ဘာအနုပညာအသစ်မှ မဖန်တီးနိုင်တဲ့ အမှောင်ဆုံးအချိန်မှာတောင် သူမကို မေ့မသွားဘဲ အနုပညာကို တန်ဖိုးထားသူအားလုံးကိုကျေးဇူးတင်စကားပြောလိုက်တဲ့ ဖြူဖြူကျော်သိန်း

ဘာအနုပညာအသစ်မှ မဖန်တီးနိုင်တဲ့ အမှောင်ဆုံးအချိန်မှာတောင် သူမကို မေ့မသွားဘဲ အနုပညာကို တန်ဖိုးထားသူအားလုံးကိုကျေးဇူးတင်စကားပြောလိုက်တဲ့ ဖြူဖြူကျော်သိန်း

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဝရမ်းပြေးအဖြစ်နဲ့ တိမ်းရှောင်နေရတာ ငါးလကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။တိမ်းရှောင်နေစဉ်ကာလအတွင်းမှာလည်း ပိုင်ဆိုင်တဲ့ငွေကြေးတွေကို အလိမ်ခံရတဲ့ အဖြစ်တွေကိုလည်း ကြုံတွေ့ခဲ့ရတာကြောင့် ဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ အခုမှာလည်း ငါးလကျော်အတွင်း ခံစားခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

” The Darkest Hour: ဒီနေ့နဲ့ဆို ၅၀၅(က) ထိလို့ အိမ်နဲ့ခွဲနေရ၊ ပြေးရလွှားရနဲ့ ဂီတာလေးတောင် မသယ်နိုင်တော့တာ(၅) လပြည့်ပြီ။ ဒီနေ့တော့ ဒီဗီဒီယိုလေးကို ကြည့်ပြီးတော့ပဲ moti ယူလိုက်ပါတယ်။ ကိုယ့် career တစ်လျှောက်လုံး အဝေဖန်ခံပြီး ယုံကြည်မှုနဲ့ တစ်စိုက်မတ်မတ် တတ်သလောက် မှတ်သလောက် လေ့လာသင်ယူတင်ဆက်လာတဲ့ကိုယ့်ရဲ့သီချင်းဆိုခြင်း အနုပညာကို အခုလိုမျိုး proper international music education ရှိသူတွေရဲ့ ပညာရှင်ဆန်ဆန်စည်းစနစ်တကျ ဝေဖန်ပိုင်းခြား သုံးသပ်ပြတာကို မြင်ရဖို့ ၁၈ နှစ်တောင် စောင့်ခဲ့ရတယ်။

သီချင်းဆိုခြင်း အနုပညာဟာ ပါရမီနဲ့ ဝါသနာတင်မကဘူး ဆေးပညာ၊ အင်ဂျင်နီယာနဲ့အခြားအသက်မွေးဝမ်းကျောင်း အတတ်ပညာတွေလို စတစ်တကျသင်ယူတတ်မြောက်ဖို့လိုတဲ့အပြင် တန်ဖိုးထားခံရထိုက်တဲ့ အဖိုးတန်ပညာရပ်တစ်ခု ဖြစ်တယ်ဆိုတာကို လူတိုင်းနားလည် လက်ခံလာဖို့ ဘယ်လောက်ထိ ထပ်စောင့်ရဦးမယ်မသိ ဘာပဲဖြစ်ဖြစ် အခုလို ဘာအနုပညာအသစ်မှ ဖမန်တီးနိုင်တဲ့ အမှောင်ဆုံးအချိန်မှာတောင် ကိုယ့်ကို မေ့မသွားဘဲ ကိုယ့်အနုပညာကို တန်ဖိုးထား မှတ်တမ်းတင်ပေးနေတဲ့ ပညာရှင်တွေရယ်၊ Fandom ရယ်ကို တွေ့ရတာဟာ ရောင်နီသန်းနေတဲ့ blessing ပါပဲ။ ကျေးဇူးအများကြီး တင်ပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit Cele Lucky

Leave a Comment