ယခုလို ကိုဗစ်-19 ကပ်ရောဂါများဖြစ်ပွားနေချိန်မှာ လိုအပ်နေတဲ့ကွက်လပ်တစ်ခုကိုဖြည့်ဆည်းလှူဒါန်းပေးခဲ့တဲ့ မမသင်ဇာ

ကိုဗစ်ရောဂါကူးစက်မှုတွေက ဒီကာလမှာ အတော်လေးများခဲ့တာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ အခုချိန်အထိလည်း ရောဂါဖြစ်ပွားနေသူတွေ ကျန်ရှိနေသေးသလို အောက်ဆီဂျင် လိုအပ်နေကြတဲ့ လူနာတွေလည်း ရှိနေဆဲပါ ။

ဒါ့ကြောင့်လည်း စေတနာ အလှူရှင်တွေ နဲ့ ပရဟိတ အသင်းတွေက အောက်ဆီဂျင်တွေ အဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ အရင်ထက်တော့ အတော်လေး အဆင်ပြေလာတာတွေ့ရပါတယ် ။ ခုလို တတ်နိုင်သလောက် ကူညီပေးနေကြသူတွေ အထဲမှာ မင်းသမီးချောလေး သင်ဇာဝင့်ကျော်လည်း အပါအဝင်ပါပဲ ။

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ကာလဒါနအလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ သင်ဇာက ကာလဒါနအလှူလေးအနေနဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့အောက်စီဂျင်စက် (၁)လုံးကို ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့မှာ ပရဟိတလူငယ်လေးများအဖွဲ့ထံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီလို ကာလမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်စက်တစ်လုံးနဲ့ Mask များကို သူကိုယ်တိုင် မသွားရောက်နိုင်တာကြောင့် အေးသီတာကနေတစ်ဆင့် လိုအပ်နေတဲ့ ပရဟိတ အသင်းကို လှူဒါန်းပေးခဲ့ပါတယ် ။

သွားရောက်လှူဒါန်းပေးခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခုလိုပဲဖော်ပြလာခဲ့ပါတယ်။ “ချစ်ညီမလေးThinzar Thin Zar Wint Kyaw ကဒီနေ့အောက်ဆီဂျင်စက်လေးလှူဒါန်းလို့သင်္ကန်းကျွန်းပရဟိတပြေဇင်တို့အဖွဲ့ကိုသွားရောက်လှူဒါန်းပေးခဲ့ပါတယ်” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

သင်ဇာကတော့ Mask တွေကိုလည်း လှူဒါန်းပေးခဲ့တာဖြစ်ပြီး အေးသီတာကတော့ Mask တွေကိုတော့ တစ်နေရာနည်းနည်းစီ မျှဝေပြီးလှူဒါန်းပေးသွားပါမယ်တဲ့။ တကယ်ကို မွန်မြတ်တဲ့ အလှူလေးမို့ ပြန်လည်ဝေမျှပေးရင်း သင်ဇာလည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။ ပရိသတ်ကြီးရေ သင်ဇာရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Aye Thida

Zawgyi

ကိုဗစ္ေရာဂါကူးစက္မႈေတြက ဒီကာလမွာ အေတာ္ေလးမ်ားခဲ့တာေၾကာင့္ လိုအပ္တဲ့ ကိစၥအဝဝကို ပရဟိတ အသင္းေတြ ၊ နီးစပ္ရာ ျပည္သူေတြကပဲ ကူညီေဆာင္႐ြက္ေပးေနၾကတာပါ ။ အခုခ်ိန္အထိလည္း ေရာဂါျဖစ္ပြားေနသူေတြ က်န္႐ွိေနေသးသလို ေအာက္ဆီဂ်င္ လိုအပ္ေနၾကတဲ့ လူနာေတြလည္း ႐ွိေနဆဲပါ ။

ဒါ့ေၾကာင့္လည္း ေစတနာ အလႉ႐ွင္ေတြ နဲ႔ ပရဟိတ အသင္းေတြက ေအာက္ဆီဂ်င္ေတြ အဆက္မျပတ္ လႉဒါန္းေပးလ်က္႐ွိရာ အရင္ထက္ေတာ့ အေတာ္ေလး အဆင္ေျပလာတာေတြ႕ရပါတယ္ ။ ခုလို တတ္ႏိုင္သေလာက္ ကူညီေပးေနၾကသူေတြ အထဲမွာ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္လည္း အပါအဝင္ပါပဲ ။

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ သင္ဇာဝင့္ေက်ာ္ကေတာ့ ကာလဒါနအလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ သင္ဇာက ကာလဒါနအလႉေလးအေနနဲ႔ ျပည္သူေတြအတြက္ လိုအပ္ေနတဲ့ေအာက္စီဂ်င္စက္ (၁)လုံးကို ယေန႔ စက္တင္ဘာလ (၁၄) ရက္ေန႔မွာ ပရဟိတလူငယ္ေလးမ်ားအဖြဲ႕ထံလႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

ဒီလို ကာလမွာ လိုအပ္ေနတဲ့ ေအာက္ဆီဂ်င္စက္တစ္လုံးနဲ႔ Mask မ်ားကို သူကိုယ္တိုင္ မသြားေရာက္ႏိုင္တာေၾကာင့္ ေအးသီတာကေနတစ္ဆင့္ လိုအပ္ေနတဲ့ ပရဟိတ အသင္းကို လႉဒါန္းေပးခဲ့ပါတယ္ ။

သြားေရာက္လႉဒါန္းေပးခဲ့တဲ့ အေၾကာင္း သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ခုလိုပဲေဖာ္ျပလာခဲ့ပါတယ္။ “ခ်စ္ညီမေလးThinzar Thin Zar Wint Kyaw ကဒီေန႔ေအာက္ဆီဂ်င္စက္ေလးလႉဒါန္းလို႔သကၤန္းကြၽန္းပရဟိတေျပဇင္တို႔အဖြဲ႕ကိုသြားေရာက္လႉဒါန္းေပးခဲ့ပါတယ္” ဆိုၿပီး မွ်ေဝထားခဲ့တာပဲျဖစ္ပါတယ္။

သင္ဇာကေတာ့ Mask ေတြကိုလည္း လႉဒါန္းေပးခဲ့တာျဖစ္ၿပီး ေအးသီတာကေတာ့ Mask ေတြကိုေတာ့ တစ္ေနရာနည္းနည္းစီ မွ်ေဝၿပီးလႉဒါန္းေပးသြားပါမယ္တဲ့။ တကယ္ကို မြန္ျမတ္တဲ့ အလႉေလးမို႔ ျပန္လည္ေဝမွ်ေပးရင္း သင္ဇာလည္း ဒီထက္မက လႉႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။ ပရိသတ္ႀကီးေရ သင္ဇာရဲ႕ အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Aye Thida

Leave a Comment