ဝိတ်တက်လာလို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် ဝိတ်အမြန်ကျစေမယ့် နည်းလမ်းကောင်းများ

ဝိတ်ချချင်နေတဲ့ အမျိုးသားများအတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းများ

မိမိခန္ဓာကိုယ်က တဖြည်းဖြည်း ဝိတ်တက်လာလို့ စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် ဝိတ်အမြန်ကျစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများသည် တကူးတက လုပ်စရာမလိုဘဲ နေ့စဉ်မှန်မှန်ပြုလုပ်ပေးသွားရုံနဲ့တင် ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

စောစောအိပ်ရာဝင်ပြီး အိပ်ရေးဝဝအိပ်ပါ

အိပ်ရာဝင်နောက်ကျခြင်းသည်လည်း သင့်ကို ဝိတ်တက်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါ့ကြောင့် ညဘက်မှာ အလွန်အမင်းအိပ်ရေးပျက်မခံဘဲ စောစောအိပ်ရာဝင်ပါ။ တစ်နေ့လျှင် ၇ နာရီ၊ ၈ နာရီခန့် အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်ပါ။

အာဟာရဓာတ် ပေါကြွယ်ဝတဲ့အစားအစာများ စားသုံးပါ

အာဟာရဓာတ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုးနှင့် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ များများစားသုံးပေးပါ။ ထိုအစားအစာများသည် သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်အောင် ကူညီပေးပါလိမ့်မယ်။

တရားထိုင်ပါ

တရားထိုင်ခြင်းသည် စိတ်ဖိစီးမှုကို ဖယ်ရှားပေးနိုင်တဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်တဲ့အခါ သင့်ရဲ့အတွေးများ၊ အစားအလွန်အကျွံ စားချင်စိတ်များကို ထိန်းချုပ်ပါ။ ဒီနည်းဖြင့် သင့်ရဲ့အစာ စားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။

အစာ စားတိုင်း ပရိုတင်း မပါမဖြစ် ထည့်သွင်းစားသုံးပါ

ပရိုတင်း စားသုံးခြင်းသည် သင့်ရဲ့ခန္ဓာကိုယ်ကြွက်သားများကို ကြီးထွားစေပြီး ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်အောင် ကူညီပေးပါတယ်။ ကယ်လိုရီများ မြန်မြန်လောင်ကျွမ်းအောင် ကူညီပေးတဲ့အတွက်ကြောင့် သင့်ကို ဝိတ်အမြန်ကျစေမှာပါ။

အစား စားတဲ့အခါ ဖြည်းဖြည်းနှင့် အရသာခံကာ စားသုံးပါ

လမ်းလျှောက်နေရင်း အစား စားတာတို့ အလုပ်လုပ်နေရင်း ထမင်း စားတာတို့ကို မလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ အလုပ်များများ ထမင်းစားမယ့်အချိန်ကိုတော့ သပ်သပ်ဖယ်ထားရပါမယ်။ ထမင်းစားတဲ့အခါမှာလည်း မြန်မြန် မြန်မြန်စားတာမျိုးမဟုတ်ဘဲ တစ်လုပ်ချင်းစီကို သေချာဇိမ်ခံစားပေးဖို့လိုပါတယ်။ ထမင်းကို မြန်မြန်စားတဲ့အခါ ဗိုက်ထဲ ဘယ်လို ဝင်လို့ဝင်မှန်းမသိဘဲ ခဏခဏ ဗိုက်ဆာတတ်ပါတယ်။

မိမိခန္ဓာကိုယ်ကို အလွန်အကျွံ တွန်းအားမပေးပါနဲ့

တချို့တွေက ဝိတ်အမြန်ကျချင်ဇောနဲ့ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်တာမျိုး၊ အစား လုံးဝ မစားတော့ဘဲ အစားရှောင်လိုက်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ အမှန်တော့ ဒီလိုပြုလုပ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှင်းပန်းရာကျပြီး ဝိတ်ချမှုနည်းလမ်းအမှန်မဟုတ်ပါဘူး။

အစားရှောင်ချင်တယ်ဆိုရင် ည ရှစ်နာရီကနေ မနက် ရှစ်နာရီအတွင်း အစား လုံးဝ မစားတော့တာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် သင့်ရဲ့အိပ်ချိန်ထဲမှာလည်း အစားရှောင်တဲ့အချိန်က ပါသွားပြီဆိုတော့ တကူးတကကြီး အစားရှောင်စရာ မလိုတော့ဘူးပေါ့။

ရေများများ သောက်ပါ

သင့်ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းသည် ရေဖြင့် အဓိကဖွဲ့စည်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝနေမှသာ သင့်ရဲ့ဝမ်းဗိုက်က ဆာလောင်မှုကို မခံစားရမှာဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုသည် အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကယ်လိုရီဓာတ်များ စုပုံမနေအောင်လည်း ကူညီပေးပါတယ်။

Source: Nextluxury.com

Credit Kwee

Zawgyi

ဝိတ္ခ်ခ်င္ေနတဲ့ အမ်ိဳးသားမ်ားအတြက္ လုပ္ေဆာင္သင့္တဲ့ နည္းလမ္းမ်ား

မိမိခႏၶာကိုယ္က တျဖည္းျဖည္း ဝိတ္တက္လာလို႔ စိတ္ညစ္ေနတဲ့ ေယာက်ာ္းမ်ားအတြက္ ဝိတ္အျမန္က်ေစမယ့္ နည္းလမ္းေကာင္းအခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။ ဒီနည္းလမ္းေကာင္းမ်ားသည္ တကူးတက လုပ္စရာမလိုဘဲ ေန႔စဥ္မွန္မွန္ျပဳလုပ္ေပးသြား႐ုံနဲ႔တင္ ဝိတ္က်သြားမွာပဲျဖစ္ပါတယ္။

ေစာေစာအိပ္ရာဝင္ၿပီး အိပ္ေရးဝဝအိပ္ပါ

အိပ္ရာဝင္ေနာက္က်ျခင္းသည္လည္း သင့္ကို ဝိတ္တက္ေစတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ။ ဒါ့ေၾကာင့္ ညဘက္မွာ အလြန္အမင္းအိပ္ေရးပ်က္မခံဘဲ ေစာေစာအိပ္ရာဝင္ပါ။ တစ္ေန႔လွ်င္ ၇ နာရီ၊ ၈ နာရီခန္႔ အိပ္ေရးဝဝ အိပ္ေပ်ာ္ေအာင္ အိပ္ပါ။

အာဟာရဓာတ္ ေပါႂကြယ္ဝတဲ့အစားအစာမ်ား စားသုံးပါ

အာဟာရဓာတ္ ႂကြယ္ဝတဲ့အစားအစာေတြျဖစ္တဲ့ လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္မ်ား၊ သစ္သီးမ်ား၊ အေစ့အဆံမ်ား၊ ပဲအမ်ိဳးမ်ိဳးႏွင့္ ပ႐ိုတင္းဓာတ္ႂကြယ္ဝေသာ အစားအစာမ်ား မ်ားမ်ားစားသုံးေပးပါ။ ထိုအစားအစာမ်ားသည္ သင့္ကို အခ်ိန္အၾကာႀကီး ဗိုက္ျပည့္ေအာင္ ကူညီေပးပါလိမ့္မယ္။

တရားထိုင္ပါ

တရားထိုင္ျခင္းသည္ စိတ္ဖိစီးမႈကို ဖယ္႐ွားေပးႏိုင္တဲ့ ထိေရာက္မႈ႐ွိတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ တရားထိုင္တဲ့အခါ သင့္ရဲ႕အေတြးမ်ား၊ အစားအလြန္အကြၽံ စားခ်င္စိတ္မ်ားကို ထိန္းခ်ဳပ္ပါ။ ဒီနည္းျဖင့္ သင့္ရဲ႕အစာ စားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

အစာ စားတိုင္း ပ႐ိုတင္း မပါမျဖစ္ ထည့္သြင္းစားသုံးပါ

ပ႐ိုတင္း စားသုံးျခင္းသည္ သင့္ရဲ႕ခႏၶာကိုယ္ႂကြက္သားမ်ားကို ႀကီးထြားေစၿပီး ခႏၶာကိုယ္ ဇီဝကမၼျဖစ္စဥ္ကို ျမန္ဆန္ေအာင္ ကူညီေပးပါတယ္။ ကယ္လိုရီမ်ား ျမန္ျမန္ေလာင္ကြၽမ္းေအာင္ ကူညီေပးတဲ့အတြက္ေၾကာင့္ သင့္ကို ဝိတ္အျမန္က်ေစမွာပါ။

အစား စားတဲ့အခါ ျဖည္းျဖည္းႏွင့္ အရသာခံကာ စားသုံးပါ

လမ္းေလွ်ာက္ေနရင္း အစား စားတာတို႔ အလုပ္လုပ္ေနရင္း ထမင္း စားတာတို႔ကို မလုပ္သင့္ပါဘူး။ ဘယ္ေလာက္ပဲ အလုပ္မ်ားမ်ား ထမင္းစားမယ့္အခ်ိန္ကိုေတာ့ သပ္သပ္ဖယ္ထားရပါမယ္။ ထမင္းစားတဲ့အခါမွာလည္း ျမန္ျမန္ ျမန္ျမန္စားတာမ်ိဳးမဟုတ္ဘဲ တစ္လုပ္ခ်င္းစီကို ေသခ်ာဇိမ္ခံစားေပးဖို႔လိုပါတယ္။ ထမင္းကို ျမန္ျမန္စားတဲ့အခါ ဗိုက္ထဲ ဘယ္လို ဝင္လို႔ဝင္မွန္းမသိဘဲ ခဏခဏ ဗိုက္ဆာတတ္ပါတယ္။

မိမိခႏၶာကိုယ္ကို အလြန္အကြၽံ တြန္းအားမေပးပါနဲ႔

တခ်ိဳ႕ေတြက ဝိတ္အျမန္က်ခ်င္ေဇာနဲ႔ ေလ့က်င့္ခန္း အလြန္အကြၽံ ျပဳလုပ္တာမ်ိဳး၊ အစား လုံးဝ မစားေတာ့ဘဲ အစားေ႐ွာင္လိုက္တာမ်ိဳးေတြ ျပဳလုပ္တတ္ၾကပါတယ္။ အမွန္ေတာ့ ဒီလိုျပဳလုပ္ျခင္းသည္ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ညႇင္းပန္းရာက်ၿပီး ဝိတ္ခ်မႈနည္းလမ္းအမွန္မဟုတ္ပါဘူး။

အစားေ႐ွာင္ခ်င္တယ္ဆိုရင္ ည ႐ွစ္နာရီကေန မနက္ ႐ွစ္နာရီအတြင္း အစား လုံးဝ မစားေတာ့တာမ်ိဳး ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါဆိုရင္ သင့္ရဲ႕အိပ္ခ်ိန္ထဲမွာလည္း အစားေ႐ွာင္တဲ့အခ်ိန္က ပါသြားၿပီဆိုေတာ့ တကူးတကႀကီး အစားေ႐ွာင္စရာ မလိုေတာ့ဘူးေပါ့။

ေရမ်ားမ်ား ေသာက္ပါ

သင့္ခႏၶာကိုယ္ထဲ႐ွိ ဆဲလ္တိုင္းသည္ ေရျဖင့္ အဓိကဖြဲ႕စည္းထားတာျဖစ္ပါတယ္။ ခႏၶာကိုယ္က ေရဓာတ္ ျပည့္ဝေနမွသာ သင့္ရဲ႕ဝမ္းဗိုက္က ဆာေလာင္မႈကို မခံစားရမွာျဖစ္ပါတယ္။ ေရဓာတ္ျပည့္ဝမႈသည္ အစာအိမ္က်န္းမာေရးအတြက္ အထူးေကာင္းမြန္ၿပီး ကယ္လိုရီဓာတ္မ်ား စုပုံမေနေအာင္လည္း ကူညီေပးပါတယ္။

Source: Nextluxury.com

Credit Kwee