ကျော်ထက်အောင်ရဲ့ မွေးနေ့လေးမှာ အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ဆုတောင်း ပေးလာတဲ့ ဖြူဖြူကျော်သိန်း

ကျော်ထက်အောင်ရဲ့ မွေးနေ့လေးမှာ အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ဆုတောင်း ပေးလာတဲ့ ဖြူဖြူကျော်သိန်း

Happy Birthday ပါ အစ်ကိုရေ

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ပရိသတ် အချစ်တော် ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ Myanmar Idol အစီစဉ်ကနေ စပြီး လက်တွဲကာ အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ် ။

ဆိုရှယ်မီဒီယာ အထက်မှာလည်းသူတို့နှစ်ယောက်ရဲ့ romantic ဆန်ဆန် ရိုက် ကူးထားတဲ့ ပုံလေးတွေကြောင့် အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးကတော့ ကျော်ထက်အောင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ရာ ဖြူဖြူက အမှတ်တရ ပုံရိပ်လေးတွေနဲ့ အတူ သတိတရ ဆုမွန်ကောင်းတောင်းပေးလာပါတယ် ။

ခုချိန်မှာဖြူဖြူအနေနဲ့ထွက်ပြေး တိမ်း ရှောင်နေရတာမို့အရင်လိုမွေးနေ့ အ မှတ်တရ ကိတ်မုန့်လေး ဖုတ်ပြီး မပို့ပေးနိုင်တာကို စိတ်မကောင်းရကြောင်းနဲ့ ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်လို့ ရေး သားဖော်ပြထားပါတယ် ။ပရိသတ်ကြီးအတွက် ဖြူဖြူနဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Phyu Phyu Kyaw Thein

Leave a Comment