(၅) လသား အရွယ်သာရှိသေးတဲ့ သမီးလေးကို ပြင်ဆင်ပေးချင် တာတွေများပြီး သည်းသည်းလှုပ် ဖြစ်နေတဲ့ စည်ဖြိုး

(၅) လသား အရွယ်သာရှိသေးတဲ့ သမီးလေးကို ပြင်ဆင်ပေးချင် တာတွေများပြီး သည်းသည်းလှုပ် ဖြစ်နေတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝကတည်းက လိုက် ဖက်လွန်းတဲ့စုံတွဲတွေအဖြစ် ပရိ သတ်တွေရဲ့သက်မှတ်ခြင်းခံရတာပဲဖြစ်ပါတယ်။ချစ်သူဘဝမှာကတည်းက ရင် သွေးလေးကို ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့သမီးလေးကလည်း လူ့လောကကြီးထဲကိုရောက်ရှိလာပြီဖြစ်ပြီး ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်လို့နေပြီဖြစ်ပါတယ်။

စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့သမီးလေး Shandra က အခုဆိုရင် (၅)လကျော်အရွယ်လသားလေးပဲရှိပေမယ့် စည်ဖြိုးကတော့သမီးလေးနဲ့ပက်သတ်ပြီး စိတ် ကူးယဉ် သည်းသည်းလှုပ်နေတဲ့အ ကြောင်းကို ခင်လွှမ်းက အခုလိုပဲပြောပြလာပါတယ်။ “Shandra အဖေလေ ဖိနပ်ပုံတေကြည့်ပြီး သူ့သမီးကို လမ်းမြန်မြန်လျှောက်စေချင်နေပြီတဲ့ သူ့သမီးက ခုမှ ၅လခွဲ ” ဆိုပြီး ပြောလာပါတယ်။

စည်ဖြိုးကတော့ လေးဘက်တောင်မသွားသေးတဲ့ (၅)လခွဲအရွယ်သာရှိသေးတဲ့ သမီး လေးကိုဆင်ပေးချင်တာတွေများပြီး သည်းသည်းလှုပ်ဖြစ်နေတာပဲဖြစ်ပါတယ်။

Source: Khin Hlwan’s fb





Source: Khin Hlwan’s fb