ကိုယ်တိုင် ကြိုးစားပြီး ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ အသက်(၁၇)နှစ်အရွယ်မှာ ကားတစ်စီးဝယ်စီးနိုင်ပြီဖြစ်တဲ့ Teddy

ကိုယ်တိုင် ကြိုးစားပြီး ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ အသက်(၁၇)နှစ်အရွယ်မှာ ကားတစ်စီးဝယ်စီးနိုင်ပြီဖြစ်တဲ့ Teddy

ပရိသတ်ကြီးရေ Beauty by Teddyကို အထူး မိတ်ဆက်ပြောစရာမလိုအောင်သိကြမှာပါ။အသက်ငယ်ငယ်လေးနဲ့beauty bloggerလောကမှာ နေရာတစ်ခုနဲ့ရပ်တည်အခြေချထားနိုင်တဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်။အမြဲသွက်လက်တဲ့အပြောလေးတွေနဲ့ လူငယ်ပီပီပွင့်လင်း တက်ကြွလွန်းတဲ့သူ့ကို စီနီယာbeauty bloggerတွေကအစချီးကျူးရတဲ့သူလေးပါ။

Teddyအနေနဲ့လက်ရှိမှာတော့ အသက်၁ရနှစ်အရွယ်မှာ သူ့ရဲ့ လုပ်အားနဲ့ပိုင်ဆိုင်ခဲ့တာလေးကိုချပြခဲ့ တာပါ။”အသက်၁ရနှစ်မှာကိုယ်ပိုင်ကားတစ်စီးဝယ်နိုင်ခဲ့ပါပြီ။၂ လပိုင်းထဲကားလေးတစ်စီးဝယ်ဖို့ပြည့်ခါနီးမှာ

ဒီကိစ္စတွေကြောင့် အဲ့အချိန်မှာလိုအပ်နေတဲ့သူတွေကိုပတ်လှူတာ အလုပ်ပြန်လုပ်တော့ ၅ သိန်းဘဲ ကျန်တော့တယ် ဒါက ခုမှပြန်စစုပြီးဝယ်ခဲ့တာပါ လှူလဲလှူမယ် လိုချင်တာလဲဝယ်မယ်”ဆိုတဲ့စာလေးနဲ့အတူ videoဖိုင်လေးကို တင်လာခဲ့တာပါ။

အသက်(၁၇)နှစ်အရွယ်နဲ့ကိုယ်တိုင်ရှာဖွေထားတဲ့ငွေနဲ့ကားတစ်စီးပိုင်ဆိုင်နိုင်ခဲ့တာကတော့ တကယ့်ကို အထင်ကြီး ချီးကျူးစရာပါပဲနော်။ ပရိသတ်တွေလည်း Teddyအတွက် ဂုဏ်ပြုချီးကျူးစကားလေးပြော ခဲ့ကြပါဦးနော်။

Credit- CeleGabar

Source- Beauty by teddy




Credit- CeleGabar

Source- Beauty by teddy

Leave a Comment