ဖခင် ရှိရာ လွတ်မြောက်နယ်မြေကို လိုက်လာတဲ့ မင်းမော်ကွန်းရဲ့ သားကြီးအကြောင်းကို ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေ

ဖခင် ရှိရာ လွတ်မြောက်နယ်မြေကို လိုက်လာတဲ့ မင်းမော်ကွန်းရဲ့ သားကြီးအကြောင်းကို ပြောပြလာခဲ့တဲ့ ဒါရိုက်တာ သည်ခေတ်နေ

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရောအောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်

မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။အနုပညာလောကမှာလည်း ဖခင်ဖြစ်သူဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလိုသားဖြစ်သူမင်းမော်ကွန်းကလည်းအမှန်တရား ဘက်ကိုရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်.။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့

အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်းနောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရောသားဖြစ်သူပါရဲရင့်ပြတ်သားစွာရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်းအားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်အခုဆိုရင်တော့ မင်းမော်ကွန်းက သူ့ရဲ့

မိသားစုတွေကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေတစ်နေရာကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။သူ့ရဲ့ဇနီးနဲ့ သားနှစ်ယောက်ကလည်းအိမ်ထောင်ဦးစီးဖြစ်တဲ့ မင်းမော်ကွန်းရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးသူနဲ့အတူ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမယ့်လည်း အမှန်

တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်နေတဲ့ မင်းမော်ကွန်းတို့မိသားစုကိုပြည်သူတွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ် ။အခုလည်း ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုပေါက်နဲ့မင်းမော်ကွန်းတို့ရှိတဲ့လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါရိုက်တာသည်ခေတ်နေက

ကိုပေါက်၊ ကိုရဲမင်း၊ မင်းမော်ကွန်းရဲ့သားကြီးတို့နဲ့အတူရိုက်ကူးထားတဲ့ အမှတ် တရပုံရိပ်တစ်ခုကို မျှဝေလာခဲ့ရင်း ” သူတို့နှလုံးသားကိုမြင်လိုက်ရတယ်”နွေးထွေးလိုက်တာကြင်နာလိုက်တာသတ္တိရှိလိုက်ကြတာချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေလိုက်ကြတာဗျာသူတို့ရဲ့အပြုံးလေးတစ်ချက်နဲ့တင်ပြည်သူကိုလုံခြုံ

စေပါတယ်အမှန်တရားအတွက်သဘာဝကအစားပြန်ပေးတဲ့လက်ဆောင်တွေထဲမှာနှလုံးလှတဲ့လူတွေနဲ့တောနဲ့တောင်နဲ့စမ်းချောင်းလေးတောင်အဆစ်ပါသေးတယ် သည်ခေတ်နေ ” ဆိုပြီးရေးသားလာခဲ့ပါတယ်။ မိသားစုလိုက်တော်လှန်နေကြတဲ့ မင်းမော်ကွန်းတို့မိသားစုနဲ့

သူငယ်ချင်းတွေကိုလည်း ပရိသတ်ကြီးလည်း အားပေးစကားလေး တစ်ခုခုလောက်ရေးပေးသွားကြပါအုံးနော်

Source – The Khit Nay