သမီးကြီး မြမိုးဂင်္ဂါနဲ့ ဆက်သွယ်ရ ခက်ခဲအောင် လုပ်တဲ့သူကို အရမ်းမုန်းတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ ချမ်းချမ်း

သမီးကြီး မြမိုးဂင်္ဂါနဲ့ ဆက်သွယ်ရ ခက်ခဲအောင် လုပ်တဲ့သူကို အရမ်းမုန်းတဲ့ အကြောင်း ရင်ဖွင့်လာတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ ဒီကနေ့ စက်တင်ဘာလ (၁၄)ရက်နေ့မှာ အသက် (၃၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ နိုင်ငံကျော် အဆိုတော် ချမ်းချမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင်ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ချမ်းချမ်းကတော့သူမရဲ့ထူးခြားတဲ့အသံနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင် အမာရရှိထားသူ အဆိုတော် အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်.။ချမ်းချမ်းဟာဆိုရင်သမီးကြီး မြမိုးဂင်္ဂါနဲ့အတူ နေထိုင်ခဲ့ပြီးအခုချိန်မှာတော့ နောက်အိမ်ထောင်နဲ့အတူသမီးငယ်လေးကိုပါပိုင်ဆိုင်ထားသူချမ်းချမ်းကတော့သူမရဲ့ မွေးနေ့မှာသမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်းနည်းနေရတဲ့သူမရဲ့ ခံစားချက်တွေကို “အမေ့ မွေးနေ့မှာအမေချစ်ရတဲ့ သမီးကြီးအမေနဲ့ အတူမရှိနိုင်သေးပေမဲ့အမေလက်မလျော့ဘူ။ကြိုးစားနေတယ် အမေ့သမီးလေးနဲ့ အတူမွေးနေ့တွေဖြတ်သန်းခဲ့ပေမဲ့ဒီနှစ်အမေမပျော်ပါဘူးသမီးရေ။

သမီးညီမလေးနဲ့ အမေ သမီးကို သတိရနေတယ်။မနက်ကသမီးနဲ့ ဖုန်းပြောလိုက်ရလို့အမေ အရမ်းဝမ်းသာတယ် အိပ်လို့တောင်မပျော်ဘူး။သမီးလေးလှပြီးနေကောင်းနေလို့ဘုရားကို ကျေးဇူး တင်မိတယ် ။ကျန်ခဲ့တဲ့ မွေးအဖေမွေးအမေကိုလဲ အဝေးကနေ ရှိခိုးကန်တော့ပါတယ်အခုဒီမှာလဲ အားလုံးက လိုလေသေးမရှိ လက်ဆောင်တွေပေးပြီးနှစ်သိမ့်ကြပေမဲ့ အမေ မပျော်နိုင်ဘူးသမီးရေ မပြည့်စုံဘူး.။ ချစ်တယ် သမီးရေ ။အမေနဲ့ သမီးဆက်သွယ်ရတအားခက်တယ် ။အခုလိုခေတ်ကြီးမှာ သမီးကိုဆက်သွယ်ဖို့ခက်ေ အာင်လုပ်တဲ့သူတေကိုအမေအရမ်းမုန်းတယ် ။အမေ့သမီးလေးရေ မေမေချစ်တယ်နော်။ သမီးကိုရော ညီမလေးရောတူတူညီတူညီမျှချစ်တယ် ။အချိန်ပြည့်သတိရနေတယ်။ သတိတရနဲ့ အချိန်ပြည့်လိုအပ်သမျှဖြည့်ဆည်းပေးတဲ့ ယောက္ခထီးနဲ့ယောက္ခမ အကုန်လုံးကိုကျေးဇူးပါ။

သမီးလေးတွေအတွက် အကျီချုပ်ပေးလို့ရပြီ။မွေးနေ့အတွက်ဆုမွန်ကောင်းတောင်း ပေးသူတယောက်ချင်းစီကို အဝေးကနေ ရှိခိုးဂါရဝပြုကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံက (၇)ရက်သားသမီးအားလုံးကျန်းမာ ကြပါစေ အမှန်တရားအမြန်ဆုံးပေါ်ပေါက်ကာ အေးချမ်းပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချမ်းချမ်းကတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ပိုင်ဆိုင်နေရပေမယ့် သမီးကြီးနဲ့ ဝေးကွာနေရလို့ ဝမ်း နည်းမှုတွေကို ရင်နဲ့ မဆန့်အောင် ခံစားနေရပုံပါပဲနော်..။

Source: Chan Chan’s Facebook

Credit . Cele active

Leave a Comment