ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းများအတွက် ငွေကျပ် (၁၅) သိန်းလှူဒါန်းခဲ့တဲ့ ဖွေးဖွေး

ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းများအတွက် ငွေကျပ် (၁၅) သိန်းလှူဒါန်းခဲ့တဲ့ ဖွေးဖွေး

ပရိသတ်ကြီးချစ်ကြတဲ့ အကယ်ဒမီများရှင် ဖွေးဖွေးကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ကောင်းသတင်းတွေနဲ့သာ ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ မိဘပြည်သူ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်တဲ့နေရာတစ်နေရာမှာ ရပ်တည်နေတဲ့ ဖွေးဖွေးက အခုလို ပြည်တွင်းပဋိပက္ခတွေဖြစ်နေချိန်မှာလည်း ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အမှန်တရားတစ်ခုအတွက် တိုက်ပွဲဝင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာတော့ ဖွေးဖွေးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အမှတ်တရအဖြစ် CDM မှာ ပါဝင်ကြတဲ့ အစိုးရဝန်ထမ်းများအတွက် ငွေကျပ် (၁၅) သိန်းလှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ဖေဖော်ဝါရီ ၁၃ မှာ CDM မှာပါဝင်ပေးကြသော ဝန်ထမ်းများကို ပံ့ပိုးဖို့ “We Support Heroes” ကို လေးစားထိုက်ပါသော ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့အမှတ်တရ ၁၅သိန်း လှူဖြစ်ခဲ့ပါတယ်ဖွေး နောက်ထပ်လဲ လှူသွားပါဦးမယ်! 💪💪💪💪💪 CDM !အောင်ရမည်! I Believe !!! I Respect!!! 𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧🎉♥️ ဗိုလ်ချုပ်အတွက် မွေးနေ့လက်ဆောင်ကတော့ “ကြောက်ခေတ်ကိုပြန်မသွားကြေး” ပေါ့ရှင် 😎” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ Civil Disobedience Movement မှာ ပါဝင်ကြတဲ့ အစိုးရဝန်ထမ်းများအတွက် သူမရဲ့ ရိုးသားစွာ ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ လှူဒါန်းပေးခဲ့ပြီး နောက်ထပ်လည်း လှူဒါန်းသွားဦးမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phway Phway ‘s fb

Credit Bilie – Cele Connections

ZAWGYI





Source: Phway Phway ‘s fb
