ဘဝလက်တွဲဖော်ကို နှလုံးသားထက် ဦးနှောက်နဲ့ဦးစားပေးရွေးချယ်သွားမယ်ဆိုတဲ့ ဟန်တီ

ဘဝလက်တွဲဖော်ကို နှလုံးသားထက် ဦးနှောက်နဲ့ဦးစားပေးရွေးချယ်သွားမယ်ဆိုတဲ့ ဟန်တီ

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winnerဆုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကိုမြန်မာကိုယ်စားပြုအဖြစ်သွားရောက်ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။အဲဒီနောက်တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊အလှမယ်တစ်ဦးလည်းဖြစ်တဲ့ဟန်တီကအခုဆိုရင် အသက်(၂၃)နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။အသက်တစ်နှစ်ကြီးလာတိုင်းအချစ်ရေးနဲ့ပတ်သက်လာရင်ရင့်ကျက်တဲ့ အတွေးမျိုးတွေပိုဖြစ်လာတယ်လို့ သူကဆိုပါတယ်။ 

“ အချစ်ရေးမှာကိုကိုယ်ကဦးနှောက်နဲ့ ရွေးချယ်နေတာပေါ့နော်။ နှလုံးသားနဲ့ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပါမယ်။ အသက်ကြီးလာတာနဲ့အမျှဦးနှောက်နဲ့ပိုစဉ်းစားတာများလာတယ်။ကိုယ့်ကိုယ်ကိုယ်လည်းတားလို့မရဘူး။ဦးနှောက်နဲ့ ရွေးချယ်တာ မကောင်းပေမယ့်ဘဝကတိုတိုလေးလေနော်။ ပျော်ပျော်နေရမယ်၊ ကိုယ်မိသားစုကိုပျော်အောင်ထားရမယ်။အဲဒါပဲ ဟန်တီစဉ်းစားတယ်။ ပြီးတော့ကိုယ်လည်းပျော်ပျော်နေနိုင်တယ်၊ကိုယ့်မိသားစုကိုလည်းပျော်ပျော်ထားနိုင်တယ်ဆိုရင်ဟန်တီလက်ခံပါတယ်” လို့ ဆိုပါတယ်။သူမဟာနှလုံးသား နဲ့ ရွေးချယ်မယ့် အိမ်ထောင်ရေးထက် ဦးနှောက်နဲ့ရွေးချယ်မယ့်အိမ်ထောင်ရေးမျိုးကိုဦးစားပေး ရွေး ချယ်သွားမယ်လို့ဟန်တီက ပြောပါတယ်။ 

“ဦးနှောက်နဲ့ စဉ်းစားပေမယ့်လည်း မြင်မြင်ချင်း ချစ်မိတယ်ဆိုတာတော့ဘယ်ဖြစ်နိုင်မလဲ။မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ အချစ်ကတော့တစ်ခါမှမကြုံဖူးသေးပါဘူး။ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှသံယောဇဉ်ကတော့ရှိကောင်းရှိသွားနိုင်တာပဲလေ။ ဦးနှောက်နဲ့ရွေးချယ်တာကအနာဂတ်ကို ပုံဖော်တဲ့အချိန်မှာတော့ အရမ်းကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ အနာဂတ် ပိုပြီးတော့သေချာတယ်၊ကိုယ်ဘယ်လိုပုံစံသွားချင်တယ်ဆိုတာကိုမြင်လို့ရတယ်။နှလုံးသားနဲ့ ရွေးချယ်တဲ့လမ်းကရှေ့ဆက် ဘာမှန်းမသိဘူး။ချောက်လည်းဖြစ်ချင်ဖြစ်နိုင်တယ်၊တောင်လည်းဖြစ်ချင်ဖြစ်နိုင်တယ်။အဲဒါကိုအခက်အခဲတွေနဲ့ပိုပြီးတော့ကျော် လွှားရနိုင်တယ်။ဒါပေမယ့်ကံစပ်မစပ်ဆိုတာနဲ့လည်း ဆိုင်တော့ အချိန်တန်ရင် သူ့ဘာသာသူ ရောက်လာမှာပါ” လို့ ပြောပြခဲ့တာပါ။

ဟန်တီဟာ လတ်တလော အနုပညာလှုပ်ရှားမှုအဖြစ် ကြေကွဲမိုးတိမ် ဆိုတဲ့ဇာတ်လမ်းတွဲကို သရုပ်ဆောင် မင်းသွေးခန့်၊နန်းစုရတီစိုး ဝါရင့်သရုပ်ဆောင်ဝါဝါအောင်တို့နဲ့အတ ရိုက်ကူးလျက်ရှိပါတယ်။ပရိတ်သတ်ကြီးကလည်း လက်တွဲဖော်ကို နှလုံးသားထက် ဦးနှောက်နဲ့စဉ်းစားမည့် ဟန်တီရဲ့ အမြင်လေးကို မှတ်ချက်ပေးခဲ့ကြပါဦးနော်…

Source Han Thi