ဇနီးဖြစ်သူ အူဝဲကို သွားတွေ့ရင်း မျက်နှာကြီး ဆူပုတ်ကာပြန်လာတဲ့ ပြေတီဦးရဲ့ ထောင်ထဲက ရယ်ရခက် ငိုရခက် အဖြစ်လေးကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

ပရိသတ်တွေရဲ့ အချစ်တွေကို နှစ်အတော်ကြာ သိမ်းပိုက်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ခုချိန်မှာ (၅၀၅ – က) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ဒီကနေ့အထိ တစ်ရက်လေးမှ မမေ့ဘဲ သတိရလွမ်းဆွတ်ကြောင်းတွေ ဖော်ပြပေးကြသလို အမြန်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးနေကြပါတယ် ။

အခုလည်း သူတို့ ဇနီးမောင်နှံနဲ့ ထောင်ထဲမှာဆုံခဲ့ရတဲ့ ပြည်သူတစ်ဦးက ပြေတီဦးတို့ လင်မယားနှစ်ယောက်ရဲ့ ငိုရခက် ရယ်ရခက် အဖြစ်လေးကို အမှတ်တရ ရေးသားဖော်ပြလာပါတယ် ။ စာလေးဖတ်ပြီး ရယ်နေရတာ အမှန်ပါပဲ ။ ဒါ့အပြင် အူဝဲတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စိတ်သဘောထား ပြည့်ဝပုံတွေကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ် ။

အကြောင်းအရာလေးကတော့ ” မအူဝဲဗီဒီယိုလေးတွေ့တော့သတိရလို့ ဦးတီနဲ့ မအူဝဲတို့လင်မယားရီရတာပြောဦးမယ် ထောင်မှာ တရားဝင်လင်မယား အချုပ်တူတူကျရင် 2ပတ်တစ်ခါပဲရတွေ့ခွင့်ရှိတယ် တနင်္ဂနွေပေါ့ အဲ့မှာ ဦးတီကမိန်းမနဲ့တွေ့မယ့်နေ့ဆိုတော့ ရှိုးစမိုးနဲ့ရှယ်တွေပြင်ပြီးသွား‌တာပေါ့ ပြန်လာတော့မျက်နှာကြီးဆူပုတ်ပြီးပြန်လာတာဗျာ ဆူပုတ်နေပေမယ့် ပြုံးပြရှာပါတယ်မင်္ဂလာပါဘာညာပေါ့ ကိုယ်တွေသိတယ်လေ နည်းနည်းတော့လွဲနေပြီ‌ဆိုတာကို ဘာဖြစ်တာလဲဆိုတာမသိမသာလေးမေးကြည့်တော့ နို့ထမင်းလှူတာမှာ စာရင်းလွဲလို့ဆိုလား မအူဝဲကဆူလိုက်လို့တဲ့ဗျာ တနေကုန်စိတ်ထိုင်ကောက်နေတာ အခုရောအဆင်များပြေကြရဲ့လားမသိဘူး…၂ယောက်လုံးကတအားသဘောကောင်းကြတယ်” ဆိုပြီးရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Zawgyi

ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ႏွစ္အေတာ္ၾကာ သိမ္းပိုက္ထားတဲ့ ေျပတီဦးနဲ႔ အိႁႏၵာေက်ာ္ဇင္တို႔ကေတာ့ ခုခ်ိန္မွာ (၅၀၅ – က) နဲ႔ ဖမ္းဆီးထိန္းသိမ္း ခံထားရဆဲပဲ ျဖစ္ပါတယ္ ။ ပရိသတ္ေတြကေတာ့ ဒီကေန႔အထိ တစ္ရက္ေလးမွ မေမ့ဘဲ သတိရလြမ္းဆြတ္ေၾကာင္းေတြ ေဖာ္ျပေပးၾကသလို အျမန္လြတ္ေျမာက္ဖို႔ကိုလည္း ဆုေတာင္းေပးေနၾကပါတယ္ ။

အခုလည္း သူတို႔ ဇနီးေမာင္ႏွံနဲ႔ ေထာင္ထဲမွာဆုံခဲ့ရတဲ့ ျပည္သူတစ္ဦးက ေျပတီဦးတို႔ လင္မယားႏွစ္ေယာက္ရဲ႕ ငိုရခက္ ရယ္ရခက္ အျဖစ္ေလးကို အမွတ္တရ ေရးသားေဖာ္ျပလာပါတယ္ ။ စာေလးဖတ္ၿပီး ရယ္ေနရတာ အမွန္ပါပဲ ။ ဒါ့အျပင္ အူဝဲတို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ရဲ႕ စိတ္သေဘာထား ျပည့္ဝပုံေတြကိုလည္း ခ်ီးက်ဴးစကားဆိုထားပါေသးတယ္ ။

အေၾကာင္းအရာေလးကေတာ့ ” မအူဝဲဗီဒီယိုေလးေတြ႕ေတာ့သတိရလို႔ ဦးတီနဲ႔ မအူဝဲတို႔လင္မယားရီရတာေျပာဦးမယ္ ေထာင္မွာ တရားဝင္လင္မယား အခ်ဳပ္တူတူက်ရင္ 2ပတ္တစ္ခါပဲရေတြ႕ခြင့္႐ွိတယ္ တနဂၤေႏြေပါ့ အဲ့မွာ ဦးတီကမိန္းမနဲ႔ေတြ႕မယ့္ေန႔ဆိုေတာ့ ႐ိႈးစမိုးနဲ႔႐ွယ္ေတြျပင္ၿပီးသြား‌တာေပါ့ ျပန္လာေတာ့မ်က္ႏွာႀကီးဆူပုတ္ၿပီးျပန္လာတာဗ်ာ ဆူပုတ္ေနေပမယ့္ ျပဳံးျပ႐ွာပါတယ္မဂၤလာပါဘာညာေပါ့ ကိုယ္ေတြသိတယ္ေလ နည္းနည္းေတာ့လြဲေနၿပီ‌ဆိုတာကို ဘာျဖစ္တာလဲဆိုတာမသိမသာေလးေမးၾကည့္ေတာ့ ႏို႔ထမင္းလႉတာမွာ စာရင္းလြဲလို႔ဆိုလား မအူဝဲကဆူလိုက္လို႔တဲ့ဗ်ာ တေနကုန္စိတ္ထိုင္ေကာက္ေနတာ အခုေရာအဆင္မ်ားေျပၾကရဲ႕လားမသိဘူး…၂ေယာက္လုံးကတအားသေဘာေကာင္းၾကတယ္” ဆိုၿပီးေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit– Cele Zone