အိချောပိုနဲ့ စိတ်သဘောထားချင်းတူလို့ ရင်းရင်နှီးနှီး ပေါင်းသင်းဖြစ်နေတယ်လို့ဆိုတဲ့ မေမြင့်မိုရ်

အိချောပိုနဲ့ စိတ်သဘောထားချင်းတူလို့ ရင်းရင်နှီးနှီး ပေါင်းသင်းဖြစ်နေတယ်လို့ဆိုတဲ့ မေမြင့်မိုရ်

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိချောပိုကလည်းအနုပညာပန်းပျိုးခင်းမှတဆင့် အနုပညာလောကသို့စတင်ရောက်လာခဲ့တာဖြစ်ပြီး ယခုချိန်မှာဆိုရင်တော့ ဝါရင့်သရုပ်ဆောင် တစ်ယောက်အဖြစ် (၁၀) စုနှစ် တစ်ခုစာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ 

မေမြင့်မိုရ်နဲ့ အိချောပို တို့ သူငယ်ချင်း နှစ်ယောက်ကတော့ အနုပညာနဲ့ မသက်ဆိုင်တဲ့ အပြင်က ပုံရိပ်လေးတွေကို အမှတ်တရ ဓာတ်ပုံအနေနဲ့ မကြာခဏ ရိုက်ကူးလေ့ရှိတာ တွေ့ရပါတယ်။ နှစ်ယောက်သား ဆက်ဆံရေးကိုလည်း မေမြင့်မိုရ်က

“ မအိချောပိုက မေ နဲ့ စိတ်ချင်းတူတဲ့ သူလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူနဲ့ ရင်းရင်းနှီးနှီး ဖြစ်နေတာ များတယ်။ တစ်ခါ ကိုဖြိုးမြတ်အောင်နဲ့ မအိချော တို့ Music Video ရိုက်ကွင်းက ကိုယ့်ရဲ့ အိမ်ဘေးမှာ ရိုက်ကွင်းတည်ဖြစ်တော့ မအိချောရဲ့ ရှုတင်ကိုလည်း သွားလည်ဖြစ်ခဲ့သေးတယ်” လို့ ပြောပါတယ်။ 

အများအားဖြင့် မေမြင့်မိုရ်နဲ့ အိချောပိုတို့ကို ကြော်ငြာရိုက်ကူးရေးတွေမှာ အတူတွဲ မြင်တွေ့ရလေ့ရှိပါတယ်။ မေမြင့်မိုရ်ကိုယ်တိုင်ကလည်း အပေါင်းအသင်းနဲ့ ပတ်သက်လာ ရင် စိတ်ချင်းတူမှ ပေါင်းရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ 

“ ရိုက်ကွင်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ခင်တာကနေ တရင်းတနှီးပေါင်းဖြစ်သွားတာပေါ့နော်။ သူငယ်ချင်း မိတ်ဆွေဆိုတာက ကိုယ့်စိတ်ကို သိတဲ့ သူမှလည်း အပေါင်းအသင်းလုပ်လို့ရတာပေါ့။ နို့မို့ဆိုရင် အချင်းချင်း စိတ်ချင်း မတူပဲနဲ့လည်း ပေါင်းဖို့က အဆင်မပြေနိုင်ဘူးလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

မေ နဲ အိချောပိုကို အားပေးတဲ့ ပရိတ်သတ်ကြီးရဲ့ အမြင်လေးကိုလည်းမျှဝေပေးခဲ့ကြပါနော်…

Leave a Comment