မြန်မာအထူးကိုယ်စားလှယ်နေရာ နှင့် ပတ်သတ်ပြီး ယခုချိန်ထိရပ်တည်ချက်မပြောင်းလဲသေးကြောင်း ကုလပြောခွင့်ရ ပုဂ္ဂိုလ်ကပြောဆိုလိုက်

မြန်မာ အထူးကိုယ်စားလှယ်နေရာ နှင့် ပတ်သတ်ပြီး ယခုချိန်ထိရပ်တည်ချက်မပြောင်းလဲသေးကြောင်း ကုလပြောခွင့်ရ ပုဂ္ဂိုလ်ကပြောဆိုလိုက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတဲ့ကိစ္စမှာ ခုချိန်ထိ ဘာမှ ဆုံးဖြတ်ထားတာမျိုး မရှိသေးဘူးလို့ ကုလသမဂ္ဂ-အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ Farhan Haq က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တဦးက ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အပြောင်းအလဲ ရှိလာနိုင်ခြေ ရှိမရှိ ဆိုတဲ့မေးမြန်းချက်ကို သူက ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

” လက်ရှိအခြေအနေမှာတော့ ကျနော်တို့ရဲ့ ရပ်တည်ချက်က အရင်တုန်းက ပြောထားတာနဲ့ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်က ကျနော်တို့ ပြောထားတဲ့ အတိုင်းပါပဲ။ အပြောင်းအလဲ တစုံတရာ ရှိတယ်လို့ မကြားရသေးပါဘူး။ အကယ်၍ ဒီကိစ္စမှာ အငြင်းပွားမှု တစုံတရာ ရှိလာခဲ့ရင် စိစစ်လက်ခံရေး Credential Committee ဆိုတာ ရှိပါတယ်။ အဲဒီကော်မတီက ဆုံးဖြတ်သွားမှာပါ။ ခုတော့ တစုံတရာ ဆုံးဖြတ်ထားတာမျိုး မကြားမိသေးပါဘူး ” လို့ လက်ထောက်ပြောခွင့်ရ Farhan Haq က ပြောသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နယူးယောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမှာ ၊ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာစစ်သံမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်သူရိန်ကို အစားထိုးခန့်ထားပေးဖို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ထံ အကြောင်းကြားစာ ပေးပို့ထားပါတယ်။

ဗိုလ်မှူးကြီးအောင်သူရိန်ဟာ ၂၀၂၁ ခုနှစ်ထဲအထိ မြန်မာစစ်တပ်မှာ ၂၆ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။

တဖက်မှာတော့ ရာထူးတာဝန် ဝတ္တရားတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့်ဆိုပြီး ဦးကျေ်ာမိုးထွန်းကို စစ်ကောင်စီက ဖေေဖော်ဝါရီလ ၂၇ ရက်နေ့ ကတည်းက ရာထူးက ထုတ်ပယ်ထားပြီး ၊ နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဦးကျော်မိုးထွန်းဟာ ၂၀၂၀ အောက်တိုဘာလ ကစလို့ နယူးယောက်ကုလသမဂ္ဂရုံးချုပ်မှာ မြန်မာ အမြဲတမ်းသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၆ နေ့မှာ သူ့အနေနဲ့ အာဏာသိမ်း စစ်တပ်ကို ကိုယ်စားမပြုပဲ၊ NLD အစိုးရကိုသာ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြေညာခဲ့ပါတယ်။

VOA

Zawgyi

ျမန္မာ အထူးကိုယ္စားလွယ္ေနရာ ႏွင့္ ပတ္သတ္ၿပီး ယခုခ်ိန္ထိရပ္တည္ခ်က္မေျပာင္းလဲေသးေၾကာင္း ကုလေျပာခြင့္ရ ပုဂၢိဳလ္ကေျပာဆိုလိုက္

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ ဘယ္သူ႕ကို လက္ခံမလဲ ဆိုတဲ့ကိစၥမွာ ခုခ်ိန္ထိ ဘာမွ ဆုံးျဖတ္ထားတာမ်ိဳး မ႐ွိေသးဘူးလို႔ ကုလသမဂၢ-အတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရသူ Farhan Haq က ေျပာၾကားလိုက္ပါတယ္။

ဗုဒၶဟူးေန႔က နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္မွာ ျပဳလုပ္တဲ့ ေန႔စဥ္ပုံမွန္ သတင္းစာ႐ွင္းလင္းပြဲအတြင္း သတင္းေထာက္တဦးက ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး အေျပာင္းအလဲ ႐ွိလာႏိုင္ေျခ ႐ွိမ႐ွိ ဆိုတဲ့ေမးျမန္းခ်က္ကို သူက ေျဖၾကားလိုက္တာ ျဖစ္ပါတယ္။

” လက္႐ွိအေျခအေနမွာေတာ့ က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္က အရင္တုန္းက ေျပာထားတာနဲ႔ ဘာမွ အေျပာင္းအလဲ မ႐ွိေသးပါဘူး။ ၿပီးခဲ့တဲ့ လအနည္းငယ္က က်ေနာ္တို႔ ေျပာထားတဲ့ အတိုင္းပါပဲ။ အေျပာင္းအလဲ တစုံတရာ ႐ွိတယ္လို႔ မၾကားရေသးပါဘူး။ အကယ္၍ ဒီကိစၥမွာ အျငင္းပြားမႈ တစုံတရာ ႐ွိလာခဲ့ရင္ စိစစ္လက္ခံေရး Credential Committee ဆိုတာ ႐ွိပါတယ္။ အဲဒီေကာ္မတီက ဆုံးျဖတ္သြားမွာပါ။ ခုေတာ့ တစုံတရာ ဆုံးျဖတ္ထားတာမ်ိဳး မၾကားမိေသးပါဘူး ” လို႔ လက္ေထာက္ေျပာခြင့္ရ Farhan Haq က ေျပာသြားတာ ျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ နယူးေယာက္မွာ လက္႐ွိ တာဝန္ထမ္းေဆာင္ေနတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာမွာ ၊ ဝါ႐ွင္တန္ဒီစီၿမိဳ႕ေတာ္က ျမန္မာစစ္သံမႉးျဖစ္တဲ့ ဗိုလ္မႉးႀကီး ေအာင္သူရိန္ကို အစားထိုးခန္႔ထားေပးဖို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ထံ အေၾကာင္းၾကားစာ ေပးပို႔ထားပါတယ္။

ဗိုလ္မႉးႀကီးေအာင္သူရိန္ဟာ ၂၀၂၁ ခုႏွစ္ထဲအထိ ျမန္မာစစ္တပ္မွာ ၂၆ ႏွစ္ၾကာ တာဝန္ ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း AP သတင္းမွာ ေဖၚျပပါတယ္။

တဖက္မွာေတာ့ ရာထူးတာဝန္ ဝတၱရားေတြကို အလြဲသုံးစားလုပ္ခဲ့တာေၾကာင့္ဆိုၿပီး ဦးေက်္ာမိုးထြန္းကို စစ္ေကာင္စီက ေဖေေဖာ္ဝါရီလ ၂၇ ရက္ေန႔ ကတည္းက ရာထူးက ထုတ္ပယ္ထားၿပီး ၊ ႏိုင္ငံေတာ္သစၥာေဖါက္မႈနဲ႔ ဖမ္းဝရမ္း ထုတ္ထားပါတယ္။

ဦးေက်ာ္မိုးထြန္းဟာ ၂၀၂၀ ေအာက္တိုဘာလ ကစလို႔ နယူးေယာက္ကုလသမဂၢ႐ုံးခ်ဳပ္မွာ ျမန္မာ အၿမဲတမ္းသံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့တာျဖစ္ၿပီး၊ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၂၆ ေန႔မွာ သူ႕အေနနဲ႔ အာဏာသိမ္း စစ္တပ္ကို ကိုယ္စားမျပဳပဲ၊ NLD အစိုးရကိုသာ ကိုယ္စားျပဳတယ္လို႔ ကုလသမဂၢ အေထြေထြညီလာခံမွာ ေၾကညာခဲ့ပါတယ္။

VOA