Squid Game ဇာတ်လမ်းတွဲ ကြည့်တဲ့ ကျောင်းသားများကို ဖမ်းဆီးပြီး ဖြန့်ဖြူးသူ အား သေဒဏ်ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား

တောင်ကိုရီးယားက နာမည်ကြီး Squid Game ဇာတ်လမ်းတွဲကြည့်ရှုနေတဲ့ အထက်တန်းကျောင်းသား ၇ ဦးကို အစိုးရတာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပြီးနောက် ထိုဇာတ်လမ်းတွဲခိုးသွင်းရောင်းချသူကို မြောက်ကိုရီးယားနိုင်ငံက သေဒဏ်ချမှတ်ခဲ့ကြောင်း RFA သတင်းဌာနကို ပြောကြားသွားပါတယ်။

ခိုးသွင်းရောင်းချတဲ့သူက Squid Game ဇာတ်လမ်းတွဲကော်ပီကို တရုတ်ကနေယူဆောင်လာပြီး မြောက်ကိုရီးယားနိုင်ငံအတွင်း USB မန်မိုရီစတစ်ထဲထည့်ကူးကာ ရောင်းချနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ထိုလူကို သေနတ်ပစ်သတ်ပြီး သေဒဏ်ချမှတ်သွားမှာဖြစ်ကြောင်း သတင်းရရှိထားပါတယ်။

မန်မိုရီစတစ်ဝယ်ယူလာတဲ့ ကျောင်းသားကို တသက်တစ်ကျွန်းထောင်ဒဏ် ချမှတ်လိုက်ပြီး ဇာတ်လမ်းတွဲကြည့်ရှုခဲ့တဲ့ ကျန် ၆ ယောက်ကိုတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ပါတယ်။

ထိုကျောင်းမှ ဆရာတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို အလုပ်ထုတ်လိုက်ပြီး သတ္တုမိုင်းတူးဖော်ရေးမှာ အလုပ်လုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားအာဏာပိုင်တွေက နိုင်ငံခြားမီဒီယာတွေရဲ့ အာရုံစိုက်ခြင်းမခံရအောင် လုပ်ဆောင်နေပေမယ့် Squid Game ဇာတ်လမ်းတွဲကော်ပီတွေ ရောက်ရှိနေကြောင်း RFA သတင်းဌာနက ပြီးခဲ့တဲ့အပတ်က သတင်းတင်ပို့ထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ငွေကြေးခက်ခဲနေတဲ့လူတွေက များပြားလှတဲ့ဆုကြေးရရှိဖို့အတွက် ကလေးကစားနည်းတွေကစားရပြီး ပြိုင်ပွဲမှာရှုံးတဲ့လူတွေကတော့ အသတ်ခံရတဲ့ဇာတ်လမ်းဖြစ်ကာ မြောက်ကိုရီးယားမှ အလုပ်အကိုင်တွေ အန္တရာယ်များပြီးခက်ခဲပုံနဲ့ ဆင်တူသယောင်ဖြစ်နေကြောင်း သတင်းမှာဖော်ပြထားပါတယ်။

“အထက်တန်းကျောင်းသားတစ်ဦးက တောင်ကိုရီးယားဇာတ်လမ်းတွဲပါဝင်တဲ့ USB မန်မိုရီစတစ်လေးကို စပြီးယူဆောင်လာပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အတန်းထဲမှာ အဲဒီဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ကြတယ်”လို့ တရားဥပဒေစိုးမိုးရေးမှ သတင်းတင်ပို့ထားပါတယ်။

နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးတဲ့ဥပဒေအရ ဒီကျောင်းသား ၇ ယောက်ကို ပထမဆုံးအနေနဲ့ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။တောင်ကိုရီးယားနဲ့ အမေရိကန်တို့လို စီးပွားရေးအင်အားကြီးနိုင်ငံတွေမှ ဖျော်ဖြေတင်ဆက်ရေးအကြောင်းအရာတွေကို

ဖြန့်ဖြူးခြင်း၊ လက်ဝယ်သိမ်းဆည်းထားခြင်းနဲ့ ကြည့်ရှုခြင်းတို့အတွက် မြောက်ကိုရီးယားနိုင်ငံမှာ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိချမှတ်သွားမယ့်ဥပဒေကို ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့ပါတယ်။

မြောက်ကိုရီးယားမှပြည်သူတွေကတော့ ကျောင်းသားလေးတွေ ညှင်းပန်းနှိပ်စက်ခံရမှာကို စိုးရွံ့နေကြပါတယ်။အစိုးရကဘယ်လိုပဲ ရှာဖွေဖမ်းဆီးနေသည်ဖြစ်စေ ဖမ်းဆီးခံရတဲ့ကျောင်းသား ၇ ဦးထဲက ချမ်းသာတဲ့မိဘရဲ့ ကလေးတစ်ဦးကတော့ အစိုးရကို အမေရိကန်ဒေါ်လာ ၃၀၀၀ လာဘ်ထိုးခဲ့တာကြောင့် ပြစ်ဒဏ်ကင်းလွတ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Source: RFA

Zawgyi

ေတာင္ကိုရီးယားက နာမည္ႀကီး Squid Game ဇာတ္လမ္းတြဲၾကည့္႐ႈေနတဲ့ အထက္တန္းေက်ာင္းသား ၇ ဦးကို အစိုးရတာဝန္႐ွိသူေတြက ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ထိုဇာတ္လမ္းတြဲခိုးသြင္းေရာင္းခ်သူကို ေျမာက္ကိုရီးယားႏိုင္ငံက ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း RFA သတင္းဌာနကို ေျပာၾကားသြားပါတယ္။

ခိုးသြင္းေရာင္းခ်တဲ့သူက Squid Game ဇာတ္လမ္းတြဲေကာ္ပီကို တ႐ုတ္ကေနယူေဆာင္လာၿပီး ေျမာက္ကိုရီးယားႏိုင္ငံအတြင္း USB မန္မိုရီစတစ္ထဲထည့္ကူးကာ ေရာင္းခ်ေနျခင္းျဖစ္တယ္လို႔ သိရပါတယ္။ထိုလူကို ေသနတ္ပစ္သတ္ၿပီး ေသဒဏ္ခ်မွတ္သြားမွာျဖစ္ေၾကာင္း သတင္းရ႐ွိထားပါတယ္။

မန္မိုရီစတစ္ဝယ္ယူလာတဲ့ ေက်ာင္းသားကို တသက္တစ္ကြၽန္းေထာင္ဒဏ္ ခ်မွတ္လိုက္ၿပီး ဇာတ္လမ္းတြဲၾကည့္႐ႈခဲ့တဲ့ က်န္ ၆ ေယာက္ကိုေတာ့ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၅ ႏွစ္စီခ်မွတ္လိုက္ပါတယ္။

ထိုေက်ာင္းမွ ဆရာေတြနဲ႔ အုပ္ခ်ဳပ္ေရးတာဝန္႐ွိသူေတြကို အလုပ္ထုတ္လိုက္ၿပီး သတၱဳမိုင္းတူးေဖာ္ေရးမွာ အလုပ္လုပ္ဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားအာဏာပိုင္ေတြက ႏိုင္ငံျခားမီဒီယာေတြရဲ႕ အာ႐ုံစိုက္ျခင္းမခံရေအာင္ လုပ္ေဆာင္ေနေပမယ့္ Squid Game ဇာတ္လမ္းတြဲေကာ္ပီေတြ ေရာက္႐ွိေနေၾကာင္း RFA သတင္းဌာနက ၿပီးခဲ့တဲ့အပတ္က သတင္းတင္ပို႔ထားပါတယ္။

ဒီဇာတ္လမ္းတြဲမွာ ေငြေၾကးခက္ခဲေနတဲ့လူေတြက မ်ားျပားလွတဲ့ဆုေၾကးရ႐ွိဖို႔အတြက္ ကေလးကစားနည္းေတြကစားရၿပီး ၿပိဳင္ပြဲမွာ႐ႈံးတဲ့လူေတြကေတာ့ အသတ္ခံရတဲ့ဇာတ္လမ္းျဖစ္ကာ ေျမာက္ကိုရီးယားမွ အလုပ္အကိုင္ေတြ အႏၲရာယ္မ်ားၿပီးခက္ခဲပုံနဲ႔ ဆင္တူသေယာင္ျဖစ္ေနေၾကာင္း သတင္းမွာေဖာ္ျပထားပါတယ္။

“အထက္တန္းေက်ာင္းသားတစ္ဦးက ေတာင္ကိုရီးယားဇာတ္လမ္းတြဲပါဝင္တဲ့ USB မန္မိုရီစတစ္ေလးကို စၿပီးယူေဆာင္လာပါတယ္။ သူ႕ရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ အတန္းထဲမွာ အဲဒီဇာတ္လမ္းတြဲကို ၾကည့္႐ႈခဲ့ၾကတယ္”လို႔ တရားဥပေဒစိုးမိုးေရးမွ သတင္းတင္ပို႔ထားပါတယ္။

ႏိုင္ငံရဲ႕ ႐ိုးရာယဥ္ေက်းမႈကို ဖ်က္ဆီးတဲ့ဥပေဒအရ ဒီေက်ာင္းသား ၇ ေယာက္ကို ပထမဆုံးအေနနဲ႔ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔လို စီးပြားေရးအင္အားႀကီးႏိုင္ငံေတြမွ ေဖ်ာ္ေျဖတင္ဆက္ေရးအေၾကာင္းအရာေတြကို

ျဖန္႔ျဖဴးျခင္း၊ လက္ဝယ္သိမ္းဆည္းထားျခင္းနဲ႔ ၾကည့္႐ႈျခင္းတို႔အတြက္ ေျမာက္ကိုရီးယားႏိုင္ငံမွာ အျမင့္ဆုံးျပစ္ဒဏ္ ေသဒဏ္အထိခ်မွတ္သြားမယ့္ဥပေဒကို ၿပီးခဲ့တဲ့ႏွစ္က ျပဌာန္းခဲ့ပါတယ္။

ေျမာက္ကိုရီးယားမွျပည္သူေတြကေတာ့ ေက်ာင္းသားေလးေတြ ညႇင္းပန္းႏွိပ္စက္ခံရမွာကို စိုး႐ြံ႕ေနၾကပါတယ္။အစိုးရကဘယ္လိုပဲ ႐ွာေဖြဖမ္းဆီးေနသည္ျဖစ္ေစ ဖမ္းဆီးခံရတဲ့ေက်ာင္းသား ၇ ဦးထဲက ခ်မ္းသာတဲ့မိဘရဲ႕ ကေလးတစ္ဦးကေတာ့ အစိုးရကို အေမရိကန္ေဒၚလာ ၃၀၀၀ လာဘ္ထိုးခဲ့တာေၾကာင့္ ျပစ္ဒဏ္ကင္းလြတ္ခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

Source: RFA

Leave a Comment