စီးပွား လာဘ်လာဘ ကြွယ်ဝ စေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးနည်း

စီးပွား လာဘ်လာဘ ကြွယ်ဝ စေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးနည်း

မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်…။(၁) အုန်းသီးတစ်လုံး။ (၂) ငှက် ပျောသီး(၃)ဖီး။(၃) ကွမ်း ၊ ကွမ်းသီး ၊ ထုံး ၊ ဆေး။(၄) သပြေပန်း။(၅) ထီး ၊ တံခွန် ၊ ကုက္ကား ၊ မုလေးပွား ၊ ယပ် ၊ ကြက်လျှာအစုံ။(၆) ဆီမီး (၁)တိုင်။(၇) ရေတစ်ခွက်။(၈) ခံတောင်း(သို့)ဇလုံတစ်ခု။(၉) အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည်တို့ဖြစ်သည်။

မိမိနေအိမ်ရှိ ဘုရားခန်း၌ပြုလုပ်နိုင်သည်။မဟာလာဘံ ကန်တော့ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ်ရမည် မဟာလာဘံ ကန် တော့ပွဲထိုးသင့်သည့်အခြေအနေမှာ လောကီစီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သင့်သည်။မဟာလာဘံ ကန်တော့ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့်အရည်အသွေးမှာယောကျာ်း|မိန်းမ မရွေးပြုလုပ်နိုင်သော်လည်း

အကျင့်မှန်ကန်၍ စိတ်တည်ငြိမ်သူဖြစ်ကာလောကီအတတ်ပညာအား တတ် မြောက်ထားသူဖြစ်ပါက ပို၍သင့်လျော်ပေသည်။မဟာလာဘံကန်တော့ပွဲထိုးခြင်းအကျိုးတရားကဤကန်တော့ပွဲသည်စီးပွားလာဘ်လာဘနှင့်ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သောကန်တော့ပွဲဖြစ်ခြင်းကြောင့် (၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း (၂)မျက်နှာ ပွင့်လန်းခြင်း (၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်းစသည့် အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်။

မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲတွင် ထီး|တံခွန်|ယပ်တို့က ဝဲဘက်မှာထားပြီး ကုက္ကား၊မုလေးပွားတို့ကိုယာဘက်တွင်ထားပြီးအုန်းညှာတံကိုမိမိ၏ဝဲဘက်၌ ထားရှိရမည်။မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်းသည်(၅)ရက်ထားရပါသည်။

Credit – ဆရာကျော်ဇောဟိန်း