ကုသိုလ် ကောင်းမှုတစ်ခု ပြုလုပ်ရင်း (၇) ရက် သားသမီးများ အတွက်ပါ မေတ္တာပို့ ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ကုသိုလ် ကောင်းမှုတစ်ခု ပြုလုပ်ရင်း (၇) ရက် သားသမီးများ အတွက်ပါ မေတ္တာပို့ ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦးခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။မြန်မာနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာအခိုင်အမာနေရာယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။ Live Sale တွေမှာလည်း အမြဲလိုလိုတွေ့မြင်နေရတဲ့မထက်ကတော့သူမရဲ့လှုပ် ရှားမှုတွေကို ဝေမျှတတ်သလို အလှူ အတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ် ။

အခုလည်း ဆရာတော်ဘုရားဆီမှာ မွန်မြတ်သော အလှူအတန်းများစွာ ပြုလုပ်ခဲ့ပါတယ် ။ အလှူပုံတွေနဲ့အတူ ” အခက်အခဲအမျိုးမျိုးကြားထဲက အသက်ရှင်သန်ခွင့်ရနေတာဟာ ပြုရဦးမယ့် ကုသိုလ်ကောင်းမှုတွေ ကျန်နေသေးတယ်လို့ ပဲလို့ထက်ကတော့ ယူဆပါတယ်။

လောကဓံရဲ့ ဝဋ်ကြွေးတွေကြား ကုသိုလ်တွေအများကြီးထပ်ပြုဦးမယ်။ ၇ ရက် သားသမီးအားလုံးအတွက် ကုသိုလ်တွေ အမြဲပြုပေး မေတ္တာတွေ အမြဲပို့ပေးနေပါတယ်။ ”ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Yaungchi

Photo – Htet Htet Moe Oo





Credit – Yaungchi

Photo – Htet Htet Moe Oo

Leave a Comment