ဘက်စုံထူးချွန်တဲ့သူဖြစ်တဲ့ အတိုင်း G fatt ရဲ့အသံနဲ့တစ်ထပ်တည်းတူအောင်အသံတုလုပ်ပြီး သီချင်းဆိုပြလိုက်တဲ့ နေတိုး

နိုင်ငံကျော်မင်းသားချောသရုပ်ဆောင်နေတိုးဟာ ယောကျ်ားပီသတဲ့ဘော်ဒီနဲ့တည်ကြည်ခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး ပရိသတ်အရွယ်သုံးပါးရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာသရုပ်ဆောင်ပိုင်းမှာသာမက ဂီတဘက်မှာလည်းထူးချွန်လှပြီး တေးသီချင်းများစွာကိုထွက်ရှိအောင်မြင်ထားခဲ့ပါတယ်။

ပန်းချီဆွဲတဲ့နေရာမှာလည်းကျွမ်းကျင်သလို အသံတုပြုလုပ်တဲ့နေရာမှာလည်း ထူးချွန်သူတစ်ယောက်ပါ။ ဒါ့ကြောင့်လည်းနေတိုးကို ပရိသတ်တော်တော်များများကဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် တင်စားထားကြတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်းနေတိုးကအစီအစဉ်တစ်ခုကို စိုင်းစိုင်းခမ်းလှိုင်၊G Fatt၊ပန်းရောင်ချယ်တို့နဲ့အတူ တက်ရောက်ခဲ့ပြီး G Fattရဲ့သီချင်းလေးကိုသူ့ရဲ့အသံအတိုင်းသီဆိုပြထားခဲ့တာပဲဖြစ်ပါတယ်။

အဲဒီဗီဒီယိုဖိုင်လေးကိုတော့နေတိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကြီးအတွက်ပြုံးပျော်စေဖို့ “ပရိသတ်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်အပြုံးပန်းလေးတွေဝေနိုင်ကြပါစေ”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့ပါတယ်။ G Fattရဲ့သီချင်းလေးကိုသူ့ရဲ့အသံအတိုင်းသီဆိုပြထားခဲ့တဲ့ နေတိုးရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

@estherdcsfan

စွယ်စုံရ ဘက်စုံတော်တဲ့ မင်းသားကြီး😍😍😍

♬ မူရင်းအသံ – Mãý❤Lãý

Source Nay Toe

Leave a Comment