တရုတ် ကထုတ်တဲ့ Sinopharm ကာကွယ်ဆေးဟာ ကမ္ဘာမှာပြန့်နေတဲ့ Delta မျိုးဗီဇသစ်ကို ခုခံတဲ့ Antibobdy ထုတ်ပေးမှုအားနည်း

တရုတ် Sinopharm ရဲ့ကာကွယ်ဆေးဟာ ကမ္ဘာမှာပြန့်နေတဲ့ Delta မျိုးဗီဇသစ်ကို ခုခံတဲ့ Antibobdy ထုတ်ပေးမှုအားနည်း

တရုတ် Sinopharm ရဲ့ကာကွယ်ဆေးဟာ အခုကမ္ဘာမှာပြန့်နေတဲ့ Delta မျိုးဗီဇသစ်ကို ခုခံတဲ့ Antibobdy ထုတ်ပေးမှုအားနည်းတာတွေ့ရတယ်လို့ သုသေသနစာတမ်းတစ်ခုကဆိုပါတယ်။

Sinopharm ရဲ့ BBIBP-CorV ကာကွယ်ဆေးကြောင့် antibody ရရှိမှုမှာ အခု ကူးစက်နေတဲ့ Delta မျိုးကွဲမှာ ဟိုးအရင်စစခြင်း ဝူဟန်မြို့မှာတွေ့တဲ့ ဗိုင်းရပ်စ်ထက် antibody (၁•၃၈) ဆပိုနည်းတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

အခုသုသေသနဟာ သီရိလင်္ကာက University of Sri Jayewardenepura နဲ့ Oxford University တို့ပြုလုပ်ထားတဲ့သုသေသနဖြစ်ပါတယ်။

ဒါ့အပြင် Sinopharm ရဲ့ antibody တုန့်ပြန်မှုဟာ တောင်အာဖရိကက Beta မျိုးဗီဇကွဲမှာဆိုရင် (၁၀) ဆလျော့နည်းတာတွေ့ရပါတယ်။

သုသေသနပညာရှင်တွေကဘာတွေ့ခဲ့သလဲဆိုရင် Sinopharm ကြောင့်ရတဲ့ antibody ပမာဏနဲ့ ကိုဗစ်ကူးစက်ခံရပြီးရတဲ့ antibody ပမာဏဟာ အတူတူဖြစ်နေတာသွားတွေ့ပါသတဲ့။

Sinopharm ဟာ COVAX အစီအစဉ်ကနေ ကမ္ဘာကို dose ပေါင်း သန်း ၁၇၀ ဖြန့်ဖို့စီစဉ်ထားတဲ့ဆေးပါ။

Credit Richird Myo Thant

ref channelnewsasia

Zawgyi









ref channelnewsasia

Leave a Comment