လာရောက်ဝယ်ယူသူ အမျိုးသားများ နှင့် စည်ကားလျက်ရှိတဲ့ No Bra ဖြင့် ရောင်းတဲ့ တိုကျိုခေါက်မုန့်ဆိုင်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အသက် ၂၃ နှစ်အရွယ် သူနာပြုအကူ ကျောင်းသူ တစ်ဦးဟာ No Bra ဝတ်စုံဝတ်ပြီး တိုကျိုခေါက်မုန့် ရောင်းခဲ့ရာက လတ်တစ်လော သူမဆိုင်ဟာ လာရောက်စားသုံးသူတွေဟာ တန်းစီပြီး စောင့်ရလောက်အောင် ရောင်းကောင်းနေတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

သူမနာမည်က Olive ပါ သူမဟာလက်ရှိတွင် သူနာပြုအကူ ကျောင်းသူ တစ်ဦးဖြစ်ပြီး ကျောင်းတတ်နေရင်း အွန်လိုင်းစတိုးဆိုင်တစ်ဆိုင်ဖွင့်ထားသူလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ သူမရဲ့ အွန်လိုင်းစတိုးဆိုင်မှာ တင်ရောင်းတဲ့ အင်္ကျီတွေ ရောင်းအားကျ သွားခဲ့ရာက ချင်းမိုင်မှာသိပ်မရှိတဲ့ တိုကျိုခေါက်မုန့် ဆိုင်လေးဖွင့်ခဲ့တာပါ။

တိုကျိုခေါက်မုန့်ဆိုင် ဖွင့်ပြီး ၃ လ လောက်ဟာ သိပ်ရောင်းမကောင်းခဲ့ဘူးလို့ Olive ကပြောပါတယ်။ အဲဒီနောက် သူမဟာ အွန်လိုင်းစတိုးဖွင့်စဉ်က ကျန်ရှိနေသေးတဲ့ ဖက်ရှင်အင်္ကျီလေးကို

ဘရာမပါဘဲ ဝတ်ပြီး ရောင်းကြည့်ခဲ့တဲ့ နေ့ကစလို့ ယောင်္ကျားလေးတွေ ကျိတ်ကျိတ်တိုး လာရောက်အားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ထိုင်းမီဒီယာတွေက အကြိတ်အနယ်ဖေါ်ပြလို့ အခုဆိုရင် တစ်နိုင်ငံလုံးသူမကို သိနေကြ ပြီဖြစ်ပါတယ်။

NO Bra ဝတ်စုံဝတ်ပြီးရောင်းဖြစ်ခဲ့တဲ့အပေါ် မေးမြန်းခဲ့ရာ Olive က အရင်ကတည်းက သူမဟာ ခေတ်ရေစီးကြောင်းအတိုင်း ဖက်ရှင်အင်္ကျီတွေကို ဝတ်ဆင်တာ ဝါသနာပါသူဖြစ်ကြောင်း အခု သူမဝတ်တဲ့ No Bra ဝတ်စုံဟာလည်း ဖက်ရှင်အမြင်နဲ့ကြည့်မယ်ဆိုရင် ဖက်ရှင်တစ်မျိုးသာဖြစ်တယ်လို့သူမကပြောပါတယ်။

ထပ်မံပြီး သူမက သူမရဲ့ဆိုင်ကို လာရောက်အားပေးကြတဲ့သူအများစုဟာ ယောင်္ကျားလေးတွေ ဖြစ်ပြီး တိုကျိုခေါက်မုန့် ဝယ်တဲ့အပြင် ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်ဖို့လည်း သူမကို ခွင့်တောင်းကာ ဓာတ်ပုံတောင်း ရိုက်ကြတယ်လို့ဆိုပါတယ်။

No Bra တိုကျိုခေါက်မုန့်ဆိုင်ကို လာရောက် အားပေးတဲ့ အမျိုးသားတစ်ဦးကို မေးမြန်းကြည့်ခဲ့ရာ “ဆိုရှယ်မီဒီယာပေါ်မှာ တွေ့လို့ အိမ်တိုင်ယာရောက် လာအားပေးတာပါ။ ဒီလို ဆန်းပြားတဲ့ ပုံစံနဲ့ရောင်းတာ ကိုသဘောကျပါတယ်။

တိုကျိုခေါက်မုန့်က စားကောင်းတဲ့အပြင် ဈေးသည်က Sexy ကျ တော့ လန်းဆန်းသလို ခံစားရတယ် နောက်ဆိုလည်း အမြဲလာအားပေးမှာပါ” လို့ဖြေဆိုခဲ့ပါတယ်။

Credit Myanmar Live

Zawgyi

ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ အသက္ ၂၃ ႏွစ္အ႐ြယ္ သူနာျပဳအကူ ေက်ာင္းသူ တစ္ဦးဟာ No Bra ဝတ္စုံဝတ္ၿပီး တိုက်ိဳေခါက္မုန္႔ ေရာင္းခဲ့ရာက လတ္တစ္ေလာ သူမဆိုင္ဟာ လာေရာက္စားသုံးသူေတြဟာ တန္းစီၿပီး ေစာင့္ရေလာက္ေအာင္ ေရာင္းေကာင္းေနတယ္လို႔ ထိုင္းမီဒီယာေတြမွာ ေဖၚျပထားပါတယ္။

သူမနာမည္က Olive ပါ သူမဟာလက္႐ွိတြင္ သူနာျပဳအကူ ေက်ာင္းသူ တစ္ဦးျဖစ္ၿပီး ေက်ာင္းတတ္ေနရင္း အြန္လိုင္းစတိုးဆိုင္တစ္ဆိုင္ဖြင့္ထားသူလည္း ျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ သူမရဲ႕ အြန္လိုင္းစတိုးဆိုင္မွာ တင္ေရာင္းတဲ့ အက်ႌေတြ ေရာင္းအားက် သြားခဲ့ရာက ခ်င္းမိုင္မွာသိပ္မ႐ွိတဲ့ တိုက်ိဳေခါက္မုန္႔ ဆိုင္ေလးဖြင့္ခဲ့တာပါ။

တိုက်ိဳေခါက္မုန္႔ဆိုင္ ဖြင့္ၿပီး ၃ လ ေလာက္ဟာ သိပ္ေရာင္းမေကာင္းခဲ့ဘူးလို႔ Olive ကေျပာပါတယ္။ အဲဒီေနာက္ သူမဟာ အြန္လိုင္းစတိုးဖြင့္စဥ္က က်န္႐ွိေနေသးတဲ့ ဖက္႐ွင္အက်ႌေလးကို

ဘရာမပါဘဲ ဝတ္ၿပီး ေရာင္းၾကည့္ခဲ့တဲ့ ေန႔ကစလို႔ ေယာက်ၤားေလးေတြ က်ိက်ိတိုး လာေရာက္အားေပးခဲ့တာျဖစ္ၿပီး အခုဆိုရင္ ထိုင္းမီဒီယာေတြက အႀကိတ္အနယ္ေဖၚျပလို႔ အခုဆိုရင္ တစ္ႏိုင္ငံလုံးသူမကို သိေနၾက ၿပီျဖစ္ပါတယ္။

NO Bra ဝတ္စုံဝတ္ၿပီးေရာင္းျဖစ္ခဲ့တဲ့အေပၚ ေမးျမန္းခဲ့ရာ Olive က အရင္ကတည္းက သူမဟာ ေခတ္ေရစီးေၾကာင္းအတိုင္း ဖက္႐ွင္အက်ႌေတြကို ဝတ္ဆင္တာ ဝါသနာပါသူျဖစ္ေၾကာင္း အခု သူမဝတ္တဲ့ No Bra ဝတ္စုံဟာလည္း ဖက္႐ွင္အျမင္နဲ႔ၾကည့္မယ္ဆိုရင္ ဖက္႐ွင္တစ္မ်ိဳးသာျဖစ္တယ္လို႔သူမကေျပာပါတယ္။

ထပ္မံၿပီး သူမက သူမရဲ႕ဆိုင္ကို လာေရာက္အားေပးၾကတဲ့သူအမ်ားစုဟာ ေယာက်ၤားေလးေတြ ျဖစ္ၿပီး တိုက်ိဳေခါက္မုန္႔ ဝယ္တဲ့အျပင္ ဓာတ္ပုံ႐ိုက္ၿပီး ေဖ့ဘြတ္ေပၚတင္ဖို႔လည္း သူမကို ခြင့္ေတာင္းကာ ဓာတ္ပုံေတာင္း ႐ိုက္ၾကတယ္လို႔ဆိုပါတယ္။

No Bra တိုက်ိဳေခါက္မုန္႔ဆိုင္ကို လာေရာက္ အားေပးတဲ့ အမ်ိဳးသားတစ္ဦးကို ေမးျမန္းၾကည့္ခဲ့ရာ “ဆို႐ွယ္မီဒီယာေပၚမွာ ေတြ႕လို႔ အိမ္တိုင္ယာေရာက္ လာအားေပးတာပါ။ ဒီလို ဆန္းျပားတဲ့ ပုံစံနဲ႔ေရာင္းတာ ကိုသေဘာက်ပါတယ္။

တိုက်ိဳေခါက္မုန္႔က စားေကာင္းတဲ့အျပင္ ေဈးသည္က Sexy က် ေတာ့ လန္းဆန္းသလို ခံစားရတယ္ ေနာက္ဆိုလည္း အၿမဲလာအားေပးမွာပါ” လို႔ေျဖဆိုခဲ့ပါတယ္။

Credit Myanmar Live

Leave a Comment