အဖေနဲ့ အမေကို ပါမချန် ဆွဲထည့်ပြီး Tiktok တစ်ပုဒ် ဆော့ပြလိုက်တဲ့ စံထိပ်ထားဦးရဲ့ ဗီဒီယိုလေး

အဖေနဲ့ အမေကို ပါမချန် ဆွဲထည့်ပြီး Tiktok တစ်ပုဒ် ဆော့ပြလိုက်တဲ့ စံထိပ်ထားဦးရဲ့ ဗီဒီယိုလေး

မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဘဲ ရပ်တည်လာခဲ့တဲ့မင်းသမီးချော တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း သူမရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်သူ စံထပ်ထားဦးကိုလည်း သူမနည်းတူချစ်ပေးကြတာဖြစ်ပါတယ်။ မေမေခိုင်သင်းကြည်ကလည်း အသက် ကြီးလာတာနဲ့အမျှ သမီးလေးနဲ့အတူ ညီအစ်မတွေလို့ ထင်ရက်ရအောင် လှပလွန်းနေသူဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့မစိမ်းတဲ့ သူမရဲ့သမီးလေးကတော့ ခုဆိုရင် ဆယ်ကျော်သက်အရွယ်လေးဖြစ်လို့ လှသွေးကြွယ်နေပါပြီနော် ထိပ်ထိပ်လေးက လိမ္မာယဉ်ကျေးမှုရှိပြီးပညာရေးမှာလည်း ထူးချွန်သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်နဲ့ ဖေဖေခန့်နိုင်တို့က ဂုဏ်ယူနေရတာဖြစ်ပါတယ်။ ခုရက်ပိုင်းမှာလည်း ထိပ်ထိပ်လေးက မေမေနဲ့အတူ တစ်တော့တွေလည်း တွဲဆော့နေတာကြောင့် သူမရဲ့ပရိသတ်တွေက ပိုပြီးများပြားလာနေပြီဖြစ်ပါတယ်။

ထိပ်ထိပ်လေးကရုပ်ရှင်ရိုက်ကူးမှုတွေ မရှိသေးပေမယ့် အမေ့ရဲ့ သင်ကြားပြသပေးမှု တွေကြောင့် အိုက်တင်ပိုင်းမှာ ကွက်တိကျအောင် သရုပ်ဆောင် တတ်နေပါပြီး မေမေဖြစ်သူနဲ့အတူ အပြိုင်လှပနေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း ထိပ်ထိပ်လေးက သူ့ရဲ့အဖေနဲ့အမေပေါင်းစပ်လို့ သူမဖြစ်လာပုံလေးကို ကလေးစိတ်ကူးဉာဏ်လေးနဲ့Tiktok ဗီဒီယိုလေးကို တင်ပေးလာတာ ဖြစ်ပါတယ်။

Source: San Htae Htar Oo

Leave a Comment