ခရီးသွားလာမှု မရှိတော့တာကြောင့်ဂျယ်လီငါးတွေတောင် တွေ့နေရပြီဖြစ်တဲ့ ဗင်းနစ်မြို့ရဲ့ အခြေအနေ

ခရီးသွားလာမှု မရှိတော့တာကြောင့်ဂျယ်လီငါးတွေတောင် တွေ့နေရပြီဖြစ်တဲ့ ဗင်းနစ်မြို့ရဲ့ အခြေအနေ

အီတလီရဲ့ Venice (ဗင်းနစ်) မြို့ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အိပ် မက်မြို့တော်လို့တောင် တင်စားလို့ရပါတယ်။အနုပညာပေါကြွယ်ဝပြီး ရိုမန့်တစ်အဆန်ဆုံးမြို့တွေထဲကတစ်မြို့လို့လည်း ဆိုရမှာပါပဲ။

အမြဲတမ်းမျက်စိတစ်ဆုံး ခရီးသွားတွေနဲ့ပြည့်နှက်နေတဲ့ Venice မြို့လေးဟာ ကူးစက်ရောဂါကြောင့် လုံးဝခြောက်သွေ့သွားခဲ့တာ တစ်လကျော် နှစ်လနီးပါးလောက်ရှိနေခဲ့ပါပြီ။

လမ်းမပေါ်မှာလူသွားလူလာတွေ ရှင်းသွားတဲ့အတွက်မြို့လေးဟာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ Venice ရဲ့ တူး မြောင်းတွေဆိုတာလည်းအရင်တုန်းက ခရီးသွားတွေကြောင့်လှေလေးတွေနဲ့ အမြဲရှုပ်ယှက်ခတ်နေရာမှအခုဆိုရင် ရှင်း လင်းသွားခဲ့ပါပြီ။အမှိုက်သရိုက်တွေလည်းမရှိ၊လှေသွားလှေလာတွေလည်း မရှိတော့တဲ့အတွက်တူးမြောင်းထဲက ရေတွေဟာငြိမ်သက်လို့နေပြီး တစ်နေ့တစ်ခြားကြည်လင်လာနေတယ်ဆိုတဲ့အ ကြောင်းတွေလည်းလူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့တကွတွေ့ဖူးကြမှာပါနော်။

နောက်ထပ်ထူးခြားချက်ကတော့ တလောကမှဇီဝဗေဒပညာရှင် Andrea Mangoni တွေ့ခဲ့တဲ့မြင်ကွင်းလေးတစ်ခုပါ။အဲဒါကတော့ဂျယ်လီငါးလေးတစ်ကောင်တူးမြောင်းထဲလွတ်လွတ်လပ်လပ် ကူးလူနေတာပါတဲ့လေ။ဂျယ်လီငါးလေးတွေဆိုတာရေမသန့်ရင်တို့၊အထူးသဖြင့် လူတွေရှိတဲ့နေရာတွေဆိုရင်မလာကြတာများပါတယ်

Credit Shwemom

ခရီးသြားလာမႈ မရွိေတာ့တာေၾကာင့္ဂ်ယ္လီငါးေတြေတာင္ ေတြ႕ေနရၿပီျဖစ္တဲ့ ဗင္းနစ္ၿမိဳ႕ရဲ႕ အေျခအေန

အီတလီရဲ႕ Venice (ဗင္းနစ္) ၿမိဳ႕ဟာ ကမာၻလွည့္ခရီးသြားေတြအတြက္ အိပ္ မက္ၿမိဳ႕ေတာ္လို႔ေတာင္ တင္စားလို႔ရပါတယ္။အႏုပညာေပါႂကြယ္ဝၿပီး ရိုမန႔္တစ္အဆန္ဆုံးၿမိဳ႕ေတြထဲကတစ္ၿမိဳ႕လို႔လည္း ဆိုရမွာပါပဲ။

အၿမဲတမ္းမ်က္စိတစ္ဆုံး ခရီးသြားေတြနဲ႕ျပည့္ႏွက္ေနတဲ့ Venice ၿမိဳ႕ေလးဟာ ကူးစက္ေရာဂါေၾကာင့္ လုံးဝေျခာက္ေသြ႕သြားခဲ့တာ တစ္လေက်ာ္ ႏွစ္လနီးပါးေလာက္ရွိေနခဲ့ပါၿပီ။

လမ္းမေပၚမွာလူသြားလူလာေတြ ရွင္းသြားတဲ့အတြက္ၿမိဳ႕ေလးဟာတိတ္ဆိတ္ၿငိမ္သက္ေနပါတယ္။ Venice ရဲ႕ တူး ေျမာင္းေတြဆိုတာလည္းအရင္တုန္းက ခရီးသြားေတြေၾကာင့္ေလွေလးေတြနဲ႕ အၿမဲရႈပ္ယွက္ခတ္ေနရာမွအခုဆိုရင္ ရွင္း လင္းသြားခဲ့ပါၿပီ။အမွိုက္သရိုက္ေတြလည္းမရွိ၊ေလွသြားေလွလာေတြလည္း မရွိေတာ့တဲ့အတြက္တူးေျမာင္းထဲက ေရေတြဟာၿငိမ္သက္လို႔ေနၿပီး တစ္ေန႕တစ္ျခားၾကည္လင္လာေနတယ္ဆိုတဲ့အ ေၾကာင္းေတြလည္းလူမႈကြန္ယက္မွာ ဓာတ္ပုံေတြနဲ႕တကြေတြ႕ဖူးၾကမွာပစါေနာ္။

ေနာက္ထပ္ထူးျခားခ်က္ကေတာ့ တေလာကမွဇီဝေဗဒပညာရွင္ Andrea Mangoni ေတြ႕ခဲ့တဲ့ျမင္ကြင္းေလးတစ္ခုပါ။ အဲဒါကေတာ့ဂ်ယ္လီငါးေလးတစ္ေကာင္တူးေျမာင္းထဲလြတ္လြတ္လပ္လပ္ ကူးလူေနတာပါတဲ့ေလ။ဂ်ယ္လီငါးေလးေတြဆိုတာေရမသန႔္ရင္တို႔၊အထူးသျဖင့္ လူေတြရွိတဲ့ေနရာေတြဆိုရင္မလာၾကတာမ်ားပါတယ္

Credit Shwemom