တစ်နိုင်ငံလုံးအကြပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ပြည်သူတွေကို ကုသိုလ်ပြုပေးမည့် နီနီခင်ဇာ်

တစ်နိုင်ငံလုံးအကြပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ပြည်သူတွေကို ကုသိုလ်ပြုပေးမည့် နီနီခင်ဇာ်

Melody World သီချင်းဆိုပြိုင်ပွဲကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်အဖြစ် ပညာတွေစုံလင်ပြီး ဘွဲ့ပါရရှိထားပြီးဖြစ်တဲ့ နီနီခင်ဇော်က အနုပညာရှင်တစ်ယောက်ဖြစ်နေတာကြောင့် တရားဝင်ဆေးကုသခွင့်လိုင်စင်မရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တစ်နိုင်ငံလုံးအကြပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့ ပြည်သူတွေကို ကုသိုလ်ပြုမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“နီနီ Medical Practice မလုပ်တာ ၈နှစ်ရှိပါပြီ။ အစိုးရဝန်ထမ်းမဟုတ် CDM ကိုကိုယ်တိုင်ပါဝင်ခွင့်မရခဲ့လို့ တတ်သိထားတဲ့ပညာနဲ့ CDM ကိုဦးဆုံးပါဝင်ခဲ့တဲ့ ကျွန်မသူငယ်ချင်း Dr.ထွန်းစ ရဲ့ CDMကြောင့်ဆေးရုံမသွားရတဲ့လူနာတွေ အခမဲ့ကုသကူညီပေးနေတဲ့ဆေးခန်းမှာ ဒီနေ့ *ဆေးအကူ*အဖြစ်သာကူညီခွင့်ရခဲ့ပါတယ် **စကားကြုံတုန်းပြောချင်တာက အနုပညာအလုပ်လုပ်လို့တဲ့ မဆီမဆိုင် တနှစ်တတန်းအောင်ပြီးဘွဲ့ရပါလျှက် ဆေးကုသခွင့်လိုင်စင် ဆမ ထုတ်မပေးခဲ့တဲ့ ဆေးကောင်စီကိုလည်း တပါတည်းပြောချင်တာက မြန်မာပြည်တခုထဲမှာပဲရှိတဲ့ မမျှတတဲ့စည်းကမ်းတွေကိုလည်း ပြင်စေချင်ပါပီ ဘက်စုံထူးချွန်လာမယ့်နောက်မျိုးဆက်အတွက်ပါ( ဆရာဝန် ဖြစ်သော်ငြား အခြားအလုပ်လုပ်သူများ ဆမ ရကြပါတယ် အနုပညာအလုပ်တခုသာမပေးသော)”

“နောက်တခုပြောချင်တာက ထစ်ကနဲဆို ဆရာဝန် အနုပညာရှင်တွေဟာ ကျန်းမာရေးအသိပေးအနေနဲ့ ပြည်သူ့ထံရှေ့ဆုံးကထွက်ရတာပါ။ အရေးကြီးတာကတော့ CDM တွေ တနိုင်ငံလုံးအမြန်ဆုံးအောင်မြင်ရပါမယ်။ မဟုတ်ရင် နစ်နာရတဲ့သူတွေဟာ ပြည်သူတွေသာဖြစ်ပါလိမ့်မယ်။ CDM လုပ်ပေးကြတဲ့ ကိုထွန်းစအပါအဝင် ကျမ သူငယ်ချင်း ဆရာဝန်များ CDM ကို Support ပေးသော အခမဲ့ ဆေးရုံဆေးခန်းများ ဝန်ထမ်းများအားလုံးကိုလေးစားဦးညွှတ်လျှက် CDMကာလအတွင်းဆေးခန်းတပတ် ၂ ရက်ထိုင်ကူပေးပါမယ်။ နီနီ ထိုင်တဲ့ ရက်တွေ လာပြသမျှဆေးဖိုးဝါးခတွေ ဒါနပြုပေးပါမယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

နီနီခင်ဇော်ကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် တရားဝင်ဆေးကုသခွင့်လိုင်စင်မရှိတာကြောင့် သူမကိုက်သူမ ဆေးအကူအဖြစ်သာ သက်မှတ်ပြီး သူငယ်ချင်းရဲ့ ဆေးခန်းမှာ လုပ်အားဒါနပြုနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ni Ni Khin Zaw’s fb

Credit Bilie – Cele Connections

Zawgyi

တစ္ႏိုင္ငံလုံးအၾကပ္အတည္းနဲ႔ ၾကဳံေတြ႕ေနရခ်ိန္မွာ တတ္ကြၽမ္းထားတဲ့ ေဆးပညာနဲ႔ ျပည္သူေတြကို ကုသိုလ္ျပဳေပးမည့္ နီနီခင္ဇာ္

Melody World သီခ်င္းဆိုၿပိဳင္ပြဲကေန တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ အဆိုေတာ္ နီနီခင္ေဇာ္ကေတာ့ ပရိသတ္ႀကီးသိၿပီးသားအတိုင္း ဆရာဝန္တစ္ေယာက္လည္းျဖစ္ပါတယ္။ ဆရာဝန္တစ္ေယာက္အျဖစ္ ပညာေတြစုံလင္ၿပီး ဘြဲ႕ပါရ႐ွိထားၿပီးျဖစ္တဲ့ နီနီခင္ေဇာ္က အႏုပညာ႐ွင္တစ္ေယာက္ျဖစ္ေနတာေၾကာင့္ တရားဝင္ေဆးကုသခြင့္လိုင္စင္မရ႐ွိထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို တစ္ႏိုင္ငံလုံးအၾကပ္အတည္းနဲ႔ ၾကဳံေတြ႕ေနရခ်ိန္မွာ တတ္ကြၽမ္းထားတဲ့ ေဆးပညာနဲ႔ ျပည္သူေတြကို ကုသိုလ္ျပဳမယ့္အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“နီနီ Medical Practice မလုပ္တာ ၈ႏွစ္႐ွိပါၿပီ။ အစိုးရဝန္ထမ္းမဟုတ္ CDM ကိုကိုယ္တိုင္ပါဝင္ခြင့္မရခဲ့လို႔ တတ္သိထားတဲ့ပညာနဲ႔ CDM ကိုဦးဆုံးပါဝင္ခဲ့တဲ့ ကြၽန္မသူငယ္ခ်င္း Dr.ထြန္းစ ရဲ႕ CDMေၾကာင့္ေဆး႐ုံမသြားရတဲ့လူနာေတြ အခမဲ့ကုသကူညီေပးေနတဲ့ေဆးခန္းမွာ ဒီေန႔ *ေဆးအကူ*အျဖစ္သာကူညီခြင့္ရခဲ့ပါတယ္ **စကားၾကဳံတုန္းေျပာခ်င္တာက အႏုပညာအလုပ္လုပ္လို႔တဲ့ မဆီမဆိုင္ တႏွစ္တတန္းေအာင္ၿပီးဘြဲ႕ရပါလွ်က္ ေဆးကုသခြင့္လိုင္စင္ ဆမ ထုတ္မေပးခဲ့တဲ့ ေဆးေကာင္စီကိုလည္း တပါတည္းေျပာခ်င္တာက ျမန္မာျပည္တခုထဲမွာပဲ႐ွိတဲ့ မမွ်တတဲ့စည္းကမ္းေတြကိုလည္း ျပင္ေစခ်င္ပါပီ ဘက္စုံထူးခြၽန္လာမယ့္ေနာက္မ်ိဳးဆက္အတြက္ပါ( ဆရာဝန္ ျဖစ္ေသာ္ျငား အျခားအလုပ္လုပ္သူမ်ား ဆမ ရၾကပါတယ္ အႏုပညာအလုပ္တခုသာမေပးေသာ)”

“ေနာက္တခုေျပာခ်င္တာက ထစ္ကနဲဆို ဆရာဝန္ အႏုပညာ႐ွင္ေတြဟာ က်န္းမာေရးအသိေပးအေနနဲ႔ ျပည္သူ႕ထံေ႐ွ႕ဆုံးကထြက္ရတာပါ။ အေရးႀကီးတာကေတာ့ CDM ေတြ တႏိုင္ငံလုံးအျမန္ဆုံးေအာင္ျမင္ရပါမယ္။ မဟုတ္ရင္ နစ္နာရတဲ့သူေတြဟာ ျပည္သူေတြသာျဖစ္ပါလိမ့္မယ္။ CDM လုပ္ေပးၾကတဲ့ ကိုထြန္းစအပါအဝင္ က်မ သူငယ္ခ်င္း ဆရာဝန္မ်ား CDM ကို Support ေပးေသာ အခမဲ့ ေဆး႐ုံေဆးခန္းမ်ား ဝန္ထမ္းမ်ားအားလုံးကိုေလးစားဦးၫႊတ္လွ်က္ CDMကာလအတြင္းေဆးခန္းတပတ္ ၂ ရက္ထိုင္ကူေပးပါမယ္။ နီနီ ထိုင္တဲ့ ရက္ေတြ လာျပသမွ်ေဆးဖိုးဝါးခေတြ ဒါနျပဳေပးပါမယ္႐ွင္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

နီနီခင္ေဇာ္ကေတာ့ ဆရာဝန္တစ္ေယာက္ျဖစ္ေပမယ့္ တရားဝင္ေဆးကုသခြင့္လိုင္စင္မ႐ွိတာေၾကာင့္ သူမကိုက္သူမ ေဆးအကူအျဖစ္သာ သက္မွတ္ၿပီး သူငယ္ခ်င္းရဲ႕ ေဆးခန္းမွာ လုပ္အားဒါနျပဳေနတာပဲ ျဖစ္ပါတယ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Ni Ni Khin Zaw’s fb

Credit Bilie – Cele Connections