ခွင့်ပြုချက်မဲ့မိုဘိုင်းကွန်ရက်ကို ခိုးပြီးအသုံးပြုနေတဲ့ နိုင်ငံသား(၁၀)ယောက်ကို လူမြင်ကွင်းမှာပင် ပစ်ခတ်စီရင်ခဲ့တဲ့မြောက်ကိုရီးယား

ခွင့်ပြုချက်မဲ့မိုဘိုင်းကွန်ရက်ကို ခိုးပြီးအသုံးပြုနေတဲ့ နိုင်ငံသား(၁၀)ယောက်ကို လူမြင်ကွင်းမှာပင် ပစ်ခတ်စီရင်ခဲ့တဲ့မြောက်ကိုရီးယား

မြောက်ကိုရီးယားအာဏာပိုင်တွေဟာ ခွင့်ပြုချက်မဲ့မိုဘိုင်းကွန်ရက်ကို ခိုးပြီးအသုံးပြုနေတဲ့ နိုင်ငံသား(၁၀)ယောက်ကို လူမြင်ကွင်းမှာပင် ပစ်ခတ်စီရင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစီရင်ခံရသူတွေဟာ တရုတ်နိုင်ငံက ထုတ်လွှင့်ထားတဲ့ မိုဘိုင်းကွန်ရက်ကို ခိုးယူအသုံးပြုခဲ့တာဖြစ်ပြီး၊

အပြစ်အနေနဲ့ကတော့ ပြင်ပကမာ္ဘနဲ့ ဆက်သွယ်မှု၊ ငွေလွှဲငွေပြောင်း လုပ်ဆောင်မှုတွေပါဝင်ပါတယ်။ မြောက်ကိုရီးယားမှာ အများပြည်သူသုံး တယ်လီဖုန်းစနစ် ရှိပါတယ်။ ဒီလိုပဲ ငွေကြေးတက်နိုင်သူတွေအတွက် မြောက်ကိုရီးယားအော်ပရေတာတွေကနေ ရောင်းချတဲ့ ပြည်တွင်းသီးသန့်သုံး ဖုန်းတွေ ရှိပါတယ်။

Photo Credit

အခု အပြစ်သားဆယ်ဦးကတော့ ပြည်ပနိုင်ငံက လွှင့်တင်ထားတဲ့ မိုဘိုင်းကွန်ရက်ကို ခိုးယူသုံးစွဲခဲ့တာပါ။ အဆိုပါအပြစ်သားတွေထဲမှာ တရားမဝင်ကွန်ရက်ကို အသုံးပြုပြီး၊ တောင်ကိုရီးယားက အမျိုးတွေနဲ့ အဆက်အသွယ်တွေ ပြုလုပ်ခဲ့သူတွေပါဝင်သလို၊ အချို့ကတော့ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ခဲ့တာပါ။

Photo Credit

ဒါဟာ အာဏာပိုင်တွေအတွက် ဒေါသထွက်စရာ ဖြစ်စေခဲ့ပြီး၊ သူလျှိုဆိုတဲ့ အမြင်ကပ်ပုဒ်မတစ်ခုတည်းနဲ့တင် နယ်မြေခံအာဏာပိုင်တွေက စိတ်ကြိုက် စီရင်ခွင့် ရှိပါသတဲ့။ ပြင်ပကမာ္ဘနဲ့ဆက်သွယ်နေသူတွေဟာ တော်တော်များများ နိုင်ငံကနေ ထွက်ပြေးကြလေ့ရှိပြီး၊ ဒါဟာ ခေါင်းဆောင်ကင်အတွက်တော့ အလွန်ဒေါသထွက်စရာ ဖြစ်စေပါတယ်။

Photo Credit

ဒါကြောင့် နိုင်ငံတွင်းက ထွက်ပြေးသူတွေကို တားမြစ်ဖို့ရယ်၊ နိုင်ငံတွင်းက အဖြစ်အပျက်တွေ ပြင်ပကမာ္ဘက သိသွားမှာကို တားမြစ်ဖို့စတာတွေအတွက် ဖြစ်တန်သမျှ အဆက်သွယ်တွေကို ဖြတ်တောက်နေတာပါ။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း အသွင်ယူထားတဲ့ စစ်သားတွေ၊ နယ်မြေခံသတင်းပေးတွေရဲ့ ဖော်ကောင်လုပ်မှုကြောင့် လူပေါင်း(၁၅၀)ကျော်ကို ထွက်ပြေးမယ့်သူတွေလို့ သတ်မှတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

Photo Credit

သတင်းတွေအရ အချို့သော ဖမ်းဆီးခံရသူတွေကို ဖမ်းမိတဲ့နေရာမှာပင် ချက်ချင်းစီရင်တာမျိုးတွေတောင် ရှိခဲ့ပါသတဲ့။ အချို့ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ကျခံခဲ့ရပြီး၊ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ တပ်ထားတာမို့ ထောင်ထဲမှာသာ အရိုးထုတ်ရဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

Photo Credit

Credit လင်းသူရိန်

Ref ; Mirror

Zawgyi

ခြင့္ျပဳခ်က္မဲ့မုိဘုိင္းကြန္ရက္ကို ခုိးၿပီးအသုံးျပဳေနတဲ့ ႏုိင္ငံသား(၁၀)ေယာက္ကို လူျမင္ကြင္းမွာပင္ ပစ္ခတ္စီရင္ခဲ့ တဲ့ ေျမာက္ကုိရီးယား

ေျမာက္ကုိရီးယားအာဏာပိုင္ေတြဟာ ခြင့္ျပဳခ်က္မဲ့မုိဘုိင္းကြန္ရက္ကို ခုိးၿပီးအသုံးျပဳေနတဲ့ ႏုိင္ငံသား(၁၀)ေယာက္ကို လူျမင္ကြင္းမွာပင္ ပစ္ခတ္စီရင္ခဲ့တယ္လုိ႔ သိရပါတယ္။ အဆုိပါစီရင္ခံရသူေတြဟာ တ႐ုတ္ႏုိင္ငံက ထုတ္လႊင့္ထားတဲ့ မုိဘုိင္းကြန္ရက္ကို ခုိးယူအသုံးျပဳခဲ့တာျဖစ္ၿပီး၊

အျပစ္အေနနဲ႔ကေတာ့ ျပင္ပကမာၻနဲ႔ ဆက္သြယ္မႈ၊ ေငြလႊဲေငြေျပာင္း လုပ္ေဆာင္မႈေတြပါဝင္ပါတယ္။ ေျမာက္ကုိရီးယားမွာ အမ်ားျပည္သူသုံး တယ္လီဖုန္းစနစ္ ရွိပါတယ္။ ဒီလုိပဲ ေငြေၾကးတက္ႏုိင္သူေတြအတြက္ ေျမာက္ကုိရီးယားေအာ္ပေရတာေတြကေန ေရာင္းခ်တဲ့ ျပည္တြင္းသီးသန္႔သုံး ဖုန္းေတြ ရွိပါတယ္။

Photo Credit

အခု အျပစ္သားဆယ္ဦးကေတာ့ ျပည္ပႏုိင္ငံက လႊင့္တင္ထားတဲ့ မုိဘုိင္းကြန္ရက္ကို ခုိးယူသုံးစြဲခဲ့တာပါ။ အဆုိပါအျပစ္သားေတြထဲမွာ တရားမဝင္ကြန္ရက္ကို အသုံးျပဳၿပီး၊ ေတာင္ကုိရီးယားက အမ်ိဳးေတြနဲ႔ အဆက္အသြယ္ေတြ ျပဳလုပ္ခဲ့သူေတြပါဝင္သလုိ၊ အခ်ိဳ႕ကေတာ့ ျပည္ပႏုိင္ငံေတြနဲ႔ ဆက္သြယ္ခဲ့တာပါ။

Photo Credit

ဒါဟာ အာဏာပိုင္ေတြအတြက္ ေဒါသထြက္စရာ ျဖစ္ေစခဲ့ၿပီး၊ သူလွ်ိဳဆုိတဲ့ အျမင္ကပ္ပုဒ္မတစ္ခုတည္းနဲ႔တင္ နယ္ေျမခံအာဏာပိုင္ေတြက စိတ္ႀကိဳက္ စီရင္ခြင့္ ရွိပါသတဲ့။ ျျပင္ပကမာၻနဲ႔ဆက္သြယ္ေနသူေတြဟာ ေတာ္ေတာ္မ်ားမ်ား ႏုိင္ငံကေန ထြက္ေျပးၾကေလ့ရွိၿပီး၊ ဒါဟာ ေခါင္းေဆာင္ကင္အတြက္ေတာ့ အလြန္ေဒါသထြက္စရာ ျဖစ္ေစပါတယ္။

Photo Credit

ဒါေၾကာင့္ ႏုိင္ငံတြင္းက ထြက္ေျပးသူေတြကို တားျမစ္ဖုိ႔ရယ္၊ ႏုိင္ငံတြင္းက အျဖစ္အပ်က္ေတြ ျပင္ပကမာၻက သိသြားမွာကို တားျမစ္ဖုိ႔စတာေတြအတြက္ ျဖစ္တန္သမွ် အဆက္သြယ္ေတြကို ျဖတ္ေတာက္ေနတာပါ။ ၿပီးခဲ့တဲ့မတ္လတုန္းကလည္း အသြင္ယူထားတဲ့ စစ္သားေတြ၊ နယ္ေျမခံသတင္းေပးေတြရဲ႕ ေဖာ္ေကာင္လုပ္မႈေၾကာင့္ လူေပါင္း(၁၅၀)ေက်ာ္ကို ထြက္ေျပးမယ့္သူေတြလုိ႔ သတ္မွတ္ၿပီး ဖမ္းဆီးခဲ့ပါတယ္။

Photo Credit

သတင္းေတြအရ အခ်ိဳ႕ေသာ ဖမ္းဆီးခံရသူေတြကို ဖမ္းမိတဲ့ေနရာမွာပင္ ခ်က္ခ်င္းစီရင္တာမ်ိဳးေတြေတာင္ ရွိခဲ့ပါသတဲ့။ အခ်ိဳ႕ကေတာ့ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ေတြ က်ခံခဲ့ရၿပီး၊ ႀကီးေလးတဲ့ ရာဇဝတ္မႈေတြ တပ္ထားတာမုိ႔ ေထာင္ထဲမွာသာ အ႐ုိးထုတ္ရဖုိ႔ ရွိတယ္လုိ႔ သတင္းေတြက ဆုိပါတယ္။

Photo Credit

Credit လင္းသူရိန္

Ref ; Mirror