မိဘနှစ်ပါးမသေဆုံးမီ ခွဲပေးခဲ့သည့်အမွေကို မကျေနပ်လို့ဆိုပြီး လမ်းလယ်ခေါင်ကို အုတ်တံတိုင်းခတ်ပြီး စည်းခြားခဲ့သော ညီအစ်ကိုနှစ်ဦး

မိဘနှစ်ပါးမသေဆုံးမီ ခွဲပေးခဲ့သည့်အမွေကို မကျေနပ်လို့ဆိုပြီး လမ်းလယ်ခေါင်ကို အုတ်တံတိုင်းခတ်ပြီး စည်းခြားခဲ့သော ညီအစ်ကိုနှစ်ဦး

ဗီယက်နမ်နိုင်ငံ Hai Phongမြို့ Nam Son ကျေးရွာတွင် နေထိုင်သော ညီအစ်ကိုနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် အမြဲလိုလိုရန်ဖြစ်ကြပြီး မိဘနှစ်ပါး သေဆုံးသွားပြီးနောက်ပိုင်း အခြေအနေမှာ ပိုဆိုးလာခဲ့သည်။

မိဘနှစ်ပါးသည် သားလေးနှစ်ယောက်ရှိကာ သူတို့မသေဆုံးမီ ပိုင်ဆိုင်ထားသော မြေယာကို အမွေအဖြစ် ခွဲဝေပေးခဲ့သည်။

သို့သော်လည်း ညီအစ်ကိုနှစ်ဦးသည် တင်းတိမ်ရောင့်ရဲခြင်းမရှိပဲ မကျေနပ်ခြင်းတွေနှင့်အတူ လမ်းမပေါ်တွင် အုတ်တံတိုင်းဆောက်ကာ စည်းခြားပစ်ခဲ့သည်။

ထိုလမ်းမကြီးသည် တစ်ချိန်က သူတို့မြေယာပိုင်ထဲကဖြစ်သော်လည်း ရပ်ရွာလမ်းသာဖို့ရာ ဖောက်ခဲ့သည့်အတွက် အမွေခွဲချိန်တွင် တစ်ယောက်တစ်ခြမ်းစီ စည်းခြားကာ အုတ်တံတိုင်းတား ထားပစ်လိုက်သည်။

ထိုသို့ တားထားခြင်းက ယာဥ်သွားလာရာအခက်အခဲဖြစ်စေခဲ့သည့်အတွက် ဒေသခံ အာဏာပိုင်များမှ ပြန်လည်ဖယ်ရှားပေးရန် တောင်းဆိုခဲ့၍ ယခင်တိုင်းပြန်ဖြစ်သွားရသည်။

Credit (Love Feeling)