“Blue Mark ရထားတဲ့ပေ့ခ်ျသာဖျက်စီးလို့ရမယ် ရင်ထဲကဆန္ဒကိုတော့ဖျက်စီးလို့မရဘူး”လို့ဆိုလိုက်တဲ့ နေတိုး

“Blue Mark ရထားတဲ့ပေ့ခ်ျသာဖျက်စီးလို့ရမယ် ရင်ထဲကဆန္ဒကိုတော့ဖျက်စီးလို့မရဘူး”လို့ဆိုလိုက်တဲ့ နေတိုး

ရခိုင်တိုင်းရင်းသား မင်းသားချော တစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ လက်ရှိအချိန်မှာ မြန်မာလူမျိုးတစ်ယောက်ပီပီ နိုင်ငံတော် အေးချမ်းတည်ငြိမ်ဖို့နဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ နေတိုးက နိုင်ငံသားတစ်ယောက်ပီပီ ဒီမိုကရေစီလမ်းစဉ်အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် သူအနှစ်နှစ်အလလ အသုံးပြုလာတဲ့ Nay Toe ဖေ့စ်ဘုတ်ပေ့ချ်က ဖျက်စီးခြင်းခံလိုက်ရပြီလို့ အခုလိုပဲ ပြောလာ ပါတယ်။

“ကျွန်​တော့်ကိုစိတ်ပူ​ပေးကြတဲ့ပရိသတ်များအားလုံးကို​ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ လက်ရှိအချိန်မှာ blue mark ရထားတဲ့page ကိုပြန်ရဖို့ထက် february (၁)ရက်​နေ့က​နေ​ပျောက်ဆုံးသွားတဲ့ကျွန်​တော်တို့အားလုံးရဲ့အနာဂတ်ကိုပြန်ရဖို့သာအ​ရေးအကြီးဆုံးပါ ။ ကျွန်​တော့် page ကိုဖျက်ဆီးဖြစ်လိုက်ကြလို့ရ​ပေမယ့် ကျွန်​တော့်ရင်ထဲကဆန္ဒ​တွေကို​တော့ ဘယ်လိုနည်းပညာမျိုးနဲ့မှ ဖျက်ဆီးပြစ်လို့မရနိုင်ပါဘူး။ အ​ကြောင်းအမျိုးမျိုး​ကြောင့် လမ်းပေါ်မှ အချိန်တိုင်း​တွေ့မ​နေရဘူးဆိုရင်​တောင် ​ရောက်ရာအရပ်က​နေပြည်သူ​တွေနဲ့တူတူပြည်သူ​တွေရဲ့အနာဂတ်ကိုပြန်ရဖို့ကြိုးစား​နေဦးမှာပါ။ ပြည်သူများအားလုံးအန္တရာယ်ကင်းကြပါစေ💪🏼❤နေတိုး” ဆိုပြီး Naytoe 2021Officially ပေ့ချ်ကနေ ပြောလာ ပါတယ်။

နေတိုးကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ ထိတွေ့ခဲ့တဲ့ Blue Mark ရထားတဲ့ Page ကို ဖျက်ဆီးလိုက်လို့ရပေမယ့် ရင်ထဲက ဆန္ဒတွေကိုတော့ ဘယ်လိုမှ ဖျက်ဆီးပစ်လို့မရနိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Naytoe 2021Officially’s fb

Credit– Cele Connections

Zawgyi

“Blue Mark ရထားတဲ့ေပ့ခ်္သာဖ်က္စီးလို႔ရမယ္ ရင္ထဲကဆႏၵကိုေတာ့ဖ်က္စီးလို႔မရဘူး”လို႔ဆိုလိုက္တဲ့ ေနတိုး

ရခိုင္တိုင္းရင္းသား မင္းသားေခ်ာ တစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ လက္႐ွိအခ်ိန္မွာ ျမန္မာလူမ်ိဳးတစ္ေယာက္ပီပီ ႏိုင္ငံေတာ္ ေအးခ်မ္းတည္ၿငိမ္ဖို႔နဲ႔ ျပည္သူတင္ေျမႇာက္ထားတဲ့ အစိုးရအဖြဲ႕ကို အျမန္ဆုံး လႊတ္ေပးဖို႔ ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။ ေနတိုးက ႏိုင္ငံသားတစ္ေယာက္ပီပီ ဒီမိုကေရစီလမ္းစဥ္အတြက္ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနစဥ္ သူအႏွစ္ႏွစ္အလလ အသုံးျပဳလာတဲ့ Nay Toe ေဖ့စ္ဘုတ္ေပ့ခ်္က ဖ်က္စီးျခင္းခံလိုက္ရၿပီလို႔ အခုလိုပဲ ေျပာလာ ပါတယ္။

“ကြၽန္​ေတာ့္ကိုစိတ္ပူ​ေပးၾကတဲ့ပရိသတ္မ်ားအားလုံးကို​ေက်းဇူးအထူးတင္ပါတယ္ခင္ဗ်ာ။ လက္႐ွိအခ်ိန္မွာ blue mark ရထားတဲ့page ကိုျပန္ရဖို႔ထက္ february (၁)ရက္​ေန႔က​ေန​ေပ်ာက္ဆုံးသြားတဲ့ကြၽန္​ေတာ္တို႔အားလုံးရဲ႕အနာဂတ္ကိုျပန္ရဖို႔သာအ​ေရးအႀကီးဆုံးပါ ။ ကြၽန္​ေတာ့္ page ကိုဖ်က္ဆီးျဖစ္လိုက္ၾကလို႔ရ​ေပမယ့္ ကြၽန္​ေတာ့္ရင္ထဲကဆႏၵ​ေတြကို​ေတာ့ ဘယ္လိုနည္းပညာမ်ိဳးနဲ႔မွ ဖ်က္ဆီးျပစ္လို႔မရႏိုင္ပါဘူး။ အ​ေၾကာင္းအမ်ိဳးမ်ိဳး​ေၾကာင့္ လမ္းေပၚမွ အခ်ိန္တိုင္း​ေတြ႕မ​ေနရဘူးဆိုရင္​ေတာင္ ​ေရာက္ရာအရပ္က​ေနျပည္သူ​ေတြနဲ႔တူတူျပည္သူ​ေတြရဲ႕အနာဂတ္ကိုျပန္ရဖို႔ႀကိဳးစား​ေနဦးမွာပါ။ ျပည္သူမ်ားအားလုံးအႏၲရာယ္ကင္းၾကပါေစ💪🏼❤ေနတိုး” ဆိုၿပီး Naytoe 2021Officially ေပ့ခ်္ကေန ေျပာလာ ပါတယ္။

ေနတိုးကေတာ့ သူ႕ရဲ႕ ပရိသတ္ေတြနဲ႔ ထိေတြ႕ခဲ့တဲ့ Blue Mark ရထားတဲ့ Page ကို ဖ်က္ဆီးလိုက္လို႔ရေပမယ့္ ရင္ထဲက ဆႏၵေတြကိုေတာ့ ဘယ္လိုမွ ဖ်က္ဆီးပစ္လို႔မရႏိုင္ဘူးဆိုၿပီး ျပတ္ျပတ္သားသား ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Naytoe 2021Officially’s fb

Credit– Cele Connections