မေထုန်ရာသီဖွားတွေ လုပ်ကိုင်သင့်တဲ့အလုပ်များ

ဒီရာသီဖွားတွေရဲ့ထူးခြားချက်က တော်ပြီး ချစ်စရာကောင်းကြတာပါ။ သူတို့တွေက အသစ်တစ်ခုခုကို သင်ယူလေ့လာဖို့အမြဲစိတ်အားထက်သန်ကြပါတယ်။ သူတို့တွေကအကြောင်းအရာများစွာကို စိတ်ဝင်စားကြပါတယ်။ ဒီအလုပ်အကိုင်တွေကတော့ သူတို့တွေနဲ့ကိုက်ညီတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။

Studying at a cafe

Public Relations

ဒီအလုပ်က မေထုန်တွေနဲ့အကိုက်ညီဆုံးအလုပ်အကိုင်တွေထဲက တစ်ခုပါပဲ။ သူတို့တွေရဲ့အားသာချက်က လူမှုဆက်ဆံရေးပါ။ ဒါကြောင့် ဒီအလုပ်နဲ့ကိုက်ညီပါတယ်။ ပြီးတော့ သူတို့တွေက တခြားသူတွေကို လှု့ဆော်နိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။

Radio Announcer

ဒီရာသီဖွားတွေက Communication မှာ အကောင်းဆုံးဖြစ်ကြတဲ့အတွက် ဒီအလုပ်နဲ့လည်း သူတို့ကိုက်ညီကြပါတယ်။ သူတို့တွေက စကားလုံးတွေကို တခြားသူတွေအတွက် အမြဲအမှတ်ရနေအောင် ပြောဆိုနိုင်ကြပါတယ်။

Interpreter

ဒီအလုပ်က မေထုန်တွေအတွက် သီးသန့်အလုပ်အကိုင်လို့တောင် ပြောလို့ရပါတယ်။ မေထုန်တွေက တခြားဘာသာစကားတွေကိုသင်ယူလေ့လာဖို့အမြဲစိတ်အားထက်သန်ကြပါတယ်။ ဒါကြောင့် ဒီအလုပ်က မေထုန်တွေနဲ့ကိုက်ညီတဲ့အလုပ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့မှာ အားကောင်းတဲ့ communication စွမ်းရည်ရှိကြတာပါ။

Computer Programmer

ဒီအလုပ်က မေထုန်တွေနဲ့ကိုက်ညီတဲ့အလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မေထုန်တွေက အလုပ်တွေအများကြီးကို တစ်ပြိုင်နက်ထဲလုပ်နိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအလုပ်နဲ့ကိုက်ညီတဲ့သူတွေဖြစ်ပါတယ်။

Credit

Zawgyi


Public Relations


Radio Announcer


Interpreter


Computer Programmer
