ကမ္ဘာ့ရေနံဈေး သီတင်းပတ် ၆ ပတ်နီးပါးအတွင်း အမြင့်ဆုံး ဖြစ်လာ

အမေရိကန်မှာ တလောတုန်းက တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းကြောင့် ပင်လယ်ကွေ့ဒေသက ရေနံထုတ် လုပ်ငန်းတွေ အရှိန်ပြန်ယူဖို့ မနည်းရုန်းကန်နေရချိန်မှာ နောက်ထပ် မုန်တိုင်းတစ်လုံးပါ ပေါ်လာတာကြောင့် ကမ္ဘာ့ရေနံဈေးက ၆ ပတ်နီးပါးအတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

ဘရန့်ရေနံဈေးက တစ်စည်ကို ၇၃.၆၆ ဒေါ်လာ၊ အမေရိကန် WTI ရေနံဈေးက ၇၀.၆၈ ဒေါ်လာဈေးတွေ ရှိနေပြီး အရင်နေ့တွေထက် မြင့်တက်နေပါတယ်။ ဒီဈေးတွေဟာ သြဂုတ်လဆန်းနောက်ပိုင်းမှာ အမြင့်ဆုံး ရောက်နေတာလည်း ဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်းအိုင်ဒါ ဝင်မွှေခဲ့တဲ့ တက္ကဆပ်နဲ့ လူဝီစီးယားနားမှာ အခုမှ နာလန်ပြန်ထူနေတုန်း အပူပိုင်း မုန်တိုင်း နီကိုလတ်စ်က တစ်နာရီကို မိုင် ၇၀ နှုန်းနဲ့ ဝင်လာမယ့် အလားအလာ ရှိနေတာကြောင့် ဒေသတွင်း ရေနံထုတ်လုပ်ငန်းတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေရပါတယ်။

အမေရိကန်ပင်လယ်ကွေ့က ရေနံထုတ်လုပ်ငန်း ၄၀ % လောက်ဟာ ဟာရီကိန်းအိုင်ဒါကြောင့် မနေ့ကအထိ နှစ်ပတ်ကြာလောက် ပိတ်ထားရပါတယ်။

ဒါပေမယ့် အီရန်ကနေ ရေနံတင်ပို့မှု ပြန်စလာနိုင်ပြီး တရုတ်နဲ့အမေရိကမှာ ကြိုပြင်ထားတဲ့ အရန်ရေနံထဲကနေ ထုတ်ယူရောင်းချမှု များလာတဲ့အပြင် အမေရိကမှာ ခရီးသွားချိန်လည်း ကုန်ဆုံးလာပြီ ဖြစ်လို့ ရေနံဈေးတွေက သိပ်မတက်နိုင်ဘဲ အကန့်အသတ် ရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။ Ref: Investing စာရေးသူ – ငွေကြယ်

Zawgyi

အေမရိကန္မွာ တေလာတုန္းက တိုက္ခတ္ခဲ့တဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ပင္လယ္ေကြ႕ေဒသက ေရနံထုတ္ လုပ္ငန္းေတြ အ႐ွိန္ျပန္ယူဖို႔ မနည္း႐ုန္းကန္ေနရခ်ိန္မွာ ေနာက္ထပ္ မုန္တိုင္းတစ္လုံးပါ ေပၚလာတာေၾကာင့္ ကမ႓ာ့ေရနံေဈးက ၆ ပတ္နီးပါးအတြင္း အျမင့္ဆုံးကို ေရာက္လာပါတယ္။

ဘရန္႔ေရနံေဈးက တစ္စည္ကို ၇၃.၆၆ ေဒၚလာ၊ အေမရိကန္ WTI ေရနံေဈးက ၇၀.၆၈ ေဒၚလာေဈးေတြ ႐ွိေနၿပီး အရင္ေန႔ေတြထက္ ျမင့္တက္ေနပါတယ္။ ဒီေဈးေတြဟာ ၾသဂုတ္လဆန္းေနာက္ပိုင္းမွာ အျမင့္ဆုံး ေရာက္ေနတာလည္း ျဖစ္ပါတယ္။

ဟာရီကိန္းမုန္တိုင္းအိုင္ဒါ ဝင္ေမႊခဲ့တဲ့ တကၠဆပ္နဲ႔ လူဝီစီးယားနားမွာ အခုမွ နာလန္ျပန္ထူေနတုန္း အပူပိုင္း မုန္တိုင္း နီကိုလတ္စ္က တစ္နာရီကို မိုင္ ၇၀ ႏႈန္းနဲ႔ ဝင္လာမယ့္ အလားအလာ ႐ွိေနတာေၾကာင့္ ေဒသတြင္း ေရနံထုတ္လုပ္ငန္းေတြ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနရပါတယ္။

အေမရိကန္ပင္လယ္ေကြ႕က ေရနံထုတ္လုပ္ငန္း ၄၀ % ေလာက္ဟာ ဟာရီကိန္းအိုင္ဒါေၾကာင့္ မေန႔ကအထိ ႏွစ္ပတ္ၾကာေလာက္ ပိတ္ထားရပါတယ္။

ဒါေပမယ့္ အီရန္ကေန ေရနံတင္ပို႔မႈ ျပန္စလာႏိုင္ၿပီး တ႐ုတ္နဲ႔အေမရိကမွာ ႀကိဳျပင္ထားတဲ့ အရန္ေရနံထဲကေန ထုတ္ယူေရာင္းခ်မႈ မ်ားလာတဲ့အျပင္ အေမရိကမွာ ခရီးသြားခ်ိန္လည္း ကုန္ဆုံးလာၿပီ ျဖစ္လို႔ ေရနံေဈးေတြက သိပ္မတက္ႏိုင္ဘဲ အကန္႔အသတ္ ႐ွိလာႏိုင္တယ္လို႔ ခန္႔မွန္းပါတယ္။ Ref: Investing စာေရးသူ – ေငြၾကယ္

Leave a Comment