မိဘ ဂုဏ်ရည် (၁၃) ပါး

မိဘ ဂုဏ်ရည် (၁၃) ပါး

(၁) သုဟဒယဂုဏ်

အရိုး အကြော အသွေးအသားထဲကစိမ့်ပြီး သားသမီးကိုချစ်ခြင်း ။

(၂) ဗြဟ္မာဂုဏ်

မတျတော ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပကျခော လေးပါးနှင့်စောင့်ရှောက်ခြင်း ။

(၃) ဇနေတ္တိဂုဏ်

အသက်စွန့်ပြီး မွေးသောအမေ ၊အသက် စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း ။

(၄) ပေါသကဂုဏ်

အေးမြပြီးသန့်ရှင်းကြည်လင်သောမိဘ နှစ်ပါး၏ အရိပ်ရခြင်း ။

(၅) ပေါသနန္တိဂုဏ်

လေပူ နေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။

(၆) ဒထောရာဂုဏ်

စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုးနည်း ဆွမ်းကပ်နည်း ကြီးသူကိုရိုသေ ငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။

(၇) အာပါဒကာဂုဏ်

ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး စောင့်ရှောက်တတ်ခြင်း ။

(၈) တေသယန္တိဂုဏ်

တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။

(၉) ပုဗ္ဗာဒေဝတါဂုဏ်

အိမ်ဦးနတ် ဖခင် မိခင်ဖြစ်ခြင်း ။

(၁၀) ပုဗ္ဗာစရိယဂုဏ်

လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယ မိနှင့်ဖဟူသော စကားနှင့်လျော်ညီစွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့်သိမ်းသွင်းခြင်း ။

(၁၁) ဂေါပယန္တိဂုဏ်

စား ဝတ် နေရေး ပညာရေးကျန်းမာရေးမပူပင်ရအောင်၊လုပ်ဆောင်ပေးသော အေးသောအရိပ်ပေးခြင်း ။

(၁၂) အာဟုနေယျဂုဏ်

ပစ္စည်းလေးပါးတို့ဖြင့်၊ကန်တော့ခံရသည့်ပုဂ္ဂိုလ်ဖြစ်ခြင်း ။

(၁၃) အနာမဋ္ဌဂုဏ်

သားရဟန်း ဆွမ်းမဘုဥ်းပေးမီ၊မိဘနှစ်ပါးအား အရင်ဆုံးဆွမ်းစားစေခြင်း အခွင့်ရရှိသော မိဘနှစ်ပါးဖြစ်ခြင်း ။

✍ Credit to Original writer

စာပေချစ်သူများအား အစဥ်လေးစားလျှက်မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် ။

Leave a Comment