၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ စာဖတ်ပရိတ်သတ်ကြီးများအတွက်၂၀၂၁ခုနှစ်၊မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူတို့ကတော့မတူညီတဲ့နယ်ပယ်ကနေဂုဏ်အယူရဆုံးဖြစ်ကြတဲ့ထပ်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်၊Master Chef Season 11 Top 3ပြိုင်ပွဲဝင်စုနဲ့အလှမယ်သူဇာဝင့်လွင် တို့ပဲဖြစ်ပါတယ်နော်။

ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်အိန္ဒြာကျော်ဇင်ကစက်တင်ဘာလ၁၅ရက်နေ့ကနေ့၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ဂျာမနီနိုင်ငံOldenburg International Film Festivalရုပ်ရှင်ပွဲတော်မှာSeymour Cassel Award For Outstanding Performanceသရုပ်ဆောင်ထူးချွန်ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအားတက်သရောပါဝင်ခဲ့တာကြောင့် မတရားအဖမ်းဆီးခံထားရပါတယ်နော်။

MasterChefSeason11Top3ပြိုင်ပွဲဝင်စုကတော့ပြိုင်ပွဲမှာမြန်မာအစားအစာတွေ ကိုအကောင်းဆုံးချက်ပြုတ်ပြိုင်ဆိုင်လာ​ပြီးတော့ဒိုင်တွေရဲ့ချီးကျူးစကားတွေပါရရှိခဲ့တဲ့နောက်Top3အထိတက်လှမ်းနိုင်ခဲ့ပါတယ်၊မြန်မာ့အစားအစာကိုကမ္ဘာမှာချပြနိုင် ခဲ့တာကြောင့်မြန်မာနိုင်ငံအတွက်ပထမဦးဆုံးဂုဏ်ဆောင်ပေးတဲ့အမျိုးသမီးပဲဖြစ်ခဲ့ပါတယ်နော်။

အလှမယ်သူဇာဝင့်လွင့်ကတော့ကမ္ဘာအကြီးဆုံးမယ်စင်္ကြဝဠာပြိုင်ပွဲကြီးမှာမြန်မာ့အရေး ကိုအရိုးရှင်းဆုံးချပြနိုင်ခဲ့တာကြောင့်နိုင်ငံတကာကသိထားမိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ပြိုင်ပွဲမှာလဲအကောင်းဆုံးရလဒ်အဖြစ်အမျိုးသားဝတ်စုံစုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်နော်။ပရိတ်သတ်ကြီးရေဒါကတော့၂၀၂၁ခုနှစ်မြန်မာနိုင်ငံအတွက်ဂုဏ်အယူရဆုံးအမျိုးသမီး၃ယောက်အကြောင်းပဲဖြစ်ပါ်၊စာဖတ် ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကာတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်။

Credit