ခင်ပွန်းဖြစ်သူ မရှိတဲ့ဘဝမှာ နေသားကျဖို့ ကြိုးစားနေရ‌ကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ခင်ပွန်းဖြစ်သူ မရှိတဲ့ဘဝမှာ နေသားကျဖို့ ကြိုးစားနေရ‌ကြောင်း ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ မကြာသေးမီအချိန်ကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ နန်းမြတ်ရဲ့ ခင်ပွန်းကတော့ ကိုဗစ်ရောဂါကြောင့် အိမ်ထောင်သက် (၄)နှစ်ကျော်မှာတင်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

ဘယ်လိုမှမထင်မှတ်ထားရတဲ့ အချိန်မှာ မိသားစုကို ခွဲခွာကာ ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်သူတွေအတွက် နှမြောတသသနဲ့ အံ့သြခဲ့ရတဲ့အထိဖြစ်ခဲ့ပြီး နန်းမြတ်အတွက်တော့ လုံးဝကို ဖြေဆည်မရတဲ့ ဆုံးရှုံးမှုကြီးပါ။အခုလို ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ နန်းမြတ်ကခင်ပွန်းဖြစ်သူမရှိတဲ့သူ့ရဲ့ဘဝကိုနေသားကြဖို့ ကြို းစားနေခဲ့ပေမဲ့ ခက်ခဲနေတဲ့အတွက် တော်တော်လေးကို ကြိုးစားယူသွားရမှာဖြစ်ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။

နန်းမြတ်ကိုချစ်ခင်တဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းသင်းတွေကတော့ သူတို့အတွက်တောင်အခုချိန်ထိမယုံကြည်နိုင်လောက်အောင်ဖြစ်နေရသေးတဲ့အတွက်ကာယကံရှင်ဖြစ်တဲ့ နန်းမြတ်ခံစားရတာတွေကိုကိုယ်ချင်းစာကြောင့် စိတ်ဓာတ်မကျဘဲ အားတင်ထားဖို့ အားပေးစကားပြောနေခဲ့ကြပါသေးတ်။နန်းမြတ်အတွက် အခုချိန်ကတော့ တကယ်ကို ခက်ခဲနေမှာပဲနော်။

ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာ ပျော်ရွှင်ပြီး ဘေးရန်ကင်းကြပါစေနော်။

Source – Nan Myat Phyoe Thin