COVID-19 ဗိုင်းရပ်စ် က အမြစ်ပြတ် ပျောက်ကင်းသွားမှာ မဟုတ်ဘဲ ရာသီပေါ် တုပ်ကွေးလိုနှစ်စဉ်နှစ်တိုင်းပေါ်လာနိုင်

COVID-19 ဗိုင်းရပ်စ် က အမြစ်ပြတ် ပျောက်ကင်းသွားမှာ မဟုတ်ဘဲ ရာသီပေါ် တုပ်ကွေးလိုနှစ်စဉ်နှစ်တိုင်းပေါ်လာနိုင်

ကိုရိုနာဗိုင်းရပ်စ်ဟာအမြစ်ပြတ်သွားမှာ မဟုတ်ကြောင်းတရုတ်သိပ္ပံပညာရှင်တွေကပြောပြီးဒီဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVID-19 ရောဂါဟာတုပ်ကွေးလိုရာသီပေါ် ရောဂါမျိုးနှစ်စဉ်ကြုံရနိုင်တယ်လို့ကမ္ဘာတစ်ဝန်းထင်မြင်ယူဆချက်တွေကို အားဖြည့်ပေးလိုက်ပါတယ်။အချိုဗိုင်းရပ်စ် ကူးစက်သူ့မှာဖျားတာလို့ထင်သာမြင်သာလက္ခဏာတွေမပြဘဲဗိုင်းရပ်စ်သယ်ဆောင်ထားသူတွေဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ၁၇ နှစ်က ပေါ်ပေါက်ခဲ့သည့် ၎င်းရဲ့ နီးစပ်သောမျိုးကွဲ SARS လိုမျိုးကိုရိုနာဗိုင်းရပ်စ်ကပျောက်ကွယ်သွားဖို့ မရှိပါဘူး။

ရောဂါလက္ခဏာမပြတဲ့ဗိုင်းရပ်စ်သယ် ဆောင်အုပ်စုကြောင့် အခြားသူများဆီ စစ်ဆေးတွေ့ရှိခြင်းမရှိဘဲ ဗိုင်းရပ်စ် ပျံ့နှံ့စေမှာကြောင့်ကူးစက်မှုကိုလုံးလုံး ထိန်း ချုပ်ဖို့ကတော့ခက်ခဲတယ်လို့ တရုတ် ပိုးမွှားနှင့်ဆေးဝါးသုတေသနပညာရှင်အဖွဲ့ကပေကျင်းကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ SARS ရောဂါကတော့ကူးစက်ဖြစ်ပွားသူဟာ အပြင်းအထန် နာမကျန်းဖြစ်ပြီး ရောဂါဖြစ်သူကိုအခြားသူတွေနဲ့ ခွဲထားပြီး ဗိုင်းရပ်စ် ပျံ့နှံ့မှုရပ်တန့်နိုင်ခဲ့တာပါ။ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကတော့ ဆန့်ကျင်ဖက်ဖြစ်ပြီးတရုတ်နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားရာဒေသတွေကို ထိန်းချုပ်ထားပေမယ့်လည်းရောဂါလက္ခဏာ မပြတဲ့ ဗိုင်းရပ်စ်ကူးစက်သူတွေကိုနေ့စဉ်နှင့်အမျှတွေ့နေရတုန်းဖြစ်ပါတယ်။

“လူတွေကြားထဲမှာကိုရိုနာဗိုင်းရပ်စ် ကြာရှည်တည်ရှိသွားမှာက ဖြစ်နိုင်ခြေ အတော်များတယ်။ရာသီပေါ် ရောဂါဖြစ်လာပြီးလူတွေရဲ့ခန္ဓာကိုယ်မှာတွယ်ရှိနေနိုင်တယ်။”လို့ တရုတ်ထိပ်တန်းဆေးဝါးသုတေသနဌာန Chinese Academy of Medical Sciences က ရောဂါပိုးမွှားဇီဝဗေဒသိပ္ပံရဲ့ ညွှန်ကြားရေးမှူးကျင်းချိကပြောပါတယ်။တစ်ကမ္ဘာ့လုံးက စီးပွားရေးကြီးရပ်တန့်သွားစေတဲ့ ဆုံးရှုံးမှုကြီးတဲ့ lockdown ချတာတွေ လုပ်ဆောင်နေပေမယ့်လည်းဗိုင်းရပ်စ်ကိုအမြစ်ဖြတ်နိုင်ဖို့တော့မရှိဘူးလို့ ထိပ်တန်းသုတေသီတွေနဲ့ ကမ္ဘာ့အစိုးရအများစု ယူဆထားပါတယ်။

Rf; Bloomberg
Writer_ မောင်သံဆင့်(XYZ News)

COVID-19 ဗိုင္းရပ္စ္ က အျမစ္ျပတ္ ေပ်ာက္ကင္းသြားမွာ မဟုတ္ဘဲ ရာသီေပၚ တုပ္ေကြးလိုႏွစ္စဥ္ႏွစ္တိုင္းေပၚလာနိုင္

ကိုရိုနာဗိုင္းရပ္စ္ဟာအျမစ္ျပတ္သြားမွာ မဟုတ္ေၾကာင္းတ႐ုတ္သိပၸံပညာရွင္ေတြက ေျပာၿပီး ဒီဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ COVID-19 ေရာဂါဟာတုပ္ေကြးလို ရာသီေပၚ ေရာဂါမ်ိဳးႏွစ္စဥ္ႀကဳံရနိုင္တယ္လို႔ ကမာၻတစ္ဝန္းထင္ျမင္ယူဆခ်က္ေတြကို အားျဖည့္ေပးလိုက္ပါတယ္။အခ်ိဳဗိုင္းရပ္စ္ ကူးစက္သူ႕မွာဖ်ားတာလို႔ထင္သာျမင္သာလကၡဏာေတြမျပဘဲ ဗိုင္းရပ္စ္ သယ္ေဆာင္ထားသူေတြျဖစ္ေနတာေၾကာင့္ လြန္ခဲ့တဲ့ ၁၇ ႏွစ္က ေပၚေပါက္ခဲ့သည့္ ၎ရဲ႕ နီးစပ္ေသာမ်ိဳးကြဲ SARS လိုမ်ိဳးကိုရိုနာဗိုင္းရပ္စ္ကေပ်ာက္ကြယ္သြားဖို႔ မရွိပါဘူး။

ေရာဂါလကၡဏာမျပတဲ့ဗိုင္းရပ္စ္သယ္ ေဆာင္အုပ္စုေၾကာင့္ အျခားသူမ်ားဆီ စစ္ေဆးေတြ႕ရွိျခင္းမရွိဘဲ ဗိုင္းရပ္စ္ ပ်ံ့ႏွံ႕ေစမွာေၾကာင့္ကူးစက္မႈကိုလုံးလုံး ထိန္း ခ်ဳပ္ဖို႔ကေတာ့ခက္ခဲတယ္လို႔ တ႐ုတ္ ပိုးမႊားႏွင့္ေဆးဝါးသုေတသနပညာရွင္အဖြဲ႕ကေပက်င္းကသတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။ SARS ေရာဂါကေတာ့ကူးစက္ျဖစ္ပြားသူဟာ အျပင္းအထန္ နာမက်န္းျဖစ္ၿပီး ေရာဂါျဖစ္သူကိုအျခားသူေတြနဲ႕ ခြဲထားၿပီး ဗိုင္းရပ္စ္ ပ်ံ့ႏွံ႕မႈရပ္တန႔္နိုင္ခဲ့တာပါ။ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ကေတာ့ ဆန႔္က်င္ဖက္ျဖစ္ၿပီးတ႐ုတ္နိုင္ငံအတြင္း ကူးစက္ျဖစ္ပြားရာေဒသေတြကို ထိန္းခ်ဳပ္ထားေပမယ့္လည္းေရာဂါလကၡဏာ မျပတဲ့ ဗိုင္းရပ္စ္ကူးစက္သူေတြကိုေန႕စဥ္ႏွင့္အမွ်ေတြ႕ေနရတုန္းျဖစ္ပါတယ္။

“လူေတြၾကားထဲမွာကိုရိုနာဗိုင္းရပ္စ္ ၾကာရွည္တည္ရွိသြားမွာက ျဖစ္နိုင္ေျခ အေတာ္မ်ားတယ္။ရာသီေပၚ ေရာဂါျဖစ္လာၿပီးလူေတြရဲ႕ခႏၶာကိုယ္မွာတြယ္ရွိေနနိုင္တယ္။”လို႔ တ႐ုတ္ထိပ္တန္းေဆးဝါးသုေတသနဌာန Chinese Academy of Medical Sciences က ေရာဂါပိုးမႊားဇီဝေဗဒသိပၸံရဲ႕ ၫႊန္ၾကားေရးမႉးက်င္းခ်ိကေျပာပါတယ္။တစ္ကမာၻ႔လုံးက စီးပြားေရးႀကီးရပ္တန႔္သြားေစတဲ့ ဆုံးရႈံးမႈႀကီးတဲ့ lockdown ခ်တာေတြ လုပ္ေဆာင္ေနေပမယ့္လည္းဗိုင္းရပ္စ္ကို အျမစ္ျဖတ္နိုင္ဖို႔ေတာ့မရွိဘူးလို႔ ထိပ္ တန္းသုေတသီေတြနဲ႕ ကမာၻ႔ အစိုးရ အမ်ားစု ယူဆထားပါတယ္။

Rf; Bloomberg
Writer_ ေမာင္သံဆင့္(XYZ News)