ရေးထားတဲ့စာကို ဖျက်လိုက် တင်လိုက်နဲ့မို့ အွန်လိုင်းမှာ ဝေဖန်မှု ပြင်းထန်နေတဲ့ မေလသံစဉ်

ရေးထားတဲ့စာကို ဖျက်လိုက် တင်လိုက်နဲ့မို့ အွန်လိုင်းမှာ ဝေဖန်မှု ပြင်းထန်နေတဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ မေလသံစဉ်ဆိုတဲ့ အဆိုတော် မလေးကတော့ မြန်မာသံတေးသီချင်းလေးတွေ နဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပြန် လည်ဆန်းသစ်နှောင်းတစ်ခေတ် အယ်ဘမ်လ်ကလည်းပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့တာပါ။

ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။ခုလို အခြေအနေတွေမှာလည်းတတ်နိုင်သ လောက် သူမအနေနဲ့ လိုအပ်တဲ့နေရာတွေကို ပါဝင်လှူဒါန်းပေးနေတာတွေ့ရပါတယ် ။မေလသံစဉ်က မြန်မာနိုင်ငံကြီးနဲ့ ပက်သက်လို့ရှေ့မထွက်လာရတဲ့အ ကြောင်းရင်းကိုလွန်ခဲ့တဲ့ နာရီပိုင်း

လောက်တုန်းက တင်လာခဲ့ပါတယ်.မေလသံစဉ်က ” မြင်​တွေ့ နေရတဲ့သတင်း​တွေ​ကြောင့်တစ်ရက်မှ မ​ပျော်ရွှင်ရပါဘူး

ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး…အ​ရေးကြီးတဲ့ သတင်း​တွေ​ကျော်သွားမှာစိုးလို့FB ပေါ်မှာ သီချင်း​တွေလည်း ဆိုမပြဖြစ်​တော့ဘူး

အနာဂတ်တွေလဲပျောက်တယ် ဒါ…….လူတိုင်းပါပဲ

မေလကို ချစ်တဲ့သူတွေ မေလကို သတိရတဲ့အချိန်ဒီတယ်လီဂရမ် ချန်နယ်​လေးမှာ အဆက်အသွယ်ယူကြမယ်နော်

”ဆိုပြီးရေးသားလာပြီးနောက်ပိုင်းမှာတော့ သူမရေးသားထားတဲ့ ပို့စ်အောက်မှာတော့ ဝေဖန်သူတစ်ချို့လည်း ရှိလာခဲ့ပြန်ပါတယ်။ မိနစ်အနည်းငယ်နောက်ပိုင်းမှာတော့ သူမ

ရေးသားထားတဲ့ ဖမ်းခံရမှာစိုးလို့လည်း စပိအောက်မလုပ်ရဲပါဘူး..ဆိုတဲ့ စာသားတွေကို ဖျက်ပြီး အသစ်ပြန်တင်လာခဲ့ပြန်ပါတယ်။

Source: မေလသံစဉ် May Melody