္ဘဝကေန အ႐ြယ္ေရာက္ၿပီးလူႀကီးသ႐ုပ္ေဆာင္ျဖစ္လာတဲ့အႏုပညာရွင္ေလး(၃)ေယာက္အေၾကာင္းကို ေဖာ္ျပမွာျဖစ္ပါတယ္။ သူတို႔(၃)ေယာက္ကေတာ့

(၁) ယြန္းယြန္း

ယြန္းယြန္းကေတာ့ငယ္စဥ္ကေလးဘဝကတည္းကသ႐ုပ္ေဆာင္ေကာင္းလြန္းလွတာေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကိုအျပည့္အဝရရွိထားတဲ့ကေလးသ႐ုပ္ေဆာင္တစ္ေယာက္ပါ။

အႏုပညာမွာပါရမီပါတဲ့သူတစ္ေယာက္လို႔ ဆိုရေလာက္တဲ့အထိကိုသ႐ုပ္ေဆာင္ပီျပင္လြန္းလွၿပီး ကေလးသ႐ုပ္ေဆာင္အကယ္ဒမီဆုႀကီးကို ရရွိထားတဲ့အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(၂) အိစိေကြး

အိစိေကြးကေတာ့ငယ္စဥ္ကတည္းကသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕အႏုပညာေလာကမွာေအာင္ျမင္စြာရပ္တည္ေနၿပီး ဇာတ္ကားတိုင္းမွာက်ရာဇာတ္႐ုပ္တိုင္းကိုပီျပင္ေအာင္သ႐ုပ္ ေဆာင္ထားနိုင္တဲ့ သူတစ္ေယာက္ပါ။

လက္ရွိမွာဆိုရင္ေတာ့အသက္ (၁၉)ႏွစ္အ႐ြယ္အထိကို ေရာက္ရွိေနၿပီျဖစ္ၿပီးသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕ ေအာင္ ျမင္မႈေတြ ရရွိေနစဲပါ။ အခုေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ေယာက္အျပင္ အဆို ေတာ္တစ္ေယာက္အေနနဲ႕ပါ အႏုပညာအလုပ္ေတြကို ပိုမိုလုပ္ကိုင္ေနတာကိုလည္းေတြ႕ျမင္ရပါတယ္။

(၃)ေအးျမျဖဴ

ေအးျမျဖဴကေတာ့ငယ္စဥ္ကတည္းကသီခ်င္းဆိုၿပိဳင္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့သလိုကေလးသ႐ုပ္ေဆာင္အေနနဲ႕လည္း႐ုပ္ရွင္ဇာတ္ကားေတြကိုရိုက္ကူးခဲ့ပါေသးတယ္။ေအးျမျဖဴဟာအခ်ိန္ကာလတစ္ခုတာပညာေရးဘက္ကို ဦးစားေပးခဲ့တာေၾကာင့္ အႏုပညာအလုပ္ေတြကိုခဏတာရပ္နားခဲ့ၿပီး ၿပီးခဲ့တဲ့လအနည္းငယ္ကက်င္းပျပဳလုပ္ခဲ့တဲ့Myanmar Idol Season (4)ၿပိဳင္ပြဲႀကီးကိုပါဝင္ယွဥ္ၿပိဳင္ခဲ့ရာကေန

အႏုပညာေလာကထဲကိုျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ျပန္လည္ေရာက္ရွိလာခ်ိန္မွာလည္း အဆိုေတာ္တစ္ေယာက္အေနနဲ႕ ပရိသတ္အားေပးမႈကိုအျပည့္အဝသိမ္းပိုက္ထားနိုင္ခဲ့ၿပီးလက္ရွိမွာလည္း႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္ရိုက္ကူးဖို႔ကမ္းလွမ္းခံခဲ့ရၿပီး သ႐ုပ္ေဆာင္တစ္ေယာက္အေနပါ အႏုပညာအလုပ္ေတြကို ႀကိဳးႀကိဳးစားစားလုပ္ကိုင္ေနပါတယ္။

ဟိုးငယ္စဥ္ကေလးဘဝထဲ ယေန႕အခ်ိန္အထိ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေနဆဲျဖစ္တဲ့အျပင္ အမ်ားစုကေတာ့ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ရင္း ေက်ာ္ၾကားေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။

ကေလးသ႐ုပ္ေဆာင္ ဘဝထဲက ေအာင္ ျမင္ခဲ့ၾကၿပီး ခုခ်ိန္ထိ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနတဲ့ သူေတြကေတာ့ ယြန္းယြန္း၊ အိစိေကြး၊အားသစ္၊ အိႏၵျာမိုးျမင့္ တို႔ကေတာ့အႏုပညာအလုပ္ေတြကိုဆက္လက္လုပ္ကိုင္ေနၿပီး စုေမ၊ ဟဲဗီးၿဖိဳးနဲ႕ ပိုးျဖဴသဲ တို႔ကေတာ့ အႏု ပညာ အလုပ္ေတြကို ဆက္လက္မလုပ္ ကိုင္ျဖစ္ၾကေတာ့ပါဘူး။

အားသစ္

ယြန္းယြန္းလိုဘဲ အႏုပညာလႈပ္ရွားမႈေတြ လုပ္ေဆာင္ေနၾကတဲ့ သူေတြကေတာ့ အားသစ္နဲ႕ အိႏၵျာမိုးျမင့္တို႔ျဖစ္ၿပီး သ႐ုပ္ ေဆာင္ပိုင္းသာမကအဆိုပိုင္းေတြမွာပါ ေအာင္ျမင္မႈတစ္ခ်ိဳ႕ရွိေနသူကေတာ့ အိစိေကြးဘဲျဖစ္ပါတယ္။

သူတို႔နဲ႕ တစ္ေခတ္ထဲ ႐ုပ္ရွင္ကားေတြရိုက္ကူးခဲ့ၾကတဲ့ တျခားသ႐ုပ္ေဆာင္ေတြကေတာ့ စုေမ၊ ဟဲဗီးၿဖိဳးနဲ႕ ပိုးျဖဴသဲတို႔ဘဲျဖစ္ပါတယ္။သူတို႔ေတြကေတာ့အႏုပညာအ လုပ္ေတြကို ဆက္လက္မလုပ္ကိုင္ေတာ့ဘဲ ပညာေရးေတြနဲ႕ စီးပြားေရးဘက္ကို ႀကိဳးစားလုပ္ကိုင္ေနၾကတာဘဲ ျဖစ္ပါတယ္။

Credit