ရုရှားဘက်မှစတင်ပစ်‌ခတ်ရာမှ ဗြိတိန်နှင့် ရုရှားတို့စစ်ရေးတင်းမာမှုဖြစ်ပေါ်လာ

ရုရှားဘက်မှစတင်ပစ်‌ခတ်ရာမှ ဗြိတိန်နှင့် ရုရှားတို့စစ်ရေးတင်းမာမှုဖြစ်ပေါ်လာ

ပင်လယ်နက်အတွင်းမှာ ရုရှားရေတပ်ဘက်က ဗြိတိန်စစ်သင်္ဘောကို သတိပေးတဲ့သဘော ခြောက်လှန့်ပစ်ခတ်ရာကနေ အခုဆိုရင် နှစ်နိုင်ငံကြားမှာ စစ်ရေးတင်းမာမှု အရှိန်အမြင့်ဆုံးကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ သတင်းတွေမှာတော့ ရုရှားရေတပ်ဘက်က အကြိမ်ပေါင်းဒါဇင်နဲ့ချီ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သလို၊ ဗုံးတွေနဲ့လည်း ကျဲချခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီသတင်းကိုတော့ ယူကေဘက်က ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ တော်ဝင်ရေတပ်ပိုင် ဖျက်သင်္ဘော HMS Defender ဟာ ခရိုင်းမီးယားအနီး၊ ၎င်းနဲ့ဆိုင်တဲ့ ရေပိုင်နက်အတွင်း ဖြတ်ကျော်ခုတ်မောင်းနေစဉ်၊ ရုရှားဘက်က အကြောင်းမဲ့စတင် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုထားပါတယ်။

Photo Credit

HMS Defender ရေတပ်သင်္ဘောဟာ တန်ချိန်(၈၅၀၀)အလေးချိန်ရှိပြီး၊ ယူကရိန်းရေပိုင်နက်ကနေတစ်ဆင့် အခြားနယ်နိမိတ်တွေကို ထိခိုက်မှုမရှိဘဲ အပြစ်ကင်းစွာ ခုတ်မောင်းခဲ့တာဖြစ်ကြောင်း၊ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အထက်ပါသတင်းကိုတော့ သူတို့ဘက်က အတည်ပြုခဲ့ခြင်း မရှိပါဘူး။

Photo Credit

ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကတော့ HMS စစ်သင်္ဘောဟာ သူမရဲ့ပုံမှန်လမ်းကြောင်းအတိုင်း မောင်းနှင်ခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် ရုရှားဘက်ကတော့ စစ်ရေးလေ့ကျင့်တာမျိုးတွေကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပေ(၅၀၀)အရှည်ရှိ Type-45 (HMS) သင်္ဘောကြီးဟာ မွန်းလွဲပိုင်း (၁၁ း ၅၂)နာရီမှာ-

ရုရှားရေပိုင်နက်အတွက် ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဒါကြောင့် မိမိတို့ဘက်က (၁၂ း ၀၆)နာရီမှာ တစ်ကြိမ်၊ (၁၂ း ၀၈)နာရီမှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် သတိပေးပစ်ခတ်ခဲ့ကြောင်း၊ ဒါတင်မကသေးဘဲ SU-24 ကင်းလှည့်တိုက်လေယာဉ်ကနေ ဗုံး(၄)လုံး ပစ်ချသတိပေးခဲ့သေးကြောင်း ဆိုပါတယ်။

Photo Credit

မွန်းလွဲ (၁၂ း ၂၃)နာရီအချိန်မှာတော့ HMS သင်္ဘောကြီးဟာ ရုရှားရေပိိုင်နက်အတွင်းကနေ ထွက်ခွာသွားခဲ့ကြောင်း ဆိုပါတယ်။ ဒီဖြစ်စဉ်အတွက် မော်စကိုအာဏာပိုင်တွေက နိုင်ငံတွင်းရှိ ဗြိတိန်သံတမန်တွေကို ဆင့်ခေါ်ထားပြီး၊ အမြန်ဖြေရှင်းချက်ပေးရေး သတိပေးထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ရှုရားဗြိတိန် စစ်ရေးတင်းမာမှု အမြင့်ဆုံးကို ရောက်ရှိစေခဲ့ပြီလို့လည်း သုံးသပ်နေကြပါတယ်။

Credit လင်းသူရိန်

Ref ; The Sun

Zawgyi

႐ု႐ွားဘက္မွစတင္ပစ္‌ခတ္ရာမွ ၿဗိတိန္ႏွင့္ ႐ု႐ွားတိုစစ္ေရးတင္းမာမႈျဖစ္ေပၚလာ

ပင္လယ္နက္အတြင္းမွာ ႐ု႐ွားေရတပ္ဘက္က ၿဗိတိန္စစ္သေဘၤာကို သတိေပးတဲ့သေဘာ ေျခာက္လွန္႔ပစ္ခတ္ရာကေန အခုဆိုရင္ ႏွစ္ႏိုင္ငံၾကားမွာ စစ္ေရးတင္းမာမႈ အ႐ွိန္အျမင့္ဆုံးကို ေရာက္႐ွိသြားၿပီ ျဖစ္ပါတယ္။ သတင္းေတြမွာေတာ့ ႐ု႐ွားေရတပ္ဘက္က အႀကိမ္ေပါင္းဒါဇင္နဲ႔ခ်ီ သတိေပးပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့သလို၊ ဗုံးေတြနဲ႔လည္း က်ဲခ်ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဒီသတင္းကိုေတာ့ ယူေကဘက္က ျငင္းဆန္ထားတယ္လို႔ သိရပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ေတာ္ဝင္ေရတပ္ပိုင္ ဖ်က္သေဘၤာ HMS Defender ဟာ ခ႐ိုင္းမီးယားအနီး၊ ၎နဲ႔ဆိုင္တဲ့ ေရပိုင္နက္အတြင္း ျဖတ္ေက်ာ္ခုတ္ေမာင္းေနစဥ္၊ ႐ု႐ွားဘက္က အေၾကာင္းမဲ့စတင္ ပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့တာလို႔ ဆိုထားပါတယ္။

Photo Credit

HMS Defender ေရတပ္သေဘၤာဟာ တန္ခ်ိန္(၈၅၀၀)အေလးခ်ိန္႐ွိၿပီး၊ ယူကရိန္းေရပိုင္နက္ကေနတစ္ဆင့္ အျခားနယ္နိမိတ္ေတြကို ထိခိုက္မႈမ႐ွိဘဲ အျပစ္ကင္းစြာ ခုတ္ေမာင္းခဲ့တာျဖစ္ေၾကာင္း၊ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အထက္ပါသတင္းကိုေတာ့ သူတို႔ဘက္က အတည္ျပဳခဲ့ျခင္း မ႐ွိပါဘူး။

Photo Credit

ကာကြယ္ေရးဝန္ႀကီး ဘန္ေဝါေလ့စ္ကေတာ့ HMS စစ္သေဘၤာဟာ သူမရဲ႕ပုံမွန္လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္ခဲ့တာျဖစ္ေၾကာင္း၊ ဒါေပမယ့္ ႐ု႐ွားဘက္ကေတာ့ စစ္ေရးေလ့က်င့္တာမ်ိဳးေတြကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ႐ု႐ွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ေပ(၅၀၀)အ႐ွည္႐ွိ Type-45 (HMS) သေဘၤာႀကီးဟာ မြန္းလြဲပိုင္း (၁၁ း ၅၂)နာရီမွာ-

႐ု႐ွားေရပိုင္နက္အတြက္ ျဖတ္သန္းဝင္ေရာက္ခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။ ဒါေၾကာင့္ မိမိတို႔ဘက္က (၁၂ း ၀၆)နာရီမွာ တစ္ႀကိမ္၊ (၁၂ း ၀၈)နာရီမွာတစ္ႀကိမ္ စုစုေပါင္းႏွစ္ႀကိမ္ သတိေပးပစ္ခတ္ခဲ့ေၾကာင္း၊ ဒါတင္မကေသးဘဲ SU-24 ကင္းလွည့္တိုက္ေလယာဥ္ကေန ဗုံး(၄)လုံး ပစ္ခ်သတိေပးခဲ့ေသးေၾကာင္း ဆိုပါတယ္။

Photo Credit

မြန္းလြဲ (၁၂ း ၂၃)နာရီအခ်ိန္မွာေတာ့ HMS သေဘၤာႀကီးဟာ ႐ု႐ွားေရပိိဳင္နက္အတြင္းကေန ထြက္ခြာသြားခဲ့ေၾကာင္း ဆိုပါတယ္။ ဒီျဖစ္စဥ္အတြက္ ေမာ္စကိုအာဏာပိုင္ေတြက ႏိုင္ငံတြင္း႐ွိ ၿဗိတိန္သံတမန္ေတြကို ဆင့္ေခၚထားၿပီး၊ အျမန္ေျဖ႐ွင္းခ်က္ေပးေရး သတိေပးထားတယ္လို႔ သိရပါတယ္။ ဒီျဖစ္စဥ္ဟာ ႐ႈရားၿဗိတိန္ စစ္ေရးတင္းမာမႈ အျမင့္ဆုံးကို ေရာက္႐ွိေစခဲ့ၿပီလို႔လည္း သုံးသပ္ေနၾကပါတယ္။

Credit လင္းသူရိန္

Ref ; The Sun