ဒီနှစ်မှာတော့ တမူထူးခြားလှတဲ့ မွေးနေ့လက်ဆောင်ကို အမာခံပရိသတ်တွေဆီကနေ လက်ခံရရှိခဲ့တဲ့ အောင်မင်းခန့်

ဒီနှစ်မှာတော့ တမူထူးခြားလှတဲ့ မွေးနေ့လက်ဆောင်ကို အမာခံပရိသတ်တွေဆီကနေ လက်ခံရရှိခဲ့တဲ့ အောင်မင်းခန့်

ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲကအချစ်တော် သရုပ်ဆောင်မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော အောင်မင်းခန့်ကတော့ ဒီနေ့မှာ အသက် (၃၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

အောင်မင်းခန့်ကရဲ့ပရိသတ်တွေကတော့ ဒီနေ့မှာကျရောက်တဲ့အောင်မင်းခန့်ရဲ့ မွေးနေ့အတွက်ကိုအသုံးဆောင်ပစ္စည်းတွေလက်ဆောင်ပေးတာမျိုးမဟုတ်ဘဲ ကုသိုလ်တွေအများကြီးရရှိတဲ့ မွေးနေ့အလှူလေးကိုပြုလုပ်ပြီး လက်ဆောင်အနေနဲ့ ပေးခဲ့ကြပါတယ်။

အောင်မင်းခန့်ရဲ့ အမာခံပရိသတ်တွေက Better Future လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှာ လိုအပ်တဲ့ လူမှုကူညီရေးတွေလုပ်ဆောင်ရာမှာအသုံးပြုနိုင်ဖို့အတွက် အောင်မင်းခန့်ရဲ့ မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အောင်မင်းခန့်တော့ သူ့ပရိသတ်တွေပေးတဲ့ မွန်မြတ်လှတဲ့ မွေးနေ့လက်ဆောင် အလှူလေးကြောင့် ပီတိဖြစ်နေခဲ့ပြီး သူ့ရဲ့My Story လေးကနေ ပရိသတ်တွေရဲ့အလှူလေးကို မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ အောင်မင်းခန့်ရဲ့မွေးနေ့အတွက်သူ့ရဲ့ပရိသတ်တွေပေးတဲ့မွေးနေ့လက်ဆောင်လေးကတော့ တကယ်ကို အကျိုးရှိပြီးကုသိုလ်တွေရတဲ့ မွေးနေ့လက်ဆောင်လေးပါပဲနော်။

Source – Aung Min Khant

Credit Celezone






Source – Aung Min Khant

Credit Celezone

Leave a Comment