COVID-19 ကာအတွင်းမှာ ဈေး ရောင်း ရင်းအပိုဝင်ငွေရှာနေကြတဲ့အနုပညာရှင်များ

အခုလို Covid-19 ကာလမှာတော့ ရော ဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်ကန့်သတ်နိုင်ဖို့အတွက် Stay Home ကာလအဖြစ်သတ်မှတ်ထားပြီးလုပ်ငန်းတော်တော်များများရပ်နားထားရပါတယ်။အခုလိုအိမ်မှာနေရတဲ့အချိန်မှာလူတော်တော်များများကိုယ်တိုင်လည်းချက်ပြုတ် စား က်ရင်းအပိုဝင်ငွေရအောင်အစား အသောက်တွေချက်ပြုတ်ရောင်းချလာတာကိုတွေ့မြင်ရမှာပါ။အဲ့ဒီထဲမှာတော့ အနုပညာရှင်အချို့လည်းပါဝင်လာပါတယ်။ သူတို့တွေကတော့

(၁) ညီနန္ဒ

ပရိသတ်ရဲ့အချစ်တော်မင်းသားချောကြီး ညီနန္ဒကတော့ စပါယ်ရှယ်ထောပတ်ထမင်းကို ရောင်းချပေးနေပြီး ထောပတ်ထမင်းနဲ့တွဲဖက်စားဖို့ကြက်သားဟင်းကိုလည်းဗမာကြက်ကိုမှသေချာဒိန်ချဉ်နဲ့နှယ်ပြီးမှချက်ပြုတ်ထားတာဖြစ်ပြီး တစ်ပွဲ(၃၅၀၀)ကျပ်နဲ့ ရောင်းချပေးနေပါ တယ်။

(၂) ထူးခြား

သူကတော့ဝက်နဲ့ပတ်သက်ပြီး စပါယ်ရှယ်ရောင်းချနေသူပါသင်္ကြန်မတိုင်ခင်ကာလကတည်းကဝက်နံရိုးမီးတောက်ရောင်းချခဲ့ပြီးအခုဆိုရင်တော့ပွင့်နဒီမောင်နဲ့ပေါင်းကာ Menu အသစ်တွေထပ်ထုတ်ထားတာမို့ ဝက်လက်ရှယ်ပေါင်း၊ဝက်နံရိုးအချိုပေါင်းတို့ပါအားပေးနိုင် ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ တစ်ပွဲကို တစ်သောင်းခွဲဖြစ်ပြီး သောကြာ၊စနေနဲ့ တနင်္ဂနွေနေ့ သုံးရက်ပဲရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

(၃)မင်းတော်ဝင်

သူကတော့ထူးခြားရဲ့ညီအရင်းဖြစ်ပြီး အစ်ကိုဖြစ်သူလိုပဲ Stay Home ကာလစတင်ကတည်းကအစားအသောက်တွေရောင်းချနေသူပါ။သူကတော့ကိုရီးယားကြက်ကြော်ရိုးရိုးနဲ့ မာလာကြ က်ကြော်ကိုပွဲသေး(၅၀၀၀)၊ပွဲကြီး(၈၀၀၀)နဲ့ ရောင်းချပေးနေတာပါ။ စွဲစွဲလန်းလန်းယိုစုံသုပ်ကိုလည်းတစ်ပွဲ(၃၅၀၀)နဲ့ ရောင်းချပေးပါသေးတယ်။

(၄)ညီညီမောင်(သုသု)

သုသုကတော့သရက်သီးရာသီရောက်ပြီမို့သရက်သီးတွေကိုယ်တိုင်ပို့ကာ ရောင်း ချနေပြီးဆေးသုံးပြီးကြီးအောင်မလုပ်ထားတဲ့ အပျိုစင်ခြံထွက်စိန်တစ်လုံးသီးတွေကို (၈၀၀)(၁၀၀၀)ကျပ်၊အစိမ်းစားသရက်သီးတွေကို တစ်လုံး(၁၀၀၀) ကျပ်နဲ့ ရောင်းချပေးနေပါတယ်။

သူတို့တွေကတော့အခုလို Covid-19 ကာလမှာဈေးရောင်းရင်းဝင်ငွေရှာနေကြတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော Covid-19 ကာလမှာအစားအသောက်ရောင်းရင်းဝင်ငွေရှာနေတဲ့သူတွေရှိလား။

Source – Nyi Nanda, Htoo Char, Min Taw Win, Nyi Nyi Maung

Rainbow- Cele Gabar,Reference&Credit:Celegabar.com

COVID-19 ကာအတြင္းမွာ ေဈး ေရာင္း ရင္းအပိုဝင္ေငြရွာေနၾကတဲ့အႏုပညာရွင္မ်ား

အခုလို Covid-19 ကာလမွာေတာ့ ေရာ ဂါပိုးျပန႔္ပြားမႈကို ထိန္းခ်ဳပ္ကန႔္သတ္နိုင္ဖို႔အတြက္ Stay Home ကာလအျဖစ္သတ္မွတ္ထားၿပီးလုပ္ငန္းေတာ္ေတာ္မ်ားမ်ားရပ္နားထားရပါတယ္။အခုလိုအိမ္မွာေနရတဲ့အခ်ိန္မွာလူေတာ္ေတာ္မ်ားမ်ားကိုယ္တိုင္လည္းခ်က္ျပဳတ္ စား က္ရင္းအပိုဝင္ေငြရေအာင္အစား အေသာက္ေတြခ်က္ျပဳတ္ေရာင္းခ်လာတာကိုေတြ႕ျမင္ရမွာပါ။အဲ့ဒီထဲမွာေတာ့ အႏုပညာရွင္အခ်ိဳ႕လည္းပါဝင္လာပါတယ္။ သူတို႔ေတြကေတာ့

(၁) ညီနႏၵ

ပရိသတ္ရဲ႕အခ်စ္ေတာ္မင္းသားေခ်ာႀကီး ညီနႏၵကေတာ့ စပါယ္ရွယ္ေထာပတ္ထမင္းကို ေရာင္းခ်ေပးေနၿပီး ေထာပတ္ထမင္းနဲ႕တြဲဖက္စားဖို႔ၾကက္သားဟင္းကိုလည္းဗမာၾကက္ကိုမွေသခ်ာဒိန္ခ်ဥ္နဲ႕ႏွယ္ၿပီးမွခ်က္ျပဳတ္ထားတာျဖစ္ၿပီး တစ္ပြဲ(၃၅၀၀)က်ပ္နဲ႕ ေရာင္းခ်ေပးေနပါ တယ္။

(၂) ထူးျခား

သူကေတာ့ဝက္နဲ႕ပတ္သက္ၿပီး စပါယ္ရွယ္ေရာင္းခ်ေနသူပါသၾကၤန္မတိုင္ခင္ကာလကတည္းကဝက္နံရိုးမီးေတာက္ေရာင္းခ်ခဲ့ၿပီးအခုဆိုရင္ေတာ့ပြင့္နဒီေမာင္နဲ႕ေပါင္းကာ Menu အသစ္ေတြထပ္ထုတ္ထားတာမို႔ ဝက္လက္ရွယ္ေပါင္း၊ဝက္နံရိုးအခ်ိဳေပါင္းတို႔ပါအားေပးနိုင္ ၿပီျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ တစ္ပြဲကို တစ္ေသာင္းခြဲျဖစ္ၿပီး ေသာၾကာ၊စေနနဲ႕ တနဂၤေႏြေန႕ သုံးရက္ပဲေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။

(၃)မင္းေတာ္ဝင္

သူကေတာ့ထူးျခားရဲ႕ညီအရင္းျဖစ္ၿပီး အစ္ကိုျဖစ္သူလိုပဲ Stay Home ကာလစတင္ကတည္းကအစားအေသာက္ေတြေရာင္းခ်ေနသူပါ။သူကေတာ့ကိုရီးယားၾကက္ေၾကာ္ရိုးရိုးနဲ႕ မာလာၾကက္ေၾကာ္ကိုပြဲေသး(၅၀၀၀)၊ပြဲႀကီး(၈၀၀၀)နဲ႕ ေရာင္းခ်ေပးေနတာပါ။စြဲစြဲလန္းလန္းယိုစုံသုပ္ကိုလည္းတစ္ပြဲ(၃၅၀၀)နဲ႕ ေရာင္းခ်ေပးပါေသးတယ္။

(၄)ညီညီေမာင္(သုသု)

သုသုကေတာ့သရက္သီးရာသီေရာက္ၿပီမို႔သရက္သီးေတြကိုယ္တိုင္ပို႔ကာ ေရာင္း ခ်ေနၿပီးေဆးသုံးၿပီးႀကီးေအာင္မလုပ္ထားတဲ့ အပ်ိဳစင္ၿခံထြက္စိန္တစ္လုံးသီးေတြကို (၈၀၀)(၁၀၀၀)က်ပ္၊ အစိမ္းစားသရက္သီးေတြကို တစ္လုံး(၁၀၀၀)က်ပ္နဲ႕ ေရာင္းခ်ေပးေနပါတယ္။

သူတို႔ေတြကေတာ့အခုလို Covid-19 ကာလမွာေဈးေရာင္းရင္းဝင္ေငြရွာေနၾကတဲ့အႏုပညာရွင္ေတြပဲျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးထဲမွာေရာ Covid-19 ကာလမွာအစားအေသာက္ေရာင္းရင္းဝင္ေငြရွာေနတဲ့သူေတြရွိလား။

Source – Nyi Nanda, Htoo Char, Min Taw Win, Nyi Nyi Maung

Rainbow- Cele Gabar,Reference&Credit:Celegabar.com