အရေးကြီးဆုံး ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဖိုးထားပါ

အရေးကြီးဆုံး ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဖိုးထားပါ

မြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်မှု ပမာဏက၂၀၂ဝခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာတဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ်ခင်ဗျာ။

လုပ်ငန်းလည်ပတ်ဖို့ငွေကိုအသဲအသန်လို လာကြပါလိမ့်မယ်။ဘဏ်ချေးငွေ မလွယ်ကူတဲ့ဒီနိုင်ငံအတွက်တော့ဒီပြသနာကို ‌‌ဖြေရှင်းဖို့လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်

လုပ်ငန်းတွေကိုပိတ်သိမ်းမလား၊ရှိတဲ့ ပစ္စည်းတွေထုခွဲရောင်းချပြီးလုပ်ငန်းကို ဆက်လက်လည်ပတ်မလားလုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ်စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်

ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ပိုင်ဆိုင်မှုပါ။သို့သော် သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြ ပါဘူး

ကား။ လုပ်ငန်းရှင်တိုင်းမှာရှိပါတယ်။ ဒုတိယအမြန်ဆုံးငွေဖော်လို့ရတဲ့ ပိုင်ဆိုင်မှုပါ။လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။

ဘာလို့လဲဆိုတော့အရင်တုန်းက ကျွန် တော်ပြောခဲ့ဖူးသလိုပါပဲမြန်မာပြည်ကလူတွေဟာ ငွေသားပိုင်ဆိုင်မှုပမာဏရဲ့ ၅၀% ကျော်ကိုကားဝယ်ဖို့လွဲမှားစွာ အ သုံးပြုထားကြတဲ့အတွက်ပါဥပမာ ငွေ သား သိန်း ၅၀၀ ချမ်းသာသူကသိန်း ၃၀၀ တန်ကားလောက်ဝယ်စီးထားကြပါတယ်

နောက် တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေလစဉ်ပုံမှန်ငွေဆက်သွင်းဖို့ခက်လာကြပါလိမ့်မယ်။တချို့ သိန်းထောင်ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင်တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။

ဒီကားတွေငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီးငွေဖော်ကြပါလိမ့်မယ်အိမ် ။ လက်ရှိအချိန်မှာငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။

နေရာကောင်းလေးတွေသာ ဗိုက်နာဈေး နဲ့ ငွေဖော်လို့ရမှာ ဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန် ဝယ်မည့်အစား ငှားနေတာ ပိုကိုက်ပါတယ်

အဲ့ဒီတော့ အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုး ပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့ အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်း ရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။

ရေဟာ လေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီးအဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကို ဥပမာပြတာပါ

ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့ မကြိုးစားပါနဲ့။မည်သူ့ကိုမှငွေမချေးပါနဲ့။ချေးမိရင် သေချာ ပေါက် ဆုံးမယ့် ကာလပါ။

အစားအစာမှလွဲပြီး ကျန်တဲ့ ပစ္စည်းတွေ ဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ

လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကို လျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။

အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကို ‌ရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရောအလုပ်ရှင်ပါပိတ်ရက်မရှိ အတူတကွ ရုန်းကန်ကြရပါမယ်စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။

ကျွန်တော်ဆိုဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲ နေရရင် လုံးဝ စိတ်မပျော်ပါဘူး။ တော်တော် အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေ