ရုရှား နိုင်ငံ ၌ ကမ္ဘာ့အဆိုးဝါးဆုံး တောမီးလောင်ကျွမ်းမှု ထိမ်းမရဖြစ်နေ

ရုရှား နိုင်ငံ ၌ ကမ္ဘာ့အဆိုးဝါးဆုံး တောမီးလောင်ကျွမ်းမှု ထိမ်းမရဖြစ်နေ

ရုရှားနိုင်ငံရဲ့ ရာသီဥတုအအေးဆုံး ဆိုက်ဗေးရီးယား မြောက်ပိုင်းဒေသက Sakha မျိူးနွယ်စုတွေအများစုနေထိုင်ရာ Sakha Republic ပြည်နယ်မှာ အဆိုးဝါးဆုံးတောမီးလောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဖြေးဖြေးချင်းလောင်ကျွမ်းနေတာ ရက်အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ ထိမ်းချုပ်လို့မရပဲ ပြည်နယ်မြို့တော် Yakutsk ကိုပါ ခြိမ်းခြောက်လာသလို ပြည်နယ်ရဲ့အဓိကလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုပါ ကူးစက်လောင်ကျွမ်းမဲ့ အနေအထားဖြစ်နေတဲ့အတွက် ရုရှားလေတပ်ကပါ ကူညီငြိမ်းသတ်ဖို့ ကျိုးစားနေရတယ်ဆိုပါတယ်။

မီးသတ်သမား (၂)ထောင်ကျော်အပြင် စေတနာ့၀န်ထမ်းတွေပါ ကူညီငြိမ်းသတ်နေကြပေမဲ့ လောင်ကျွမ်းနေဆဲလို့ သတင်းတွေက ဖေါ်ပြပါတယ်။ တောမီးကြောင့် ဧကပေါင်း သိန်းချီ ဆုံးရှုံးရသလို ကမ္ဘာ့အဆိုးဝါးဆုံး လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီလို့ ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက သတိပေးပါတယ်။

မြို့တော် အပါအ၀င် ပြည်နယ်ထဲက မြို့နယ် (၅၀)ကျော်မှာ မီးခိုးတွေအုံ့မှိုင်းနေပြီး အိမ်အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မြို့တော် လေဆိပ်ကို ပိတ်ထားရသလို ဒေသခံတော်တော်များများဟာ တစ်ခြားပြည်နယ်တွေကို အရေးပေါ်ပြောင်းရွှေ့နေကြတယ်ဆိုပါတယ်။

တောမီးလောင်ရခြင်းအကြောင်းကို မသိရပေမဲ့ အခုနှစ်နွေရာသီဟာ နှစ်ပေါင်း (၁၅၀) အတွင်း ဆိုက်ဗေးရီးယားမှာ အပူဆုံးရာသီဥတု ဖြစ်တယ်ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ အဓိကတရားခံဖြစ်တယ်လို့ Sakha ပြည်နယ်အုပ်ချူပ်ရေးမှူးကပြောကြောင်း ရုရှားနဲ့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

Credit

Zawgyi

႐ု႐ွား ႏိုင္ငံ ၌ ကမ႓ာ့အဆိုးဝါးဆုံး ေတာမီးေလာင္ကြၽမ္းမႈ ထိမ္းမရျဖစ္ေန

႐ု႐ွားႏိုင္ငံရဲ႕ ရာသီဥတုအေအးဆုံး ဆိုက္ေဗးရီးယား ေျမာက္ပိုင္းေဒသက Sakha မ်ိဴးႏြယ္စုေတြအမ်ားစုေနထိုင္ရာ Sakha Republic ျပည္နယ္မွာ အဆိုးဝါးဆုံးေတာမီးေလာင္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေျဖးေျဖးခ်င္းေလာင္ကြၽမ္းေနတာ ရက္အေတာ္ၾကာခဲ့ၿပီျဖစ္ေပမဲ့ ထိမ္းခ်ဳပ္လို႔မရပဲ ျပည္နယ္ၿမိဳ႕ေတာ္ Yakutsk ကိုပါ ၿခိမ္းေျခာက္လာသလို ျပည္နယ္ရဲ႕အဓိကလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကိုပါ ကူးစက္ေလာင္ကြၽမ္းမဲ့ အေနအထားျဖစ္ေနတဲ့အတြက္ ႐ု႐ွားေလတပ္ကပါ ကူညီၿငိမ္းသတ္ဖို႔ က်ိဳးစားေနရတယ္ဆိုပါတယ္။

မီးသတ္သမား (၂)ေထာင္ေက်ာ္အျပင္ ေစတနာ့၀န္ထမ္းေတြပါ ကူညီၿငိမ္းသတ္ေနၾကေပမဲ့ ေလာင္ကြၽမ္းေနဆဲလို႔ သတင္းေတြက ေဖၚျပပါတယ္။ ေတာမီးေၾကာင့္ ဧကေပါင္း သိန္းခ်ီ ဆုံး႐ႈံးရသလို ကမ႓ာ့အဆိုးဝါးဆုံး ေလထုညစ္ညမ္းမႈနဲ႔ ရင္ဆိုင္ေနရၿပီလို႔ ပတ္၀န္းက်င္ထိန္းသိမ္းေရးအဖြဲ႕ေတြက သတိေပးပါတယ္။

ၿမိဳ႕ေတာ္ အပါအ၀င္ ျပည္နယ္ထဲက ၿမိဳ႕နယ္ (၅၀)ေက်ာ္မွာ မီးခိုးေတြအုံ႔မိႈင္းေနၿပီး အိမ္အျပင္မထြက္ၾကဖို႔ အာဏာပိုင္ေတြက သတိေပးထားပါတယ္။ ၿမိဳ႕ေတာ္ ေလဆိပ္ကို ပိတ္ထားရသလို ေဒသခံေတာ္ေတာ္မ်ားမ်ားဟာ တစ္ျခားျပည္နယ္ေတြကို အေရးေပၚေျပာင္းေ႐ႊ႕ေနၾကတယ္ဆိုပါတယ္။

ေတာမီးေလာင္ရျခင္းအေၾကာင္းကို မသိရေပမဲ့ အခုႏွစ္ေႏြရာသီဟာ ႏွစ္ေပါင္း (၁၅၀) အတြင္း ဆိုက္ေဗးရီးယားမွာ အပူဆုံးရာသီဥတု ျဖစ္တယ္ဆိုပါတယ္။ ကမ႓ာ့ရာသီဥတုေျပာင္းလဲမႈဟာ အဓိကတရားခံျဖစ္တယ္လို႔ Sakha ျပည္နယ္အုပ္ခ်ဴပ္ေရးမႉးကေျပာေၾကာင္း ႐ု႐ွားနဲ႔ ႏိုင္ငံတကာသတင္းေတြမွာ ေဖၚျပထားပါတယ္။

Credit

Leave a Comment